Assistant with Bard ကနေ Gemini အဖြစ်ပြောင်းလဲလိုက်တဲ့ Google

“Assistant with Bard” ဆိုတဲ့ Google ရဲ့ Ai Assistant ကို “Bard” ဆိုတဲ့ နာမည်ပြောင်းလာနိုင်ချေများပါတယ်။ နောက်ဆုံးတစ်ခေါက်မိတ်ဆက်ခဲ့တဲ့ “Gemini” ဆိုတာကလည်း Google အနေနဲ့ နာမည်ပြောင်းဖို့ ယျာထားတဲ့ နာမည်တစ်ခုသက်သက်ဖြစ်သလို ဘယ်နာမည်ကိုထားမယ်ဆိုတာလည်း မဆုံးဖြတ်ရသေးဘူးလို့သိရပါတယ်။

Google App ရဲ့ Beta Version ထွက်ရှိလာတဲ့အချိန်မှာ အရင်က “Assistant with Bard” ဆိုတဲ့နေရာမှာ “Bard” လို့ပဲဖော်ပြသလို အခုအချိန်မှာတော့ “Gemini” ဆိုပြီး ဖော်ပြနေပါတယ်။ အောက်တိုဘာလဝန်းကျင်လောက်က မိတ်ဆက်ခဲ့တဲ့ AI ကိုတော့ Assistant with Bard လို့တွေ့နိုင်ပြီး Bard အနေနဲ့ rebrand ပြန်လုပ်လိုက်တာမျိုးကတော့ ဖြစ်နိုင်ချေများပါတယ်။ ဒါ့အပြင်လုပ်ဆောင်ချက်တွေလည်းတူညီတဲ့အတွက် အသုံးပြုသူတွေအနေနဲ့လည်း အသုံးပြုရတာအဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် model name ကို တိုက်ရိုက်နာမည်သတ်မှတ်ပြီး ဒီဇင်ဘာလက နာမည်ပေးခဲ့တဲ့ Bard Advanced ကိုလည်း အခုအချိန်မှာ Gemini Advanced ဆိုပြီး အမည်ပြောင်းလဲခဲ့ပါတယ်။ Google ရဲ့ Digital Assistant နေရာမှာ အရင် Google Assistant နဲ့ အသစ်မိတ်ဆက်လာတဲ့ Gemini ကိုဖော်ပြထားတဲ့အတွက် Bard ကို Gemini အနေနဲ့အမှန်တကယ်ပြောင်းလဲပြီး အသုံးပြုလိုက်တာတော့ အမှန်ပါပဲ။