အစားအသောက်ပို့ဆောင်သည့် GrabFood ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင်း ၉ မြို့နယ်အတွက် စတင်မိတ်ဆက်

Grab App ကိုအသုံးပြုကာ ထိပ်တန်းအစားသောက်ပို့ဆောင်နိုင်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည့် GrabFood အစီအ စဉ်သစ်တစ်ရပ်ကို ရန်ကုန်မြို့တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါမိတ်ဆက်ပွဲအခမ်းအနားကိုလည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရန်နေ့တွင် ရန်ကုန်ရွက်လှေအအသင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီးလည်းဖြစ်သည်။
အဆိုပါ Platform သည် ပူနွေးလတ်ဆတ်သည့် အစားအသာက်များစွာကို လုပ်ငန်းခွင်(သို့)မဟုတ် အိမ်သို့ပို့ဆောင်ပေး သည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး အစားသောက်မှာယူခြင်းနှင့် နောက်ထပ်ရောက်ရှိလာမည့် ဝန်ဆောင်မှုများစွာကိုတစ်စုတစ် စည်းတည်း ပါဝင်သည့် မြန်မာနိုင်ငံ၏ နေ့စဉ်သုံး Super App ဖြစ်လာရန်ရည်ရွယ်ထားကြောင်းလည်းသိရသည်။

Photo Source By Myanmar Tech Press

“မြန်မာပြည်မှာ GrabFood ကို စပြီးစမ်းသပ်လည်ပတ်နိုင်ခဲ့တာက ကျွန်မတို့ကြိုးစားနေတဲ့ နေ့စဉ်သုံး Super App ဖြစ်လာဖို့ ဆိုတဲ့ပန်းတိုင်အတွက် အဓိကမှတ်ကျောက်တစ်ခုပါပဲ။ အခုဆိုရင် သွားရေးလာရေးအတွက် Grab ကို အသုံးပြုနေကြတဲ့သူ တွေဆီကို အစားအသောက်အမယ်ပေါင်းများစွာကို သယ်ဆောင်ပေးနိုင်တော့မှာဖြစ်ပြီး ကိုယ်မှာတဲ့အစားအသောက်ကို မြန် မြန်ဆန်ဆန်နဲ့ ကိုယ့်အိမ်ရှေ့တံခါးဆီ ရိုးရှင်းတဲ့နည်းလမ်းနဲ့ ရောက်ရှိလာမယ်ဆိုရင်တော့ Grab ကိုအသုံးမပြုရသေးတဲ့သူ တွေအနေနဲ့လည်း စိတ်ဝင်စားလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ စားသောက်ဆိုင်တွေနဲ့ အစားအသောက်ရောင်းချသူတွေအ နေနဲ့လည်း သူတို့ဘာသာရရှိဖို့ကြိုးစားနိုင်တဲ့ စားသုံးသူပမာဏထက် ပိုပြီးများပြားတဲ့ သုံးစွဲသူကွန်ရက်ကို ရောက်ရှိနိုင်ဖို့ Grab Platform ကကူညီပေးမှာဖြစ်ပါတယ်။ GrabFood အနေနဲ့ အရောင်းမြှင့်တင်ရေးနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေကိုလည်း အလေးပေးလုပ်ဆောင်ပေးမယ့်အပြင် စားသောက်ဆိုင်လုပ်ငန်းရှင်အနေနဲ့ ဆိုင်ခွဲအသစ်တွေဖွင့်တဲ့စရိတ်၊ ကိုယ်ပိုင်ဖြန့်ချိရေး ငှားပြီးလုပ်ရတဲ့အလုပ်တွေကို ကာမိမှာဖြစ်တဲ့အတွက် ဝင်ငွေလည်းတိုးလာမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှအတွင်းက GrabFood ပလက်ဖောင်းပေါ်လုပ်ကိုင်နေတဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေ အကျိုးအမြတ်များစွာခံစားနေရသလို မြန်မာပြည်က လုပ်ငန်းရှင်တွေဟာလည်း အလားတူရလာဒ်တွေခံစားရရှိနိုင်မှာပါ” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh ကပြောကြားသည်။

Photo Source By GrabFood Myanmar

Grab App အတွင်းရှိ GrabFood ကို စမ်းသပ်သုံးစွဲရန် ပရိုမိုကုဒ် GrabFood ကိုအသုံးပြုပြီး ပထမဆုံးမှာယူမှုသုံးကြိမ်စာ အတွက် ပို့ဆောင်ခအခမဲ့(တစ်ကြိမ်လျှင် ကျပ် ၂၅၀၀ စာ) ရယူနိုင်သည့်အစီအစဉ်ကို ပြုလုပ်ထားပေးကြောင်းလည်း သိရ သည်။ ထို့အပြင် ဝယ်ယူမှုတိုင်းအတွက် GrabRewards ပွိုင့်များကိုလည်း ရရှိမည်ဖြစ်ပြီး ထိုပွိုင့်များဖြင့် ရုပ်ရှင်လက်မှတ်၊ ဖုန်းငွေဖြည့်ကတ်၊ သီးသန့်ပေးသော အပတ်စဉ်ဆုလက်ဆောင်များနှင့် အခြားအရာများစွာ ပြန်လည်လဲလှယ်ရယူနိုင်မည် ဖြစ်သည်။
“GrabFood မှာက ရွေးချယ်စရာအစားအသောက်အမယ်အစုံအလင်နဲ့အတူ သုံးစွဲသူတွေကို စိတ်ကျေနပ်စေဖို့ တကယ်ကို ကောင်းမွန်စုံလင်တဲ့ App အတွင်းလုပ်ဆောင်ချက်တွေ အများကြီးပါလာမှာပါ။ ရန်ကုန်မြို့အနှံ့နာမည်ကြီး စားသောက်ဆိုင် တွေရဲ့ အထူးအစီအစဉ်တွေ၊ အကောင်းဆုံးဟင်းလျာတွေနဲ့ အဲ့ဒီဟင်းလျာတွေကို အချိန်တိုတိုနဲ့အမြန်ဆုံး မှာယူစားသောက် နိုင်ဖို့ Grab အဖွဲ့တစ်ခုလုံးက အကောင်းဆုံးကြိုးစားပေးထားပါတယ်။ ဘာလို့လဲဆိုတော့ ဗိုက်တကယ်ဆာနေပြီဆိုရင် အချိန်က အရမ်းစကားပြောတယ်လေ”ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh ကပြောကြားသည်။

Photo Source By Myanmar Tech Press

Grab App မှတဆင့် GrabFood ဝန်ဆောင်မှုအသုံးပြုကာ တစ်ယောက်စာဖြစ်စေ မိသားစုအားလုံးစာအတွက်ဖြစ်စေ မှာယူမှု ကန့်သတ်ထားခြင်းမရှိဘဲမှာယူနိုင်မည်ဖြစ်ပြီး အစားအစာပို့ဆောင်ပေးနေစဉ် ရောက်ရှိရာလမ်းကြောင်းမြေပုံကိုလည်း မိုဘိုင်း ဖုန်းပေါ်မှ ခြေရာခံကြည့်ရှုနေနိုင်မည်လည်းဖြစ်သည်။ GrabFood ဝန်ဆောင်မှုကို နံနက် ၈ နာရီ နှင့် ည ၈ နာရီကြားအချိန် များတွင် ရန်ကုန်မြို့တွင်း ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား စသောမြို့နယ် ၉ ခုတွင် စတင်ဝန်ဆောင်မှုပေးသွားမည်လည်းဖြစ်သည်။ နောက်ပိုင်းတွင်လည်း ရန်ကုန်မြို့ရှိ စားသောက် ဆိုင်များနှင့်ချိတ်ဆက်ကာ ဝန်ဆောင်မှုထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
GrabTaxi ကြိုတင်ဘွတ်ကင်များကဲ့သို့ GrabReward ပွိုင့်များကို Grabfood အမှာစာတိုင်းအတွက် ရယူပိုင်ဆိုင်နိုင်မည် လည်းဖြစ်သည်။ ထိုပွိုင့်များဖြင့်လည်း အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော Loyalty Program ကတ်တလောက်မှ မိမိ ကြိုက်နှစ်သက်သည့် ဆုလက်ဆောင်များကို ရယူလဲလှယ်နိုင်မည်ဖြစ်သည်။
Grab App ကိုအောက်ပါ Link မှ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.grabtaxi.passenger