ကိုယ်တိုင်မောင်း ကားအငှား Platform တစ်ခုဖြစ်သော Yoma Car Share မှ Rental Hubs အသစ်များထပ်မံဖွင့်လှစ်

မြန်မာနိုင်ငံ၏ ကိုယ်တိုင်မောင်း ကားအငှားလုပ်ငန်းတစ်ခုဖြစ်သော Yoma Car Share မှ ရန်ကုန်မြို့တွင် လတ်တလော rental hubs အသစ်များဖွင့်လှစ်ခြင်းဖြင့် ကွန်ယက်တိုးချဲ့လျက်ရှိရာ မကြာသေးခင်က ဦးဝိစာရလမ်းပေါ်ရှိ People’s Park Rental Hub ကိုဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်း စုစုပေါင်း ၂၅ နေရာတွင် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Yoma Car Share တွင် ကားများအား လိုအပ်ချက်ပေါ်မူတည်၍ နာရီအလိုက်၊ နေ့အလိုက်၊ ရက်သတ္တပတ်အလိုက်၊ လအလိုက်ငှားရမ်းနိုင်သည်။ ထို့ပြင် ငှားရမ်းသူများသည် RFID နည်းပညာသုံး tap cards အသုံးပြုကာ ကားများကို နီးစပ်ရာ rental hubs တွင် လွယ်ကူအဆင်ပြေစွာ သွားရောက်ထုတ်ယူနိုင်မည်လည်းဖြစ်သည်။

Photo Source – https://yomacarshare.com

Yoma Car Share မှ ကားအငှားဝန်ဆောင်မှု အသုံးပြုသူလိုများအနေဖြင့်လည်း www.yomacarshare.com တွင် membership လျှောက်ထားခြင်း (သို့မဟုတ်) မိုဘိုင်းလ် applications (iOS and Android) မှတစ်ဆင့်လွယ်ကူစွာ register လုပ်နိုင်မည်လည်းဖြစ်သည်။ Registration approval ရသည်နှင့်တစ်ပြိုင်နက် သင်နှစ်သက်ရာကားကို လုပ်ဆောင်ရမည့် နည်းလမ်းအဆင့်ဆင့်အတိုင်းလုပ်ဆောင်ကာ လွယ်ကူစွာရွေးချယ်ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာ Rental Hubs အသစ်တွေဖွင့်လှစ်ပြီး ဈေးကွက်ချဲ့ထွင်နိုင်ခဲ့တာကို ဂုဏ်ယူမိပါတယ်။ လတ်တလောမှာတော့ ရန်ကုန် ဦးဝိစာရလမ်းပေါ် People’s Park မှာဖွင့်ခဲ့ပြီးပါပြီ။ သုံးစွဲသူတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ ကိုယ်ပိုင်ကား ရှိစရာမလိုဘဲ သူတို့လိုအပ်ချက်ပုံစံအလိုက် အမျိုးမျိုးသော မော်တော်ယာဉ်တွေ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်းသစ် တွေကို ကျွန်တော်တို့အားစိုက်ဖန်တီးနေပါတယ်။ ခေတ်သစ်အင်ဂျင်နည်းပညာအရ ကျွန်တော်တို့ဆီက ကားအသစ်တွေဟာ ရေရှည်တည်တံ့ခိုင်မြဲခြင်းနဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့အတွက်လည်း ထောက်ပံ့ပေးပါတယ်” ဟု Yoma Car Share ၏ National Sales Manager ဦးဆက်နောင်မှ ပြောကြားသည်။

Photo Source – https://yomacarshare.com

Yoma Car Share မှ ဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆက်လက်လုပ်ဆောင်နေပြီး ငွေပေးချေမှု နည်းလမ်းများကို ပိုမိုအဆင်ပြေကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံတဝှမ်း rental hubs များ တိုးချဲ့ဖွင့်လှစ်နိုင်ရန်လည်း ရည်ရွယ် ထားကြောင်းလည်းသိရသည်။
Yoma Car Share သည် မိုဘိုင်းလ် application ကိုအသုံးပြုပြီး ကားငှားနိုင်ခြင်း၊ နည်းပညာသုံး Tap Card ဖြင့် နှစ်သက်ရာ rental hub တွင် ကား သွားရောက်ထုတ်ယူနိုင်ခြင်း၊ ကျသင့်ငွေကို Debit (သို့) Credit Cards များဖြင့်ပေးချေနိုင်ခြင်း နိုင်မည် လည်းဖြစ်သည်။
အသုံးပြုသူများအနေဖြင့် Yoma Car Share ၏ Suzuki Swift, Suzuki Ertiga, Suzuki Ciaz, Hyundai H1, Ford Everest, Ford Ranger Double Cab အပါအဝင် နောက်ဆုံးပေါ်ကားများကို မိမိပုံစံလိုအပ်ချက်အလိုက် ရွေးချယ်ငှားရမ်းနိုင်မည်ဖြစ်ပြီး ကားများအားလုံးသည် ဘယ်မောင်းအမျိုးအစားများဖြစ်ကြသည်။ ထို့အပြင် မော်တော်ယာဉ်ဖြန့်ဖြူးရောင်းချသူများှ တရားဝင် အသိအမှတ်ပြု လက်မှတ်ရရှိထားသော စက်ပြင်ကျွမ်းကျင်သူများမှ စက်ပိုင်းဆိုင်ရာ ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း၊ ကောင်းမွန်သော တာယာများ တပ်ဆင်အသုံးပြုထားခြင်းကြောင့် စိတ်ချယုံကြည်စွာ ငှားရမ်းနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://yomacarshare.com

Yoma Car Share မှ ကားအငှားဝန်ဆောင်မှု အသုံးပြုသူလိုများတွင် www.yomacarshare.com တွင် membership လျှောက်ထားခြင်း (သို့မဟုတ်) မိုဘိုင်းလ် applications (iOS and Android) ကို Google Play Store မှတစ်ဆင့် downlad ရယူပြီး လွယ်ကူစွာ register လုပ်နိုင်ပါသည်။

အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://yomacarshare.com
https://play.google.com/store/apps/details?id=com.yomagroup.yomacarshare