မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှု Messenger Bot စတင်မိတ်ဆက်

မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု သင်ရိုးညွှန်းတမ်းနှင့် ဟုတ်တယ် Vs မဟုတ်ဘူး Messenger Bot မိတ် ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ Central Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (MIDO) မှ ပြုစုထားသည့် မီဒီယာနှင့်သတင်းအ ချက်အလက်သိနားလည်မှု သင်ရိုးညွှန်းတမ်းဝဘ်ဆိုက်ဒ်နှင့် သတင်းအချက်အလက်အမှားအမှန်စိစစ်ပေးသည့် မြန်မာနိုင်ငံ ၏ ပထမဆုံး Fact-checking Facebook Messenger Bot ဖြစ်သည့် ဟုတ်တယ် Vs မဟုတ်ဘူး အကြောင်းကို မီဒီယာများ အားစတင်မိတ်ဆက်ခဲ့ခြင်းလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

“သတင်းအချက်အလက် စီးဆင်းမှုလျင်မြန်လာတဲ့ ဒီဂျစ်တယ်ခေတ်ကြီးမှာ လူတိုင်းက သတင်းအချက်အလက်တွေကို ဖတ်ရှုဖို့က လွယ်ကူမြန်ဆန်လာပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ဆိုးကျိုးအနေနဲ့က သတင်းအမှန်အချက်အလက်အမှန်တွေကို လူတွေခွဲခြားသိမြင် ဖတ်ရှုနိုင်ဖို့အတွက် ခက်ခဲလာပါတယ်။ ဒါ့ကြောင့် မီဒီယာနဲ့သတင်းအချက်အလက် သိနားလည်မှုအညွှန်း ကိန်းက မြန်မာနိုင်ငံအနေနဲ့ နိမ့်နေသေးတဲ့အတွက် မီဒီယာနဲ့ သတင်းအချက်အလက်နားလည်မှုကို လူတိုင်းပိုပိုပြီး သိရှိနား လည်တတ်မြောက်ဖို့အတွက် ကိုရည်ရွယ်ပါတယ်”ဟု MIDO မှ အမှုဆောင်ဒါရိုက်တာနှင့်ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သူ မထိုက်ထိုက်အောင်က ပြောကြားသည်။
အွန်လိုင်းပေါ်တွင် Real or Not(ဟုတ်တယ် Vs မဟုတ်ဘူး) ဟုခေါ်ဆိုသော Facebook Page သည် သတင်းအချက်အ လက်များကိုစစ်ဆေးပေးခြင်းနှင့် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုနှင့်ပတ်သက်သော ပညာပေး Post များကို ရေးသားတင်ဆက်ပေးသည့်အပြင် လူထုမှတိုက်ရိုက်မေးမြန်းနိုင်သောအစီအစဉ်များပြုလုပ်ထားကြောင်းလည်းသိရသည်။ ထို့ Page သည် Like ပြုလုပ်ထားသူအရေအတွက် တစ်သိန်းကျော်ရှိနေပြီဖြစ်ပြီး နေ့စဉ်မေးမြန်းသူများလည်း ရှိနေပြီဖြစ် သည်။

Photo Source By Myanmar Tech Press

ဟုတ်တယ် Vs မဟုတ်ဘူး Page အနေဖြင့် MIDO ၏ Team တစ်ခုဖြစ်ပြီး Fact-checking Program များကိုလုပ်ဆောင် နေသည့် Team တစ်ခုဖြစ်ကာ မြန်မာနိုင်ငံ၏ ပထမဆုံးသောသတင်းအချက်အလက်စိစစ်ပေးသည့် chatbot တစ်ခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးတို့ကို ပျက်ပြားစေနိုင်သည့်သတင်းအမှားများ ကို နေ့စဉ်စိစစ်ပြီးဖော်ထုတ်ပေးနေသော chatbot တစ်ခုလည်းဖြစ်သည်။ ထို့အပြင် နှစ်စဉ် Media and Information Literacy ရက်သတ္တပတ်ပညာပေးလှုံ့ဆော်မှုအစီအစဉ်များကိုလည်း ပြုလုပ်လေ့ရှိသည့်အပြင် အပတ်စဉ် DVB Youth နှင့် တွဲဖက်ပြီး Midea and Information Literacy အသိပညာပေး TV Program တစ်ခုဖြစ်သော မေးကြည့် MIL Kyi TV Program ကိုလည်း အများပြညသူအတွက် အပတ်စဉ်အင်္ဂါနေ့တိုင်း တက်ဆက်ပေးလျက်ရှိကြောင်းသိရသည်။

Photo Source By Myanmar Tech Press

ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ MIDO မှ ပြုစုထားသည့် မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု သင်ရိုးညွှန်း တမ်းစာအုပ်မှာ (၁) မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု(သင်ရိုး)၊ (၂) မီဒီယာနှင့်သတင်းအချက်အလက်သိနား လည်မှု(သင်တန်းဆရာလက်စွဲ) (၃) လူထုအခြေပြုအိုင်စီတီနည်းပညာ (သင်ရိုးစာအုပ်နှင့်သင်တန်းဆရာလက်စွဲ) တို့ဖြစ်ကြ ပြီးအဆိုပါ စာအုပ်များကို လူထုကြားတွင် သင်ကြားမှုများ ပြုလုပ်နိုင်ရန် ပြုစုခဲ့ကြောင်းလည်းသိရသည်။
မြန်မာအိုင်စီတီအဖွဲ့(MIDO) သည် မြန်မာနိုင်ငံအတွင်း မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု (Media and information Literacy) သင်တန်းများ၊ အွန်လိုင်း အသိပညာပေးကမ်ပိန်းများ၊ သတင်းအချက်အလက်စိစစ်ခြင်း(Fact-Checking) Program များကို လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။
အောက်ပါ Link များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/realornot.mm
https://www.realornotmm.info/
https://www.facebook.com/MilkyiTV