အာရုံခံကင်မရာများပါရှိသော Huawei Mate 30 Pro စမတ်ဖုန်းအသစ်စတင်မိတ်ဆက်

Huawei မှ ထူးခြားဆန်းသစ်သော ဒီဇိုင်းပုံစံနှင့်အဆင့်မြင့် Hardware နည်းပညာ Software နည်းပညာများကိုအသုံးပြုကာ ထုတ်လုပ်ထားသော Huawei Mate 30 Pro စမတ်ဖုန်းအသစ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် နေ့တွင် ရန်ကုန်မြို့ Lotte Hotel တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Huawei Mate 30 Pro စမတ်ဖုန်းသည် ၃၂ နှစ်ကြာအတွေ့အကြုံမျာကို အခြေပြုပြီး ဒီဇိုင်းသစ်နှင့်စိတ်ကူးပုံဖော်ထားခြင်း ဖြစ်ပြီး Huawei Mobile Services(HMS) ကိုထည့်သွင်းထားသည့် ကမ္ဘာ့ပထမဦးဆုံးစမတ်ဖုန်းတစ်ခုဖြစ်ကြောင်းထုတ်ပြန် ထားသည်။ လုပ်ဆောင်ချက်ပိုမိုကောင်းမွန်သော Quad Camera ပါရှိပြီး SuperSensing Cine Camera System ထည့် သွင်းထားကြောင်းလည်းသိရသည်။

Photo Source – https://facebook.com/huaweimobile

“Huawei Mate 30 Pro ဟာအကောင်းဆုံး Hardware ပိုင်းနဲ့ပွဲထွက်လာခဲ့ပြီး Software ပိုင်းမှာလည်း HMS နဲ့လာတာဖြစ် တဲ့အတွက် သုံးစွဲသူတွေကို အရင်ကနဲ့မတူကွဲပြားတဲ့အတွေ့အကြုံသစ်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ကင်မရာစံနှုန်းစံ ထားပိုင်းမှာလည်း ထိပ်ဆုံးအဆင့်မှာရပ်တည်နေတဲ့ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း ဓာတ်ပုံရိုက်ကူးမှုသာမက ဗီဒီယိုရိုက်ကူးမှုကို ပါ ဘာနဲ့မှမတူတဲ့ အတွေ့အကြုံသစ်ကို ခံစားရရှိစေမှာပါ”ဟု Huawei Technologies(Device) ၏ Maketing Director ဖြစ်သူ မခင်ရတနာဝင်းက ပြောကြားသည်။
Huawei Mate 30 Pro ကို Huawei Mate 20 Series ၏ အားသာချက်များအပေါ်အမှီပြုပြီး ဒီဇိုင်းဆန်းဖြင့်ပြုလုပ်ထားပြီး အပါးလွှာဆုံးသော Bezels များနှင့် Ultra-narrow Notch Design ဖြင့် Huawei Horizon Display ကိုဖန်တီးထားခြင်းလည်း ဖြစ်သည်။ ဖုန်းဘေးတွင်ပါရှိသော အသံခလုတ်များကို မမြင်နိုင်သည့် Virtual Kyys များဖြင့်အစားထိုးဖန်တီပေးထားပြီး ဖုန်း၏ မည့်သည့်ဘက်တွင်မဆို Virtual Keys များကို လွယ်ကူစွာအသုံးပြုနိုင်မည်လည်းဖြစ်သည်။ Huawei 3D Face Unlock နှင့် In-Screen Fingerprint ပါဝင်ပြီး ရာနှုန်းပြည့်လုံခြုံစိတ်ချရစေမည်ဖြစ်ကြောင်းလည်း သိရသည်။

Photo Source – https://facebook.com/huaweimobile

ဖုန်းအနောက်ဘက်တွင်ပါရှိသည့် Quad Camera System သည်ထူးခြားဆန်းသစ်သောဒီဇိုင်းများဖြင့်ပြုလုပ်ထားကာ အဆင့်မြင့်အာရုံခံရှင်ရှင်ကင်မရာပါရှိသည်။ အဆင့်မြင့်အာရုံခံကင်မရာသုံးလုံးဖြစ်သည့် 40 MP Super Sensing Camera၊ 16 MP Ultra Wide-angle Camera(မြင်ကွင်းကျယ်ကင်မရာ)နှင့် 8MP Telephoto Camera တို့တပ်ဆင်ထားသည်။ ISP 5.0 Image Signal Processor ရှိသည့်အတွက် အရည်အသွေးမြင့် ဓာတ်ပုံဗွီဒီယိုများကို ရရှိနိုင်မည်လည်းဖြစ်သည်။
ထူးခြားဆန်းသစ်သော Quad ကင်မရာစနစ်ကို ၄၀ MP Cine Camera 40 MP SuperSensing Camera၊ 8MP Telephoto Camera(အဆင့်မြင့်အာရုံခံကင်မရာ) သည်မြင့်မားသောအစွမ်းရှိသည့် ကင်မရာတစ်ခုဖြစ်သည်။ Cine Camera သည် 1/1.54 ကလက်မထိကြီးမားသော Sensor Size ဖြင့် အမြင့်ဆုံးသော 51200 ISO ဗွီဒီယိုကို ဖမ်းယူနိုင်ရန်ဖြစ်သည်။ 4K/60 fps အပြင်အလွန်နှေးသော လှုပ်ရှားမှုကို အမြင့်ဆုံးသော 7680 fps တွင်ဖမ်းယူနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် Low-Light Ultra-wide time-lapse ဗီဒီယိုများကိုလည်း အထောက်အကူဖြစ်စေသည်။
8MP Huawei Telephoto Camera သည် 3× optical 200m, 5× Hybrid 200m နှင့် 30× Digital Zoom အထိ ရနိုင်မှု များကို ထူးခြားသာလွန်စွာ ဖန်တီးပေးထားသည်။ Optical Image Stabilization (OIS)+ AI Stabilization (OIS)+ AI Stabilization(AIS) နှင့် 3D Depth Sensing တို့၏ ပေါင်းစည်းမှုများကြောင့် စံချိန်တင်နိုင်ခဲ့သော စမတ်ဖုန်းတစ်လုံးလည်း ဖြစ်သည်။ ထို့အပြင် Front-Facing 3D Depth Sensing Camera သည် Pro-bokeh effects များဖြင့် အံသြဖွယ်လောက် အောင်လှပသည့် အသေးစိတ်သော Selifies နှင့် Portraits များကို ဖန်တီးပေးနိုင်မည်လည်းဖြစ်သည်။ Huawei Mate 30 Pro ကို RAM 8 GB/ROM 256 GB ဗားရှင်းကို Black နှင့် Space Silver အရောင်နှစ်မျိုးတင်သွင်းထားကြောင်းသိရသည်။

Photo Source – https://facebook.com/huaweimobile

Huawei Mate 30 Pro စမတ်ဖုန်းသည် ဈေးနှုန်းမြန်မာကျပ်ငွေ ၁၄ သိန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ အထိ Preorder မှာယူနိုင်ပြီး Preorder မှာယူသူများအတွက် Huawei ၏ နောက်ဆုံးထွက်ထားသော Huawei watch GT2 ကို အထူးလောက်ဆောင်အနေဖြင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဝယ်ယူသည့်သူများအတွက် ထပ်ဆောင်းရရှိစေမည့်ခံစားခွင့်အနေဖြင့် ဝယ်ယူပြီး ၆ လအတွင်း Screen & Back Cover အခမဲ့လှဲလှယ်ခွင့်(အရှေ့ Screen ကွဲခြင်းအတွက် တစ်ကြိမ်၊ အနာက် Cover အတွက် တစ်ကြိမ်) ရရှိမည်လည်းဖြစ်သည်။ ထို့အပြင် ကမ္ဘောဇဘဏ်နှင့်ချိတ်ဆက်ပြီး Shopper Installment Loan အစီအစဉ်ဖြင့် Online မှတစ်ဆင့် တစ်နှစ်အထိ အ တိုးနှုန်း လုံးဝမရှိဘဲ အရစ်ကျပေးသွင်းပြီး ဝယ်ယူနိုင်မည်လည်းဖြစ်သည်။
အသေးစိတ်အချက်အလက်များကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://facebook.com/huaweimobile