MPT Money မှတစ်ဆင့် MPT Postpaid နှင့် FTTH ဘေလ်ပေးချေမှုများအား ဆောင်ရွက်နိုင်

ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် လတ်တလော ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ပြန့်ပွားနေမှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် အထူးသဖြင့် လက်ရှိမိမိတို့နေအိမ်တွင် နေထိုင်ရစဉ် ကာလအတွင်း MPT Postpaid ဝန်ဆောင်မှုနှင့် ဖိုင်ဘာအင်တာနက် (FTTH) သုံးစွဲသူများအားလုံးအတွက် ဘေလ်ပေးချေမှုများအား အချိန်မီ ပေးသွင်းနိုင်ရန် ပိုမိုအဆင်ပြေလွယ်ကူစွာဖြင့် လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုအသစ်အား မိတ်ဆက်ခဲ့ကြောင်းသိရသည်။
ပိုမိုအဆင်ပြေ လွယ်ကူသော ဘေလ်ပေးချေမှုဝန်ဆောင်မှုအသစ်သည် လစဉ်ကျသင့်ငွေတောင်းခံလွှာနှင့် ကနဦး One-Time Invoice (OTI) ငွေတောင်းခံလွှာ များ ရရှိထားသော MPT ၏ Postpaid ဝန်ဆောင်မှုများ (PSTN, GSM, CDMA, ADSL, IP Star) နှင့် ဖိုင်ဘာအင်တာနက် (FTTH) သုံးစွဲသူများအတွက် ထပ်ဆောင်းအပိုကုန်ကျမှုမရှိဘဲ MPT Money မှတစ်ဆင့် ငွေတောင်းခံလွှာများကို အဆင်ပြေ ချောမွေ့စွာ ပေးဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ပါသည်။ ထို့အပြင် MPT သုံးစွဲသူများ သည် MPT Money မှတစ်ဆင့် ဘေလ်ပေးချေမှုအတွက် ၁,၀၀၀ ကျပ် အပိုဆုလက်ဆောင် ရရှိမည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

“ MPT Money အနေနဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရတဲ့ ဒီဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုနဲ့ သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်လူမှုဘဝ တိုးတက်စေဖို့သာမက အခုလို ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် အခက်အခဲစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ MPT Money သုံးစွဲသူတွေကို မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ အားသွန်ခွန်စိုက် အလေးအနက်ထား လုပ်ဆောင်နေပါတယ်။ ယခုကျွန်တော် တို့ရဲ့ ဝန်ဆောင်မှုအသစ်ကြောင့် MPT ရဲ့ Postpaid ဝန်ဆောင်မှု၊ ဖိုင်ဘာအင်တာနက် (FTTH) သုံးစွဲသူတွေ အနေနဲ့ MPT Money ကို အသုံးပြုပြီးတော့ နေအိမ်ကနေပဲ သက်သောင့်သက်သာ အဆင်ပြေလွယ်ကူစွာနဲ့ ဘေလ်ပေးချေနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေက မြန်မာပြည်သူ ပြည်သား တွေအားလုံး မိမိတို့အိမ်မှာပဲနေရမယ့် အခုလို အချိန်အတွင်းမှာ သုံးစွဲသူတွေရဲ့ ငွေကြေးကိစ္စရပ်တွေကို အဆင်ပြေပြေ ပိုမိုကောင်းမွန်စွာနဲ့ လုံခြုံစိတ်ချစွာ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်” ဟု MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က ပြောကြားသည်။
MPT သုံးစွဲသူများသည် ဒီဂျစ်တယ်ဘေလ်ပေးချေမှု ဝန်ဆောင်မှုအသစ်ကို အသုံးပြုနိုင်ရန်အတွက် MPT Money ဖြင့် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ သုံးစွဲသူများထံသို့ ငွေပေးချေမှုလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ် အတွင်း အသုံးပြုပုံများပြသပေးသွားမည်ဖြစ်ပြီး ငွေပေးချေမှုအား အောင်မြင်စွာ လုပ်ဆောင်ပြီးစီးပါက အကြောင်းကြားစာ ချက်ချင်း ပေးပို့ပေးခြင်းနှင့် SMS အတည်ပြုချက်များကို ရရှိနိုင်မည် ဖြစ်သည်။
MPT Money အက်ပလီကေးရှင်းကို မည်သည့်မိုဘိုင်းလ်ကွန်ရက်ဖြင့်မဆို အသုံးပြုနိုင်ပါသည်။ Android အသုံးပြုသူများအနေဖြင့် MPT Money အက်ပလီကေးရှင်းကို http://bit.ly/MPTMoneyAndroid နှင့် iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS မှ ဒေါင်းလုတ်ရယူ၍ “ဒီဂျစ်တယ်ငွေပေးချေမှု” ဝန်ဆောင်မှုမှ ပေးသော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလတွင် ဒီဂျစ်တယ်ငွေကြေးစီးဆင်းမှုများလုပ်ဆောင်နိုင်ရန်၊ ဒီဂျစ်တယ်စနစ်သည် မြန်မာပြည်သူလူထု၏ မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းဖြစ်လာပြီး MPT Money သည် လွယ်ကူ ရိုးရှင်း၊ စိတ်ချမှုရှိပြီး အဆင်ပြေသက်သာစေသည့် အချိန်နေရာမရွေးရရှိနိုင်သော ဒီဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုပေးအပ်ခြင်းဖြင့် သုံးစွဲသူ အတွေ့အကြုံကောင်းများတိုးတက်လာစေရန်ရည်ရွယ်ပါသည်။ လူအများစုသည် ကိုဗစ်-၁၉ အခြေအနေကြောင့် အိမ်တွင် နေရစဉ် MPT Money ၏ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများဖြစ်သော ငွေပေးချေမှုများ၊ လုပ်ခလစာနှင့် ပင်စင်ဝန် ဆောင်မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်းများ၊ ငွေလွှဲ ငွေထုတ် ဝန်ဆောင်မှုများ၊ ငွေပေးချေမှုများနှင့် အွန်လိုင်းမှဖုန်းဘေလ်ဖြည့်ခြင်း၊ အင်တာနက်ပက်ကေ့ချ်များ ဝယ်ယူခြင်း၊ ကုန်စုံဆိုင်များတွင် ငွေပေးချေမှုများ ဆောင်ရွက်ခြင်း၊ MPT Money ကိုယ်စားလှယ်များထံတွင် ငွေသွင်းငွေထုတ် ဆောင်ရွက်ခြင်းနှင့်CB ဘဏ် ATM တွင်ငွေထုတ်ခြင်း၊ အစရှိသည်တို့အတွက် သုံးစွဲသူများလိုအပ်သောငွေကြေးများကို ချက်ချင်းလက်ငင်းရယူ သုံးစွဲခွင့်ပြုထားပြီး သုံးစွဲသူတို့ကိုယ်တိုင် လုံခြုံစိတ်ချစွာနှင့် အဆင်ပြေလွယ်ကူစွာစီမံခွင့်ကိုပေးအပ်ထားသည်။

Photo Source https://www.facebook.com/mptofficialpage/

MPT သုံးစွဲသူများ MPT Money မှတစ်ဆင့် ပိုမိုအဆင်ပြေ လွယ်ကူစွာဖြင့် ဘေလ်ပေးချေမှုများ ပြုလုပ်နိုင်ရန်အတွက် MPT သုံးစွဲသူများမှာ မူလငွေတောင်းခံလွှာစာရွက်များအစား e-mail (သို့မဟုတ်) SMS မှတစ်ဆင့် သူတို့၏ လစဉ်ငွေတောင်းခံလွှာများကို ပေးဆောင်နိုင်သည့် ဆန်းသစ်တီထွင်ထားသော E-invoice စနစ်၏ အားသာချက်များကို ရယူအသုံးပြုနိုင်ပါသည်။ ဒီဂျစ်တယ်ငွေတောင်းခံလွှာများမှာ ပိုမိုအဆင်ပြေချောမွေ့ရုံသာမက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အထောက်အကူ ပြုစေနိုင်သည်။
MPT သုံးစွဲသူများအနေဖြင့် E-invoice ဝန်ဆောင်မှုကို နီးစပ်ရာ MPT ရုံးများသို့ သွားရောက်ပြီး လွယ်ကူစွာ လျှောက် ထားနိုင်သလို၊ Call Center နံပါတ် (၁၀၆) သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) အောက်ပါ အင်တာနက်စာမျက်နှာ https://www.mpt.com.mm/mm/e-invoice-registration-mm/ တွင် စာရင်းပေးသွင်းခြင်း တို့ဖြင့် လျှောက်ထား နိုင်ပါသည်။ စာရင်းပေးသွင်း လျှောက်ထားခြင်း အောင်မြင်ပါက သုံးစွဲသူများအနေဖြင့် SMS (သို့) အီးမေးလ်ကို လက်ခံရရှိမည်ဖြစ်ပြီး မိမိနှစ်သက်ရာ E-invoice ပေးပို့မှုစနစ်ကို ရွေးချယ်အသုံးပြု နိုင်မည်ဖြစ်သည်။ MPT Money ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက 990 သို့မဟုတ် 01 2323990 သို့ ဆက်သွယ်ခေါ်ဆိုခြင်း၊ MPT Money Official Facebook Page တို့တွင်လည်း ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။