Su See Yar Crowdfunding Platform တွင် MPU Payment System ကိုစတင်အသုံးပြုနိုင်

Su See Yar Crowdfunding platform ဆိုတာကတော့ မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အသေးစားလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရန်ပုံငွေကို မြှင့်တင်နိုင်ဖို့ ရင်းနှီးမြုပ်နှံသူတွေနဲ့ တစ်နေရာတည်း တွေ့ဆုံပေးနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ထားတဲ့ Online Platform တစ်ခု ဖြစ်ပါတယ်။ Crowdfunding က နိုင်ငံတကာမှာ တစ်ဟုန်ထိုးတိုးတက်နေတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာလည်း Su See Yar ကနေ စတင်အကောင် အထည်ဖော် အသက်ဝင်နေပြီ ဖြစ်ပါတယ်။ 

Photo source https://suseeyar.net/

Crowdfunding Website တွေက လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်ရုံသာမကပါဘူး မိမိနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေကိုပါ အထောက်အပံ့ ဖြစ်စေနိုင်တဲ့အတွက်  နိုင်ငံရဲ့ အကျိုးစီးပွားကိုလည်း တစ်ဖက်တစ်လမ်း အကျိုးပြုဖြစ် ထွန်းလာနိုင်ပါတယ်။ လူငယ်တွေအနေနဲ့လည်း သူတို့စိတ်ကူးပုံဖော်ထားတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော် တည်ဆောက်နိုင်ဖို့အတွက် ငွေကြေးအရင်းအနှီးကို Crowdfunding က Fund ငွေစုဆောင်းပေးနိုင်ပါတယ်။

Startup လုပ်ငန်းတွေကို ကူညီထောက်ပံ့ပေးချင်တဲ့ သူတွေအနေနဲ့လည်း Su See Yar Crowdfunding Platform မှာရှိတဲ့ ကယ်ဆယ်ရေး၊ ပညာရေး၊ နဲ့ သာရေးနာရေး အကြောင်းအရာအမျိုးမျိုးကို အလွယ်တကူ Online ကနေ ကူညီထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Su See Yar Crowdfunding Platform မှာ ရင်းနှီးမြုပ်နှံချင်တဲ့သူတွေနဲ့ Project တစ်ခုပြီးမြောက်ဖို့အတွက် ငွေကြေးအရင်းအနှီးလိုအပ်နေတဲ့ သူတွေကိုကူညီပြီး နှစ်ဦးနှစ်ဖက် ထိထိရောက်ရောက်နဲ့ ငွေကြေးအကုန်အကျ သက်သက်သာသာဖြစ်အောင် စုစည်းပေးနိုင်ပါတယ်။

Su See Yar ကိုစတင်အသုံးပြုသူအနေနဲ့ Email ဒါမှမဟုတ် Facebook Account နဲ့ လွယ်လွယ်ကူကူ အကောင့်ဖွင့်နိုင်ပြီးတော့ လှူဒါန်းလိုတဲ့ Project အမျိုးအစား၊ ရင်းနှီးမြုပ်နှံလိုတဲ့ Project အမျိုးအစားတွေကို ရွေးချယ်ဝင်ရောက်အားဖြည့်နိုင်ပါတယ်။ Project Fund Goal ပြည့်သွားတဲ့အခါမှာလည်း Project creator တွေ့ဘက်က ပြန်လည်ပေးအပ်တဲ့ အကျိုးအမြတ်များကိုလည်း ပြန်လည်ခံစားရရှိနိုင်မှာဖြစ်ပါတယ်။ 

Photo source https://suseeyar.net/

Online Platform တစ်ခုဖြစ်တဲ့အတွက် ငွေကြေးရင်းနှီးမြုပ်နှံမှုတွေနဲ့ အကူအညီများကို Online ကနေပဲ အစအဆုံးလုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ငွေပေးချေမှုတွေအတွက် Su See Yar Platform မှာ အရင်က Visa / Master card တွေနဲ့ပဲ အသုံးပြုလို့ရပေမယ့် အခုအချိန်မှာတော့ MPU Card တွေကိုပါ အသုံးပြုပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုအကူအညီတွေကို ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

MPU ဆိုတာကတော့ မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ငွေကြေးစနစ်ကို ကောင်းမွန်စေဖို့အတွက် ပြည်သူတွေ ငွေပေးချေမှု အဆင်ပြေလွယ်ကူစေဖို့နဲ့ ငွေစက္ကူအသုံးပြုမှု လျော့ချနိုင်ဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ MPU အဖွဲ့ဝင်ဘဏ် (၂၈) ဘဏ်ပူးပေါင်းပြီး ပြည်သူများကို ငွေပေးချေမှုဆိုင်ရာများ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ MPU Card တွေကို ATM စက်တွေမှာ အလွယ်တကူငွေထုတ်ယူနိုင်သလို၊ POS အသုံးပြုတဲ့ စားသောက်ဆိုင်၊ စူပါမားကတ်နဲ့ ဟိုတယ်တွေမှာ MPU Card နဲ့ အလွယ်တကူငွေပေးချေနိုင်ပါတယ်။ MPU Logo  ရှိတဲ့ MPU Merchant တွေရဲ့ Online Website တွေမှာလည်း MPU Card ကိုအသုံးပြုပြီး ယုံကြည်စိတ်ချစွာ ငွေပေးချေဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အခုဆိုရင် Su See Yar Platform မှာလည်း MPU Card ကို အလွယ်တကူအသုံးပြုနိုင်တော့ ပိုပြီးအဆင်ပြေ သွားစေပါတယ်။

Su See Yar Platform မှာငွေထည့်ဝင်ဖို့အတွက် အသုံးပြုမယ့် MPU Card က E-commerce လျှောက်ထားဖို့တော့ လိုအပ်ပါတယ်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD), မြဝတီဘဏ် (MWD), ဧရာဝတီဘဏ် (AYA), သမဝါယမဘဏ် (CB), ယူအေဘီဘဏ် (uab bank), ကမ္ဘောဇဘဏ် (KBZ), မြန်မာ့စီးပွားရေးဘဏ် (MEB), မြန်မာ့အရှေ့တိုင်းဘဏ် (MOB), အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SME-Development Bank), မြန်မာနိုင်ငံသားများဘဏ် (MCB), မြန်မာ့နိုင်ငံခြားသားများဘဏ် (MFTB) နဲ့ ရိုးမဘဏ် (YOMA) စတဲ့ ဘဏ် (၁၂) ဘဏ်မှာ E-commerce ကိုလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ 

Photo source https://suseeyar.net/

လျှောက်ထားလိုသူတွေအနေနဲ့ မိမိလျှောက်ထားလိုတဲ့ ဘဏ်ကို ကိုယ်တိုင်သွားရောက်နိုင်သလို MPU Official Website ကနေလည်း ကိုယ်ပိုင် Email အသုံးပြုပြီးတော့ MPU E-commerce ကိုအလွယ်တကူ လျှောက်ထား နိုင်ပါတယ်။ Ecommerce စတင်အသုံးပြုလို့ရတာနဲ့ Su See Yar Platform မှာ ငွေကြေးရင်းနီးမှုတွေ ကိုလွယ်ကူလျှင်မြန်စွာအကူအညီ ပေးနိုင်မယ့်အပြင် အွန်လိုင်းကနေ စရိတ်စကသက်သက်သာသာနဲ့ ပစ္စည်းတွေဝယ်ယူပြီး ငွေပေးချေမှုတွေကိုလည်း ပြုလုပ်နိုင်ဦးမှာဖြစ်ပါ တယ်။

Su See Yar Platform တွင်မိမိ MPU card ဖြင့်ပါဝင်အားဖြည့်ချင်သူများအတွက် ဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်း နားလည်အောင်ဖော်ပြပေးလိုက်ပါတယ်။

Photo source https://suseeyar.net/

၁. မိတ်ဆွေလှူဒါန်းကူညီလိုသော ကန်ပိန်းကိုရွေးချယ်ပါ

Photo source https://suseeyar.net/

၂. မိတ်ဆွေ လှူဒါန်းကူညီလိုသော ငွေပမာဏကို ရွေးချယ်ပါ။

Photo source https://suseeyar.net/

၃. MPU ဖြင့်ငွေပေးချေမှုကိုရွေးချယ်ပါ

Photo source https://suseeyar.net/

၄. မိတ်ဆွေရဲ့ MPU Card အ ရှေ့မှာပါတဲ့ ဂဏာန်း၁၆လုံးကို ရိုက်ထည့်ပါ။

၅. မိတ်ဆွေရဲ့ MPU Card အရှေ့မှာပါတဲ့ ကုန်ဆုံးရက်ကို ရိုက်ထည့်ပေးပါ။ ဥပမာ (05/23 month/year)

၆. မိတ်ဆွေရဲ့ OTP ဂဏန်း၆လုံးကိုရိုက်ထည့်ပေးပါ။

၇. မိတ်ဆွေ ကူညီလှူဒါန်းလိုသော ကန်ပိန်းကို CONFIRM PAYMENT  နှိပ်ပြီးလွယ်ကူစွာငွေပေးချေလို့ရပါပြီ။

ယခုလို Su See Yar Crowdfunding platform မှာ MPU Card ကို စတင်အသုံးပြုလို့ရနေပြီဆိုတော့ ရင်းနှီးမြုပ်နှံသူတွေ၊ Business တစ်ခုစလုပ်ဖို့အတွက် စိတ်ကူးအကြံကောင်းရှိတဲ့သူတွေအတွက် Su See Yar ကို အသုံးပြုတဲ့အခါမှာ လွယ်ကူလျင်မြန်တဲ့ နည်းလမ်းတစ်ခုကို ဖန်တီးပေးလိုက်ခြင်းပါပဲ။6

Su See Yar အကြောင်းကိုစုံစမ်းချင်သူများအတွက်

ဖုန်းနံပါတ် – 09251926616

Su See Yar အကြောင်းပိုမိုသိရှိလိုပါက အောက်ပါ Link များမှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

FACEBOOK PAGE :FACEBOOK|Su See Yar

WEBSITE LINK: Su See Yar