90Hz Display နှင့် နောက်ဘက်ကင်မရာလေးလုံးတွင် Quad Camera ပါဝင်သည့် realme C17

90Hz Display နှင့် နောက်ဘက်ကင်မရာလေးလုံးတွင် Quad Camera ပါဝင်သည့် realme C17 စမတ်ဖုန်းသစ်ကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၈ ရက်မှစတင်ကာ ဈေးနှုန်းဖြင့် ၂၇၉,၉ဝဝ ကျပ်ဖြင့် ဈေးကွက်ထဲတွင် ရောင်းချနေပြီဖြစ်သည်။
realme C17 အသေးစိတ်အချက်အလက်များနှင့် ဈေးနှုန်းပိုင်းကို အောက်တိုဘာလ ၆ရက်နေ့တွင် realme Myanmar (Facebook Page) မှ Live ထုတ်လွှင့်ပေးခဲ့ခြင်းလည်းဖြစ်သည်။
90Hz Display, ဘက်စုံအသုံးဝင်စမတ်ဖုန်းဘုရင် ဟုခေါ်တွင်ထားသည့် realme C17 စမတ်ဖုန်သစ်ကို 6GB RAM နှင့် 128GB ROM ပါရှိပြီး အရောင်ရွေးချယ်မှုအဖြစ် Navy Blue နှင့် Lake Green ၂မျိုးကိုရွေးချယ်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/realmeMyanmar

အသစ်မိတ်ဆက်ပေးလိုက်သည့် realme C17 စမတ်ဖုန်းမှာ ယခင်ထွက်ရှိခဲ့သမျှ C series ထုတ်ကုန်များထဲတွင် တစ်မူထူးခြားသည့် spec များဖြင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အဆင့်မြင့် Model များတွင်သာ အသုံးပြုလေ့ရှိသည့် 90Hz Screen Refresh Rate ကို ယခု ဖုန်းတွင်ထည့်သွင်းပေးထားခြင်းကြောင့် မျက်နှာပြင်တုံ့ပြန်မြန်ဆန်မှုအပိုင်းတွင် အခြား C series များထက်ပိုမိုကောင်းမွန်သည့်အတွေ့အကြုံကိုရရှိစေမည်ဖြစ်သည်။ 6.5-inch အရွယ်အစားရှိ IPS LCD panel (HD Display) ကိုအသုံးပြုပေးထားပြီး ကြီးမားသည့် 5000 mAh battery နှင့်တွက်ဖက်ပေးထားခြင်းကြောင့် social ပိုင်းအသုံးပြုမှုတွင် ပိုမိုကြာရှည်စွာအသုံးပြုနိုင်စေမည်ဖြစ်သည်။ အားသွင်းစနစ်အတွက် 18W Quick Charge စနစ်ကိုသုံးပေးထားပြီး ပုံမှန်ထက်ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်မည်ဖြစ်သည်။ ဖုန်း၏စွမ်းဆောင်မှုအပိုင်းအတွက် Qualcomm ၏ Snapdragon 460 Chipset ကိုအသုံးပြုပေးထားပြီး Octa-core 1.8GHz နှုန်းအထိ အလုပ်လုပ်ပေးနိုင်မည်ဖြစ်သည်။
ဓာတ်ပုံရိုက်ကူးမှုအပိုင်းတွင် နောက်ဘက် Quad Camera ၄ လုံးကိုထည့်သွင်းပေးထားပြီး ပင်မဓာတ်ပုံရိုက်ကူးခြင်းအတွက် 13MP Main Camera၊ ၁၁၉ ဒီဂရီမြင်ကွင်းကျယ်ပုံများရိုက်ကူးနိုင်စေမည့် 8MP Ultrawide Camera၊ Portait အလှပုံများအတွက် 2MP Depth Sensor နှင့် ၄စင်တီမီတာအကွာမှ အနုစိတ်ပုံများရိုက်ယူနိုင်စေမည့် 2MP Macro Lens တို့ကို တပ်ဆင်ပေးထားခြင်းဖြစ်သည်။ ရှေ့ဘက် Selfie Camera အတွက် Punch-hole ဒီဇိုင်းအဖြစ်ဖန်တီးထားသည့် 8MP Camera က ရုပ်ထွက်ပိုင်း ကြည်လင်စေသည့်အပြင် FullHD Video များကိုပါ 30fps နှုန်းဖြင့် ရိုက်ယူနိုင်စေဦးမည်ဖြစ်သည်။

Photo Source https://www.facebook.com/realmeMyanmar

Type-C အားသွင်းခေါင်းကို Standard အဖြစ်အသုံးပြုပေးထားပြီး FM Radio စနစ်တို့ကိုပါ နားထောင်နိုင်စေမည်ဖြစ်သည်။ realme C17 ၏ဒီဇိုင်းပိုင်းမှာ Build Quality ပိုမိုကောင်းမွန်သည့်အပြင် တစ်မူထူးခြားသည့် နောက်ပိုင်းဒီဇိုင်းနှင့် အရောင်အသွေးတို့ကြောင့် Premium Look အဖြစ် ထိတွေ့ခံစားနိုင်စေမည်ဖြစ်သည်။ ဖုန်း Unlocking စနစ်အတွက် ကျောဘက်တွင် Fingerprint ကိုထည့်သွင်းပေးထားသည်။ SIM ကဒ် ၂ကဒ်နှင့် SD card တို့ကိုပါ တစ်ပြိုင်တည်းထည့်သွင်းအသုံးပြုနိုင်ပြီး Android 10 ကိုအခြေခံထားသည့် realme UI ကိုပါထိတွေ့နိုင်စေမည်ဖြစ်သည်။ Overall အပိုင်းတွင် realme C17 မှာ အမျိုးမျိုးသော social app အသုံးပြုခြင်းနှင့် Multi Media ပိုင်းအတွက် အထူးကောင်းမွန်သည့် ထုတ်ကုန်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
realme အနေဖြင့် ယခု ၂ဝ၂ဝ ခုနှစ်အတွင်းမှာပင် ထူးခြားသည့် realme C series စမတ်ဖုန်းသစ်များကို မိတ်ဆက်ပေးလာခဲ့ခြင်းဖြစ်ပြီး အစောပိုင်းတွင် realme C11 နှင့် realme C12 စမတ်ဖုန်းများကိုပါ မိတ်ဆက်ပေး ထားခဲ့ပြီဖြစ်ကာ လူငယ်များပိုမိုသဘောကျဝယ်ယူလျက်ရှိသည့် C series များအဖြစ် ရေပန်းစားနေခြင်းလည်းဖြစ်သည်။
အသစ်မိတ်ဆက်ပေးမည့် realme C17 တွင် ယခင် C series များထက်ပိုမိုကောင်းမွန်သည့် အားသာချက်များစွာ ကိုထည့်သွင်း ပေးထားခဲ့ခြင်းဖြစ်ပြီး 90Hz Display မှာ အဆိုပါ အားသာချက်များထဲမှ တစ်ချက်လည်းဖြစ်သလို C series ထုတ်ကုန်များတွင် ပထမဆုံးထည့်သွင်းပေးလိုက်သည့် Hardware အားသာချက်တစ်ခုလည်း ဖြစ်လာခဲ့သည်။

Photo Source https://www.facebook.com/realmeMyanmar

Overall အသုံးပြုမှုအပိုင်းတွင် လူငယ်များအကြိုက် ဘက်စုံအသုံးဝင်စေမည့်စမတ်ဖုန်းတစ်လုံးအဖြစ်ထိတွေ့ရစေမည်ဖြစ်ပြီး ထူးခြားသည့် ဈေးနှုန်ဖြင့်လည်း မိတ်ဆက်ပေးလာမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် RAM+ROM set-up အပိုင်းတွင်လည်း မြန်မာပြည်မိုဘိုင်းဈေးကွက်ရှိလူငယ်သုံးစွဲသူများ ပိုမိုတောင်းဆိုလာသည့် 6GB RAM နှင့် 128GB ROM version ကိုတင်သွင်းရောင်းချပေးသွားရန်ရှိကြောင်းလည်း သိရှိရသည်။
app များအသုံးပြုရာတွင် RAM management အပိုင်းပိုမိုအားကောင်းလာစေမည်ဖြစ်သလို အချက်အလက်သိုလှောင်မှု အပိုင်း တွင်လည်း 128GB ROM ကြောင့် စိတ်တိုင်းကျသိမ်းဆည်းနိုင်စေမည်ဖြစ်သည်။