I2N Myanmar Challenge 2021 ၏တရားဝင် စတင်မိတ်ဆက်ပွဲကို အွန်လိုင်းမှ ကျင်းပမည်

I2N Myanmar Challenge 2021 ၏တရားဝင် စတင်မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ သောကြာနေ့တွင် အွန်လိုင်းမှ မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
I2N Myanmar Challenge 2021 သည် စိန်ခေါ်ခြင်းလှုပ်ရှားမှုတစ်ခုဖြစ်ပြီး စားသောက်ကုန်စနစ်များ၏ ဝယ်လိုအားတိုးတက်မှု၊ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော အစားအသောက်များ ရရှိခြင်းနှင့် လက်လှမ်းမှီနိုင်ခြင်းတို့ကို အထောက်အကူပြုနိုင်မည့် ဆန်းသစ်သောဖြေရှင်းချက်များကို ဖော်ထုတ်ပြီး ၎င်းတို့ကို တိုးတက်စေရန်ရည်ရွယ်ခြင်း ဖြစ်သည်။ ထို့အပြင် I2N Challenge Myanmar သည် ရင်းနှီးမြှုပ်နှံသူများ၊ ပညာရှင်များနှင့် အစားအသောက်နယ်ပယ်ကြီး တစ်ခုလုံးနှင့် ချိတ်ဆက်ပေးပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်စေရန် ရည်ရွယ်ထားသည်။
ထိုပွဲတွင် World Food Programme ၏ Head of Nutrition ဖြစ်သူ Mr. Lucas Alamprese မှ မြန်မာနိုင်ငံတွင်တွေ့ကြုံခံစားနေရသော အာဟာရချို့တဲ့ခြင်းပြဿနာများ၏ နောက်ခံရာဇဝင်အားရှင်းလင်းပြီး အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် Startup များသည် ၎င်းတို့၏ တီထွင်ဆန်းသစ်သောဖြေရှင်းချက်များဖြင့် ထိုပြဿနာများကို ဖြေရှင်းရာတွင် အရေးပါသည့်နေရာတွင် ရှိနေကြောင်းရှင်းလင်းပြောကြားသွား မည်ဖြစ်သည်။
UMFCCI ၏ ဒုဉက္ကဌဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်း၏ ဉက္ကဌဖြစ်သူ ဦးရဲမင်းအောင် မှလည်း Innovate to Nourish (I2N) Myanmar Challenge ၏အဖွင့်အမှာစကားပြောကြားသွားမည်ဖြစ်သည်။

Photo Source https://bit.ly/i2nmyanmarchallengelaunchevent

ထို့အပြင် SBN Myanmar နှင့် Impact Hub Yangon မှကိုယ်စားလှယ်များမှလည်း I2N Myanmar Challenge 2021 အားမိတ်ဆက်၍ မီဒီယာ မိတ်ဆွေတို့မှ မေးမြန်းလာသော မေးခွန်းများအားဖြေကြားသွားမည်ဖြစ်သည်။
သတင်းစာရှင်းလင်းပွဲအား အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားမည်ဖြစ်ပြီးပွဲ၏အသေးစိတ်အချက်အလက်များမှာ အောက်ပါအ တိုင်းဖြစ်သည်။
ကျင်းပမည့်ရက်စွဲ …ဩဂုတ်လ (၂၀) ရက်နေ့၊ ၂၀၂၁ (သောကြာနေ့)
အချိန် …မနက် (၁၀:၀၀) မှ (၁၁:၃၀) အထိ
ပွဲအားတက်ရောက်ရန် အောက်ပါ Link တွင် စာရင်ပေးသွင်းနိုင်ပါသည်။
https://bit.ly/i2nmyanmarchallengelaunchevent

တွေ့ဆုံမေးမြန်းခြင်းများကို အမေးအဖြေကဏ္ဌတွင်ပြုလုပ်နိုင်မည်ဖြစ်သည်။ အဆိုပါပွဲသို့ တက်ရောက်မည်ဆိုပါက အွန်လိုင်းမှတက်ရောက်မှုအတွက် အင်တာနက်‌ဒေတာ 5GB အားပေးသွား မည် လည်ဖြစ်သည်။
Scaling Up Nutrition (SUN) လှုပ်ရှားမှုသည် နိုင်ငံတစ်ဝှမ်းခေါင်းဆောင်နိုင်မှု စွမ်းရည်နှင့် အာဟာရပြည့်ဝမှုအတွက် စုပေါင်းကြိုးပမ်းဆောင်ရွက်ခြင်းကို အထောက်အပံ့ပေးရန် ၂၀၁၀ ခုနစ်တွင် စတင်မိတ်ဆက်ခဲ့ပါသည်။ Sun Business Network (SBN) သည် နိုင်ငံတကာ ကွန်ရက်ကြီးလေးခုထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ကုလသမဂ္ဂ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အထောက်အပံ့ပေးသောကွန်ရက်များနှင့်အတူတကွ SUN အခြေစိုက် နိုင်ငံများကို အကူအညီပေးနေခြင်းဖြစ်ပါသည်။ Global Alliance for Improved Nutrition (GAIN) နှင့် UN World Food Programme (WFP) စသော အဖွဲ့အစည်းကြီးတွေနှင့် အတူ စီးပွားရေးခေါင်းဆောင်ကြီးများပါဝင်သော အကြံပေးအဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ SBN သည် အာဟာရချို့တဲ့ခြင်းပြဿနာကို ပုံစံအမျိုးမျိုးဖြင့် ဖြေရှင်းရာတွင် စီးပွားရေးလုပ်ငန်းများအား ဝန်ယူမှုရှိ၍ ရေရှည်တည်တံ့သော လုပ်ဆောင်ချက်များ၊ လုပ်ငန်းလည်ပတ်မှုများတွင် ရင်နှီးမြှုပ်နှံရန်နှင့် ဆန်းသစ်တီထွင်ဖို့ စုစည်းရန် ရည်ရွယ်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် SBN သည် မိတ်ဖက်များချိတ်ဆက်နိုင်မည့် နေရာတစ်ခုကို ဆောင်ကြဉ်းပေးပြီး SUN ၏အစီအစဉ်များကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် စီးပွားရေးလုပ်ငန်းများနှင့် အခြားအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။