ဂျပန်ရောက် ITနှင့် Engineer များအတွက် အလုပ်အကိုင်ရှာဖွေရေး Online Event ကျင်းပမည်

ကျောင်းပြီးလို့အလုပ်ရှာနေသူများ၊ လက်ရှိအလုပ်ထက်ကို Career upဖြစ်ချင်လို့အလုပ်ပြောင်းချင်သူများ ၊ အလုပ်ဗီဇာများနှင့်ပတ်သက်၍တိုင်ပင်ချင်သူများအတွက် တစ်ဦးခြင်းအခမဲ့ ဆွေးနွေးပေးမည့် Online Event ကို ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဂျပန်မှာရှိနေကြတဲ့ မြန်မာလူမျိုးများအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ် ၁၁လပိုင်း ၂၅ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ Online Event ဆွေးနွေးလို့ရနိုင်မည့် အကြောင်းအရာများမှာ ဂျပန်နိုင်ငံတွင် အလုပ်ဘယ်လိုရှာဖွေရမလဲနည်းလမ်း များ၊ အလုပ်ပြောင်းချင်သော်လည်း ပိုမိုကောင်းမွန်မည့်အလုပ်ကို ရှာဖွေရမည့်နည်းလမ်းများ၊ IT နှင့် Engineerများအတွက် ယခုအလုပ်ထက်ပိုမိုကောင်းမွန်ပြီး career up ဖြစ်နိုင်သည့်အလုပ်များက မည်သို့သောအလုပ်များဖြစ်သည်ကို သိရှိလိုသူများ၊ ဂျပန်နိုင်ငံတွင် ကျောင်းပြီးသွားသော်လည်း အလုပ်မရသေးသူများအတွက် အလုပ်ရအောင်ဘယ်လိုကြိုးစား ရမည့်နည်းလမ်းများ၊ အလုပ်ရှာရခက်ခဲနေသူများအတွက် အခွင့်အလမ်းတခုဖြစ်သော ဘိုးဘွားစောင့်ရှောက်ရေးအလုပ်နှင့် ဗီဇာအားသာချက်များ စသဖြင့် ဂျပန်နိုင်ငံတွင်ဆက်လက်နေထိုင်ဖို့ အလုပ်နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို HR Media Company လုပ်သက် (၉)နှစ်ကျော်ရှိသော Khine Zin Kyaw (Career Counseling)မှ တစ်ဦးတစ်ယောက်ချင်းစီ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်လက်ခံစကားပြောသွားမည့်အစီအစဉ်ကို Onlineမှတဆင့် ပြုလုပ်ပေးသွားမှာဖြစ်သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် မနက် ၁၁ နာရီမှ ၁ နာရီအထိနှင့် ညနေပိုင်း ၂ နာရီမှ ၄ နာရီအထိ အိုင်တီနှင့်အင်ဂျင်နီယာများ အတွက်ရည်ရွယ်ဆွေးနွေးသွားမည်ဖြစ်သည်။
ယခုလက်ရှိကုမ္ပဏီတစ်ခုခုတွင် အလုပ်လုပ်ကိုင်နေလျှက်ရှိသော အိုင်တီနှင့်အင်ဂျင်နီယာများ၊ ပိုမိုကောင်းမွန်တဲ့အလုပ်ကို ပြောင်းလိုသောသူများအတွက် လုပ်ချင်သည့်သူများအတွက် ဆွေးနွေးနိုင်မည့်အချိန်နှင့်နေ့ရက်မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၁၁ နာရီမှ ၁ နာရီအထိဖြစ်သည်။

Photo Source https://web.facebook.com/permalink.php?story_fbid=4120101441428845&id=732800030159020

ဆွေးနွေးနိုင်မည့်သူများမှာ နိုင်ငံခြားသားများအတွက် အလုပ်ခေါ်စာများနှင့် ဂျပန်အလုပ်အကိုင်အခြေအနေကို သိလိုသူများ၊ IT နှင့် Engineerနှင့်ပက်သတ်ပြီး လစာကောင်းမွန်သောအလုပ်သို့ ပြောင်းလိုသူများ၊ IT နှင့် Engineer နှင့်ပက်သတ်ပြီး Career Up အတွက်တိုင်ပင်လိုသူများ ပါဝင်ဆွေးနွေးနိုင်မည်ဖြစ်သည်။ ဆွေးနွေးမည့်သူများအားလုံးအနေဖြင့် လက်ရှိဂျပန်တွင်နေထိုင်သောသူဖြစ်ရမည်ဖြစ်သည်။
ဂျပန်နိုင်ငံတွင် ကျောင်းပြီးဘွဲ့ရရှိထားပြီး အလုပ်ရှာနေသူများ၊ အလုပ်ရှာရန်အခက်အခဲဖြစ်နေသူများ၊ ဘိုးဘွားစောင့်ရှောက်‌ရေးအလုပ်အကိုင်၊ ဗီဇာနှင့်ပတ်သက်၍တိုင်ပင်လိုသူများအတွက် ဆွေးနွေးနိုင်မည့်အချိန်နှင့်နေရက်မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် ညနေ ၁ နာရီမှ ၄ နာရီအထိဖြစ်သည်။
ဆွေးနွေးနိုင်မည့်သူများ ၂၀၂၁ ခုနှစ် တွင်ကျောင်းပြီးထားပြီး အလုပ်ရှာနေသူများ Training အလုပ်သက်တမ်းပြည့်ပြီး (Kaigo)ပြောင်းလိုသူများဖြစ်ပြီး လက်ရှိဂျပန်တွင်နေထိုင်သောသူများသာဖြစ်ရမည်ဖြစ်သည်။
အခမဲ့ဆွေးနွေးပေးခြင်းဖြစ်ပြီး ဆွေးနွေးလိုသူများအနေဖြင့် အောက်ပါ Entry Formကို ဖြည့်စွက်ပေးရန်လိုအပ်မည်ဖြစ်သည်။ Entry Form ပိတ်ရက်သည် ၁၁လပိုင်း ၂၃ရက်နေ့ အင်္ဂါနေ့ နေ့လယ်၁၂နာရီတွင် Entry Formပိတ်မည်ဖြစ်သည်။ Entry Form ကိုအောက်ပါ Linkကိုနှိပ်ခြင်းအားဖြင့် သော်လည်းကောင်း ပုံထဲမှာပါတဲ့ QR Code ကို Scan ဖတ်ခြင်းအားဖြင့်သော်လည်းကောင်း အချက်အလက်များကို ဖြည့်စွက်နိုင်မည်ဖြစ်သည်။
https://docs.google.com/…/1FAIpQLSffe…/viewform
တဦးချင်း တိုင်ပင်ဆွေးနွေးလိုသော အကြောင်းအရာများကို တယောက်လျှင် 20) မိနစ်နှုန်းဖြင့်လူ 10 ယောက်အထိသာ အသေးစိတ် ဆွေးနွေးတိုင်ပင်မှုမျာ ပြုလုပ်ပေးသွားမှာဖြစ်သည်။ ဆွေးနွေးပေးမည့်သူများမှာ HR Media Company လုပ်သက် (၉)နှစ်ရှိပြီဖြစ်သော Khine Zin Kyaw (Career Counseling) မှ ဆွေးနွေးသွားမည်ဖြစ်သည်။
Myanmar Job Fair ပွဲများကိုနှစ်စဉ်ကျင်းပပေးနေသာ Facebook Page-Japan-Myanmar Jobs & Knowledge Page)သည်ဂျပန်နိုင်ငံရှိကျောင်းများ၊ ဂျပန်ကုမ္ပဏီလုပ်ငန်းအသီးသီးတွင် ကြိုးစားနေသော မြန်မာလူငယ်များအတွက် အလုပ်အကိုင်၊ အသိပညာ၊ဗဟုသုတများ Job Fair များ၊စီမီနာများနှင့် Career Counseling ဝန်ဆောင်မှုများပေးခဲ့သည်မှာ ၂၀၁၃ ခုနှစ်ကထဲမှဖြစ်ပြီး ယခု ၉နှစ် တိုင်ရှိခဲ့ပြီဖြစ်သည်။