၂၀၂၁ ခုနှစ် စက်တင်ဘာလအတွက် ဂျပန်ရောက်မြန်မာ IT/Engineering အတွက်အလုပ်အကိုင်ပြပွဲနှင့် အလုပ်လျှောက်ခြင်းပွဲကို အွန်လိုင်းမှကျင်းပမည်

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွက် ဂျပန်ရောက်မြန်မာ IT/Engineering အတွက်အလုပ်အကိုင်ပြပွဲနှင့် အလုပ် လျှောက်ခြင်းပွဲကို အွန်လိုင်းမှကျင်းသွားမည်ဖြစ်ကြောင်းသိရသည်။
ဂျပန်ရောက် မြန်မာလူမျိုးများ၏ အလုပ်အကိုင်အခွင့်အလမ်းများအတွက် တဖက်တလမ်းမှ ပံ့ပိုးနေသော Part-time job Times Co., Ltd. သည် မြန်မာလူမျိုးများ ဂျပန်ကုမ္ပဏီများတွင် အလုပ်ပိုမိုရရှိနိုင်စေရန်နှင့် ဂျပန်တွင် လုပ်ငန်းအတွေ့အကြုံ ယူချင်သော မြန်မာ လူမျိုးများအတွက် အထူးရည်ရွယ်၍ အဆိုပါပွဲကို Online မှ ကျင်းပခြင်းလည်းဖြစ်သည်။
အိုင်တီပိုင်း / အင်ဂျင်နီယာပိုင်းနှင့်ပက်သက်ပြီး အလုပ်လုပ်ဖူးသူများ၊ အလုပ်ပြောင်းချင်သူများ၊ ယခုထက်ပိုပြီး skill up လုပ်ချင်သူများ၊ အလုပ်တစ်ခုထဲမှာပဲနေသာကျပြီး မိမိလုပ်နိုင်တဲ့အရည်အချင်းထက်ပိုပြီးကြိုးစားချင်သူများ၊ အလုပ်အသစ်ပတ်ဝန်းကျင်အသစ်ကို Challenge လုပ်ချင်သူများ၊ Career Up ဖြစ်ချင်သော ဂျပန်ရောက်မြန်မာ IT/Engineering ပညာရှင်များအတွက် ဂျပန်ရှိကောင်းမွန်သော Jobs Vacancies များစုစည်းပြသပွဲနှင့် အလုပ်လျှောက်ခြင်းပွဲတစ်ခုလည်ဖြစ်သည်။
အဆိုပါပြပွဲ ၏အားသာချက်များမှာ Online မှတဆင့် မိမိနှင့်အဆင်ပြေသည့် အလုပ်ကိုစိတ်ကြိုက်ရွေးချယ်နိုင်ခြင်း၊ အလုပ်ခေါ်စာများကို တစ်ခါထဲ လေ့လာကြည့်ရှုနိုင်ခြင်း၊ မိမိနှင့်အဆင်ပြေမည့် အလုပ်တွေ့လျှင်တစ်ခါထဲ အလုပ်လျှောက်ထားနိုင်ခြင်း၊ စတဲ့အားသာချက်များစွာရှိသော Event ဖြစ်သောကြောင့် ကိုယ်ရရှိနိုင်မည့်အခွင့်အရေးကို ရယူနိုင်ရန် အဆိုပါပွဲကို ကျင်းပခြင်းလည်းဖြစ်သည်။

Photo Source https://web.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020/?ref=page_internal

ကျင်းပမည့်အချိန်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိဖြစ်သည်။ အဆိုပါ ပွဲကို တက်ရောက်ရခြင်းအကျိုးအမြတ်များမှာ အိုင်တီ/အင်ဂျင်နီယာ အလုပ်‌ခေါ်စာများကို တစ်ချိန်ထဲမှာတစ်စုတစည်းထဲ ရွေးချယ်နိုင်ခြင်း၊ မိမိလျှောက်ချင်သော ကုမ္ပဏီရှိပါက တစ်ခါထဲအလုပ်လျှောက်နိုင်ခြင်း၊ Online မှတဆင့်ဖြစ်သောကြောင့် သွားလာရမည့်အချိန်နှင့်ငွေကုန်ကျသက်သာခြင်း၊ အချိန် ၂နာရီ ကျော်လေး ပေးရုံဖြင့် အိုင်တီ၊အင်ဂျင်နီယာပညာရှင် များအတွက်များစွာအကျိုးရှိစေနိုင်မဲ့ Jobs Vacancies များကို ဝေဝေဆာဆာ သိရှိနိုင်ခြင်းတို့ဖြစ်သည်။
လာရောက်ဆင်နွှဲနိုင်သော သူများမှာ အနည်းဆုံး ဂျပန်စာ N3 လက်မှတ်ရှိရမည်ဖြစ်သည်။ ထို့ပြင် ဂျပန်(သို့) မြန်မာတွင်  အိုင်တီ/အင်ဂျင်နီယာလုပ်ငန်းအတွေ့အကြုံရှိသူ  ဖြစ်ရပမည်ဖြစ်သည်။ လက်ရှိဂျပန်တွင်နေထိုင်နေသောသူဖြစ်ရမည် လည်းဖြစ်သည်။
အဆိုပါ Online Seminar တက်ရောက်မည့်သူများ မည်သူမဆို အောက်ဖော်ပြပါ Entry Form Link (သို့မဟုတ်) ပုံထဲမှာပါတဲ့ QR Code ကို Scan ဖတ်ကာ Registration ပြုလုပ်ရန်လိုအပ်မည်ဖြစ်သည်။
https://docs.google.com/…/1FAIpQLSeYOlrCjR1CpV…/viewform
Link မှRegistration ပြုလုပ်ထားသူအား mail မှ တဆင့် Online Seminar Link & Password ကို ပေးပို့ပေးမည် ဖြစ်ပါသည်။ Entry Form ကို ၉လပိုင်း ၂၄ရက်နေ့ သောကြာနေ့ နေ့လယ် ၁၂:၀၀ နောက်ဆုံးထားပြီးဖြည့်ပေးပါရန် လိုအပ် မည်ဖြစ်သည်။ အသေးစိတ် သိလိုပါက အောက်ပါ MingalaValue Web တွင်လည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်၊၊
https://mingalavalue.jp/contents/onlineevent1
အဆိုပါပွဲကို ပြုလုပ်သောကုမ္ပဏီသည်ဂျပန်တွင် စတင်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၄၇ နှစ် ကြာ ရှိပြီဖြစ်ပြီး The Tokyo Stock Exchange JASDAQ တွင် စာရင်းပေးသွင်းခံထားရသော ဂျပန်ဥပဒေများ နှင့်အညီ မှန်ကန်စွာ လုပ်ကိုင် နေသော ကုမ္ပဏီ တခုဖြစ်သည်။
အလုပ်ရှာဖွေသူဆီမှ ဝန်ဆောင်မှု အခမဲ့၊ နည်းမှန်၊လမ်းမှန်ဖြင့် ဂျပန်ရောက်မြန်မာလူမျိုးများ၏ အလုပ်အကိုင်အခွင့် အလမ်းများစွာ ၊ဗဟုသုတများစွာ ရရှိအောင် Myanmar Job Fair , Seminars , Online events , Live Programs ,SNS Programs, Tokuteigino Kaigo Exam Programs, များစွာကို စနစ်တကျ လုပ်ကိုင် ဆောင်ရွက်နေသော HR Media ကုမ္ပဏီဖြစ်သည်။
၂၀၁၅ ခုနှစ် မေလ၃၁ရက်နေ့ မှစပြီး ယနေ့အထိ ၇ကြိမ်တိုင်တိုင် ဂျပန်ရောက်မြန်မာလူမျိုးများ၏ အလုပ်အကိုင်အခွင့် အလမ်းများအတွက် JOB FAIR ကို ကျင်းပပြုလုပ်ခဲ့ပြီး ထိုပွဲမှမြန်မာလူမျိုး စုစုပေါင်း အယောက်ရာကျော် အလုပ်ရရှိခဲ့ပြီး ဖြစ်သည်။