Small Business နယ်ပယ်တွေအောင်မြင်လိုသူများအတွက် Start Up သင်တန်းကို MIB Myanmar Institute of Business တွင်စတင်ဖွင့်လှစ်

Small Business နယ်ပယ်တွေအောင်မြင်လိုသူများအတွက် Start Up သင်တန်းကို MIB Myanmar Institute of Business တွင်စတင်ဖွင့်လှစ်လိုက်လိုက်ပါတယ်။
၂၁ ရာစုမှာ ကိုယ်ပိုင်လုပ်ငန်း ထောင်တဲ့ သူတွေ အလွန်များပြားလာတာကိုတွေ့ရပါတယ်။အောင်မြင်ရေး ဟောပြောပွဲတွေ နားထောင်ရုံနဲ့သင်ဟာ အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်လာဖို့ရာခိုင်နှုန်းနည်းပါးပါတယ်။ ဒါပေမယ့် သင်ဟာ အရည်အချင်းပြည့်ဝတဲ့ သူတစ်ယောက် ဖြစ်ခဲ့ရင်တော့ အောင်မြင်နိုင်ခြေရာခိုင်နှုန်းများသွားပါပြီ။
အောင်မြင်ဖို့အတွက် သင်ကိုယ်တိုင်စတင်ဖို့လိုပါတယ်။ အရာအားလုံးရဲ့ အရင်းအမြစ် ဟာ စတင်မှုတခု ကြောင့်ပါ။ ဒီလိုစတင်မယ်ဆိုရင် သင့် မှာ ပြင်ဆင်မှုတွေတော့ ကျိန်းသေပေါက်ရှိမှ ရပါမယ်။ လုပ်ငန်းတစ်ခုကို စတင်ချင်ပေမယ့် ၊ နည်းမှန်လမ်းမှန်အရ မသိတဲ့အခါ လွဲချော်မှု တွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းတစ်ခုကို စတင်ဖို့အတွက် Business ပိုင်းဆိုင်ရာ အခြေခံ နည်းလမ်းတွေ အပြင် အသစ်စတင်ဖို့ စွန့်ဦးတီထွင်ဖို့ ဘယ်လို နည်းစနစ်တွေနဲ့ အချိန်တိုတို မှာ ကိုယ့်ပန်းတိုင်ကို ရောက်နိုင်မလဲ ဆိုတာ အဓိကကျပါတယ်။
Small Business အများစု နဲ့ Start Up လုပ်ငန်းတွေ ကျရှုံးတာဟာ တိကျမှန်ကန်တဲ့ Plan မရှိမှု၊ အကျိုးတူ ပိုင်ဆိုင်မှုတွေကို နည်းစနစ်မှန်စွာ မဝေခွဲတတ်မှု၊ Business Models များကို နားမလည်မှု၊ အမှန်တကယ်ရင်းနှီး မယ့်သူများကို မရှာတတ်ခြင်း၊ မဆွဲဆောင်နိုင်ခြင်း၊ Financial statement တွေကို နားလည်တတ်ကျွမ်းမှုမရှိခြင်း၊ အချိန်နဲ့ လူအင်အားကို ကောင်းမွန်စွာ စီမံမခန့်ခွဲတတ်မှု စတဲ့ အကြောင်းအရာတွေကြောင့်ဖြစ်ပါတယ်။

Photo Source https://web.facebook.com/MIBeducation/?ref=page_internal

ယခုသင်တန်းက သေချာ လေ့ကျင့်သင်ကြားပေးမယ့် Special Training for Start-Up and Entrepreneurship သင်တန်းပဲ ဖြစ်ပါတယ်။ ဒီသင်တန်းမှာတော့ ကိုယ်ပိုင်လုပ်ငန်းစတင်လိုသူများအတွက်အခြေခံသိထားရမည့်အချက်အလက်များ၊ စတင်ရန်ငွေကြေးမပိုင်ဆိုင်သော်လည်းအရည်အချင်း/Idea တွေပိုင်ဆိုင်သူများအတွက် ရှယ်ယာရှင်ခေါ်နည်း/pitching လုပ်နည်းများ၊ ရှယ်ယာခွဲဝေနည်းများ၊လုပ်ငန်းစတင်ရာတွင်အဆုံးအရှုံးနည်းစေရန်သတိရထားရမည့်အချက်များ၊ ငွေကြေးဆိုင်ရာစီမံခန့်ခွဲရာတွင်သိရှိလိုက်နာရမည့်အခြေခံအချက်များ စတဲ့ နည်းစနစ်တွေ နဲ့ ဗဟုသုတ တွေကို သင်ကြား ပေးမှာပဲ ဖြစ်ပါတယ်။
ပညာရေးမှာ ရင်းနှီးမြုပ်နှံဖို့အတွက် 100 ရာခိုင်နှုန်း Bank Transfer လက်ခံပေးပြီး မည်သည့် ရာခိုင်နှုန်း မှ ပေးစရာမလိုပဲ သင်တန်းအပ်နှံနိုင်ပါတယ်။ သင်ကြားပေးမည့် ဆရာကတော့U Tin Min Htut( Co-Founder & Board Member at Trust Venture Partners Co., Ltd.) ကပဲဖြစ်ပါတယ်။
သင်တန်းကြေးကတော့တစ်ဦးကို ၁၄၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ပထမဆုံးအပ်နှံသူတွေအတွက် သင်တန်းကြေး Discount ပေး သွားမှာလည်းဖြစ်ပါတယ်။ သင်တန်းတည်ရှိရာ လိပ်စာကတော့ MIB Sule Square, 2nd floor at Sule Square, Yangon ပဲဖြစ်ပါတယ်။
ဆက်သွယ်စုံစမ်းအပ်နှံရန် ဖုန်း 09 45 520 5208, 09 45 330 0800 ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အောက်ပါ Link မှ လည်း အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/MIBeducation/?ref=page_internal