Virtual Reality စနစ်နဲ့ Meeting ပြုလုပ်နိုင်မယ့် Horizon Workrooms

နေ့စဉ်နဲ့အမျှ အလုပ်အကိုင်တွေ၊ လုပ်ငန်းလုပ်ဆောင်ပုံတွေ ပြောင်းလဲလာသလို နည်းပညာတွေကလည်း ထပ်ကြပ်မကွာ လိုက်လို့လာပါတယ်။ အခုလို COVID-19 ကပ်ရောဂါတွေပြန့်နှံ့နေပြီး Work From Home စနစ်နဲ့အလုပ်လုပ်နေရတဲ့ အချိန်မျိုးမှာ နည်းပညာတွေကလည်း ဒီလိုလုပ်ငန်းတွေ အဆင်ပြေလွယ်ကူစေဖို့ အသစ်အဆန်းတွေလည်း တစ်မျိုးပြီး တစ်မျိုး ပေါ်ပေါက်နေပါတယ်။ Facebook အနေနဲ့ မကြာသေးခင်က Horizon Workrooms ကိုမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Workplace ဆိုတာက အားလုံးတိုင်ပင်ဆွေးနွေးပြီးတော့ တစ်စုတစ်စည်းတည်း အလုပ်လုပ်နိုင်တဲ့နေရာပါ။ Facebook အနေနဲ့ remote workplace နဲ့အလုပ်လုပ်နေရတဲ့သူတွေအတွက် ပိုပြီး အဆင်ပြေအောင်၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်နေရာတည်းတွေ့ပြီး အလုပ်လုပ်နိုင်ဖို့ Virtual Room တစ်ခုကို ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။ အသုံးပြုတဲ့သူတွေအနေနဲ့ Virtual Reality (VR) ကနေတစ်ဆင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပူးပေါင်းလုပ်ကိုင်နိုင်မယ်၊ Remote Workplace အချင်းချင်း ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ အချင်းချင်းစုပြီးတော့ Brainstorming လုပ်နိုင်ဖို့အတွက် အထောက်အကူပိုဖြစ်စေသလို၊ ပုံမှန်ထက်ပိုကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ 

Photo Source https://bit.ly/3mmbyzu

Facebook ရဲ့ Horizon Workroom မှာ ပထမဆုံးအနေနဲ့ အကောင်းဆုံးသော နည်းပညာတွေဖြစ်တဲ့ Mixed-reality desk, keyboard tracking, hand tracking, remote desktop streaming, video conferencing, spatial audio, နဲ့ Oculus Avatars စတာတွေကို တစ်စုတစ်စည်းထဲ ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။

Workrooms ဆိုတာကတော့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်နေရာတည်းအလုပ်တူတူလုပ်နိုင်တဲ့ Virtual Meeting တစ်ခုဖြစ်ပါတယ်။ VR ကိုအသုံးပြုပြီးတော့ ကိုယ့်စိတ်ကြိုက်တ Avatar တစ်ခုဖန်တီးပြီးတော့ ကွန်ပြူတာကနေ Virtual Room ကို Video Call နဲ့ခေါ်လိုက်ရမှာပါ။ Virtual Whiteboard အကြီးတစ်ခုကို အကြံတွေ ထုတ်ဖို့ အကြမ်းတွေရေးဆွဲဖို့ အသုံးပြုနိုင်မှာဖြစ်သလို စကားဝိုင်းတစ်ခုလိုလဲ ထိုင်ပြောနိုင်မှာ ဖြစ်ပါတယ်။

VR နဲ့ဆိုပေမယ့် ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး ကိုယ့်ရဲ့ စားပွဲ၊ Keyboard တွေ၊ ကွန်ပြူတာတွေကိုပါ ကိုယ်နဲ့တစ်ပါတည်းထည့်ထားလို့ရမှာပါ။ ကိုယ်ဖန်တီးထားတဲ့ Avatar နဲ့ ကိုယ့်နဲ့ တစ်သားတည်းကျအောင်လည်း အသံတွေကိုဖန်တီးပေးထားပါသေးတယ်။ အသံတွေကို ကိုယ့်ဘေးကထိုင်နေတဲ့သူတွေရဲ့ နေရာအလိုက် ကြားရမှာပါ။ ဥပမာ ဘယ်ဘက်ကထိုင်တဲ့သူက စကားပြောရင် ဘယ်ဘက်အခြမ်းကနေ တစ်ကယ် ထိုင်ပြော နေသလို ကြားရမယ့် ပုံစံမျိုးပါ။ အခန်းတိုင်းအတွက် Whiteboard တွေပေးထားမှာဖြစ်ပြီးတော့ ကိုယ်မှတ်ချင် အကြမ်းဆွဲချင်တာတွေကို ဆွဲနိုင်မှာပါ။ အခန်းထဲကထွက်ပြီး ပြန်ဝင်လာရင်တောင် Whiteboard ကရှိနေဦးမှာပါ။ အလုပ်ပြီးပြီဆိုတာနဲ့ whiteboard ကို VR အပြင်ဘက် ဓာတ်ပုံတစ်ခုအနေနဲ့ ကွန်ပြူတာကိုပို့နိုင်ပါတယ်။ 

Photo Source https://bit.ly/3mmbyzu

လူတိုင်းမှဦ VR Headset တွေမရှိနိုင်တဲ့အတွက် မရှိတဲ့သူတွေလည်း ကွန်ပြူတာကနေ Video Call ခေါ်ဆိုပြီး ဝင်ရောက်နိုင်ပါတယ်။ ဧည့်သည်အနေနဲ့လည်း Meeting link ကိုပို့ပေးပြီး ဝင်ခိုင်းလို့ရပါသေးတယ်။ VR နဲ့ ၁၆ ယောက်အထိဝင်နိုင်မှာြဖစ်ပြီးတော့ ရိုးရိုးဖုန်းခေါ်ဆိုမှုမျိုးဆိုရင်တော့ အယောက် ၅၀ အထိ ထောက်ပံ့ပေးထား ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပထမဆုံးစတင်အသုံးပြုမယ်ဆိုရင်တော့ workrooms.com မှာ sign up ပြုလုပ်ဖို့လိုပါတယ်။ ထပ်မံသိရှိလိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://bit.ly/3mmbyzu