COVID ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာဗဟုသုတများ

COVID ထိုးရမယ့်ဆေးရဲ့ ကောင်းကျိုးဆိုးကျိုး၊ ထိုးသင့်မသင့် ဗဟုသတ ရှိထားဖို့ မျှဝေလိုက်ပါတယ်။
(၁) ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့ရလဲ။
– အသက် ၁၈နှစ်အထက် ဖြစ်ရပါမယ်
– Pfizer တံဆိပ်ဆိုရင် အသက် ၁၂နှစ်ကျော်ရင် ရပါပြီ
– Sinovac နဲ့ Sinopharm တံဆိပ်ဆိုရင်တော့ ၁၈-၆၀နှစ်အတွင်း ထိုးဖို့ပဲ သုတေသန လုပ်ပြီးသေးပါတယ်
– ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ ပန်းနာရင်ကြပ်လိုနာတာရှည်ရောဂါရှိသူတွေလဲ ထိုးလို့ရပါတယ် (Aspirinလို သွေးကျဲဆေး သောက်နေရလဲ ထိုးလို့ရပါတယ်)
– ဖျားနေတဲ့သူတွေ
– ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးထိုးဖို့ သုတေသန မလုံလောက်သေးပါ (နို့တိုက်မိခင် ထိုးလို့ရပါတယ်)
– ကာကွယ်ဆေးနဲ့မတည့်သူ
– သွေးမတိတ်ရောဂါရှိသူ (bleeding disorders)
– HIV သမား CD4 ၂၀၀ အောက် ကျနေတဲ့အခါ
– အခြားကာကွယ်ဆေးတစ်မျိုးမျိုး ထိုးထားတာ ၂ပတ် မပြည့်သေးတဲ့အခါ
(၂) COVID ဖြစ်ပြီးရင် ကာကွယ်ဆေးထိုးဖို့ လိုသေးလား။
– COVID ဖြစ်ပြီးရင် ခန္ဓာကိုယ်တွင်းက Antibody ထွက်ပါတယ်၊ ၆-၈လအထိ ခံတာမို့ ပုံမှန်တော့ ထိုးဖို့ ညွှန်းလေ့မရှိပါ။- လူတစ်ယောက်နဲ့တစ်ယောက် Antibody ထွက်တဲ့ပမာဏချင်း မတူနိုင်တာမို့ စိတ်မချလို့ ထပ်ထိုးချင်လဲ ရပါတယ်။

Photo Source https://www.google.com/search?q=covid+19&sxsrf=ALeKk01fD8NsSwnlXvVzxgEFB9JB4Us1HA:1629779192209&source=lnms&tbm=isch&sa=X&ved=2ahUKEwiM6MDO6MjyAhUPIbcAHfdCBncQ_AUoAXoECAEQAw#imgrc=B13FRm2lvowQMM

(၃) ကာကွယ်ဆေးထိုးပြီးရင် COVID ပြန်ဖြစ်နိုင်လား။
– ပြန်ဖြစ်နိုင်ပါတယ်၊ ကာကွယ်ဆေးက ၁၀၀ရာခိုင်နှုန်းအပြည့်မကာကွယ်ပါဘူး၊ အတိုင်းအတာ တစ်ခုအထိ ရောဂါမပြင်းထန်အောင် ကူညီတာပါ၊
– ဒါကြောင့် Maskတပ်, လက်ဆေး, ၆ပေခွာနေ ဆက်ကျင့်ကြံရပါမယ်။
(၄) ကာကွယ်ဆေး မထိုးခင် ဘာတွေပြင်ဆင်မလဲ။
– ကိုယ် ထိုးရမယ့် ကာကွယ်ဆေးအကြောင်း လေ့လာပါ။
– နဂို သောက်လက်စ ဆေးတွေရှိရင် ဆက်သောက်ပါ။
– အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ။
– ဖြစ်နိုင်ရင် ကော်ဖီ, အရက် တစ်ရက် ကြိုရှောင်ပါ ။
(၅) ကာကွယ်ဆေးထိုးပြီး ဘာတွေ သတိထားမလဲ။
– ထိုးပြီးပြီးချင်း နာရီဝက် ငြိမ်ငြိမ်နေပါ၊ ဓါတ်မတည့်မှု ရှိမရှိ စောင့်ကြည့်ပါ။
– နာကျင်ကိုက်ခဲလျှင် ပါရာစီတမော သောက်လို့ရပါတယ်။
– ၂ပတ်အတွင်း အခြားကာကွယ်ဆေး မထိုးသင့်ပါ။
(၆) ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာက ဆေးအောင်တာလား။
– မဆိုင်ပါဘူး၊ ဆေးအောင်မအောင် RST, ELISA, Neutralization assay, Chemiluminescent immunoassayတို့ စစ်ပြီး သိနိုင်ပါတယ်
(၇) ဆေးအောင်မအောင် ဘယ်အချက်တွေအပေါ် မူတည်လဲ။
– မူလ ဆေးရဲ့ အာနိသင် ကောင်းရပါမယ်။
– စက်ရုံမှ ကာကွယ်ဆွေး ထုတ်လုပ်လိုက်တဲ့အချိန်က စ,လို့ ဆေးထိုးပေးတဲ့အထိ Cold chain မပျက်ပြယ်ရပါဘူး။
– လူ့ခန္ဓာကိုယ်မှ ခုခံအား(Immune cells) ထုတ်နိုင်စွမ်း ကောင်းရပါမယ်။
(၈) ကာကွယ်ဆေးထိုးပြီးရင် Antigen ထွက်တာလား, Antibody ထွက်တာလား။
– Antibody ထွက်တာပါ။
– Antigen ထွက်နေတယ်ဆို အဲဒါ COVID ဖြစ်နေတာပါ၊ ဆေးအောင်တာ မဟုတ်ပါဘူး။
– ကာကွယ်ဆေးထိုးပြီးရင် ဘယ်အချိန် Antibody စ,ထွက်လဲ? ဘယ်လောက်ခံလဲ။
– ဆေးထိုးပြီး ၂ပတ်လောက်ဆို Antibody စ,ထွက်ပါပြီ။
– ဆေး ၂ကြိမ် အပြည့်ထိုးထားရင် ၆-၈လအထိ ဆေးအာနိသင် ခံလေ့ရှိပါတယ်။
(၉) ပထမတစ်ကြိမ်မှာ တံဆိပ်တစ်မျိုး ထိုးပြီး နောက်တစ်ကြိမ် အခြားတံဆိပ် ပြောင်းထိုးရင်ကော အာနိသင်ရလား။
– တိကျတဲ့ သုတေသန အဖြေမထွက်သေးပါဘူး။
– ဖြစ်နိုင်ရင် တံဆိပ်တစ်မျိုးတည်းကိုပဲ ၂ ကြိမ်အပြည့် ထိုးစေချင်ပါတယ်။
Source Dr. NI (ဒေါက်တာနီနီ)