Android နဲ့ iOS မှာ Pre-register လုပ်နိုင်ပြီဖြစ်တဲ့ Pokémon UNITE

ပိုကီမွန်လို့ပြောလိုက်တာနဲ့ တော်တော်များများသိထားပြီးသားဖြစ်မှာပါ။ အခုလည်း လူတိုင်းအကြိုက် ပိုကီမွန် ကောင်လေးတွေနဲ့ 5vs5 Battle Game တစ်ခု ထပ်မံပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ ဒီ Pokémon UNITE ဂိမ်းကိုတော့ Nintendo Switch မှာ ဇူလှိုင် ၂၁ ရက်နေ့ကထွက်ရှိခဲ့ပြီးတော့ စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ Android နဲ့ iOS အတွက်ထွက်ရှိမှာဖြစ်ပါတယ်။ Download ဆွဲချင်တဲ့သူတွေအတွက်လည်း Google Play Store နဲ့ App Store တို့မှာ Pre-Register လုပ်လို့ရနေပြီ ဖြစ်ပါတယ်။ 

Photo Source https://unite.pokemon.com/en-us/

Register ပြုလုပ်သူတွေအတွက် လက်ဆောင်တွေလဲရရှိဦးမှာပါ။ Pre-registration ပြုလုပ်သူ ၂,၅၀၀,၀၀၀ ပြည့် တာနဲ့ Pikachu Unite License ကိုရရှိမှာ ဖြစ်ပြီးတော့ ၅,၀၀၀,၀၀၀ ပြည့်ရင်တေ့ Special Holowear-Festival Style: Pikachu ကိုရရှိမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အရေအတွက် ရောက်ရှိတယ်ဆိုရင်တော့ Pokémon UNITE Mobile Version ရဲ့ အောက်တိုဘာ ၃၁ Log-in Event server time 7:59 AM မှာ လက်ဆောင်တွေကို ယူလို့ရမှာပါ။ Pikachu Unite License ရှိပြီးသား သူတွေကတော့ Aeos Coin တွေကိုရရှိမှာ ဖြစ်ပါတယ်။

Pokémon UNITE မှာတော့ Attacker, Speedster, All-Rounder, Defender, Supporter ဆိုပြီး Role ငါးခု ပါဝင်မှာဖြစ်ပါတယ်။ Attacker တွေက ခုခံနိုင်စွမ်းနည်းပြီးတော့ ရန်သူကို ခပ်လှမ်းလှမ်းက တိုက်ခိုက်နိုင်ပါတယ်။ Attacker Role ထဲမှာတော့ GRADEVOIR, PIKACHU, GRENINJA, VENUSAUR, ALOLAN NINETALES, CRAMORANT, CINDERACE တို့ပါဝင်မှာ ဖြစ်ပါတယ်။ Speedster တွေကတော့ Mobility များပြီး လျှင်လျှင် မြန်မြန် တိုက်ခိုက်နိုင် အမှတ်စုဆောင်းနိုင်တဲ့ ZERAORA, TALONEFLAME, ABSOL, GENGAR တို့ ဖြစ်ပါတယ်။ CHARIZARD, LUCARIO, MACHAMP, GARCHOMP တို့ကတော့ တိုက်ခိုက်တာတွေ ခုခံ နိုင်တာတွေ မျှမျှတတနဲ့ All-Rounder ကောင်လေးတွေဖြစ်ပါတယ်။ ကိုယ့်ဘက်ကလူတွေကို ကောင်းကောင်းကာကွယ် ပေးနိုင်ဖို့ SNORLAX, CURSTLE, SLOWBRO တို့ကို Defender အဖြစ်ထည့်သွင်းထားပါတယ်။ နောက်ဆုံး Supporter Role အနေနဲ့ကတော့ BLISSEY, ELDEGOSS, MR.MIME နဲ့ WIGGLYTUFF တို့ပါဝင်မှာပါ။ လက်ရှိမှာတော့ Pokémon UNITE မှာ ပိုကီမွန်စုစုပေါင်း ၂၂ ကောင်ပါဝင်သွားမှာ ဖြစ်ပါတယ်။ 

Photo Source https://unite.pokemon.com/en-us/

Pokémon UNITE မှာ ကစားသူ Trainer တွေအနေနဲ့ Rank စတင်ကစားဖို့ဆိုရင် Trainer Level 6 နဲ့ ပိုကီမွန်အရေအတွက် ငါးကောင်ရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် Rank ပွဲမှာပါဝင်ဖို့ အနည်းဆုံး 79 Fair Play Point ကလည်း လိုအပ်ပါသေးတယ်။ Rank System အနေနဲ့ Beginner, Great, Expert, Veteran, Ultra နဲ့ Master ဆိုပြီး ၆ မျိုးခွဲထားပါတယ်။ ကိုယ်ရောက်ရှိတဲ့ Rank ကိုပြဖို့ ဖလားတွေပေးထားပြီးတော့ Season တစ်ခုပြီးတိုင်းလည်း ဆုလာဘ်တွေရရှိဦးမှာပါ။ Rank တစ်ခုချင်းစီမှာလည်း Class တွေနဲ့ခွဲထားပါသေးတယ်။ Beginner မှာတော့ Class သုံးခုရှိပြီး Rank တက်ဖို့အတွက် အမှတ် ၉ မှတ်လိုပါတယ်။ Great မှာ Class လေးခုနဲ့ ၁၂ မှတ်ရဖို့လိုပါတယ်။ Expert, Veteran နဲ့ Ultra မှာ Class ၅ ခုရှိပြီးတော့ Rank တက်ဖို့ ၁၅ မှတ်စီလိုပါတယ်။ အမြင့်ဆုံး Master မှာတော့ Class တွေမရှိတော့ပါဘူး။

အသေးစိတ်အချက်အလက်တွေအတွက် Pokémon UNITE ရဲ့ တရားဝင်ဝက်ဆိုက် https://unite.pokemon.com/en-us/ မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

App Store: https://apps.apple.com/app/id1512321575

Google Play: https://play.google.com/store/apps/details?id=jp.pokemon.pokemonunite