စစ်တုရင် ကစားသူများကြိုက်နှစ်သက်စေမယ့် chess.com website

စစ်တုရင်ဆိုတာကတော့ ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းတွေ၊ ပရိယာယ်တွေအပြည့်နဲ့ ကစားသမားနှစ်ယောက် ယှဉ်ပြိုင် ရတဲ့ Board Game အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ ရာစုလောက်က ပေါ်ပေါက်လာခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ပြီးတော့ အခုဆိုရင် အိမ်မှာပဲဖြစ်ဖြစ်၊ ကလပ်မှာဖြစ်ဖြစ်၊ အင်တာနက်ပေါ်ကဖြစ်ဖြစ်၊ ပြိုင်ပွဲတွေ ကဖြစ်ဖြစ် နေရာမျိုးစုံကနေ ဆော့စကားသူပေါင်း မီလီယံနဲ့ချီနေပါပြီ။

chess.com ဆိုတာဟာလည်း ကစားသူတွေအတွက် ရည်ရွယ်ပြီး ကစားရအဆင်ပြေအောင် ရည်ရွယ်ပြီး ဖန်တီးတည်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ chess.com မှာနေ့စဉ် ပွဲပေါင်း ၁၀ မီလီယံကျော် ကစားနေကြပြီးတော့ programmer, content editor နဲ့ support member ပေါင်း ၂၀၀ ကျော်ကိုလည်း ခန့်အပ်ထားပါတယ်။ ကစားသူတွေ အတွက် အစစအရာရာအဆင်ပြေအောင် ရည်ရွယ်လုပ်ဆောင်ထားတာ ဖြစ်တဲ့အတွက် စိတ်ဝင်စား လို့ ခုမှစဆော့မယ့်သူတွေ၊ လေ့လာချင်တဲ့သူတွေ၊ Professional တွေအတွက်လည်း ပြည့်ပြည့်စုံစုံ ထည့်ထား ပေးပါတယ်။ 

Photo Source https://www.chess.com/

chess.com ဟာ Website နဲ့ Mobile မှာပါဆော့ကစားနိုင်တဲ့အတွက် အကောင့်တစ်ခုဖွင့်ထားတာ အကောင်းဆုံး ဖြစ်မှာပါ။ အကောင့်ဖွင့်တဲ့ နေရာမှာ ကိုယ့်က ခုမှစလေ့လာမှာလား၊ Beginner လား၊ Intermediate လား၊ Advance လားဆိုပြီးလည်း Level ရွေးနိုင်ပါသေးတယ်။

ကိုယ်ကစားနိုင်ရင် ကစားနိုင်သလို ကစားပုံကိုမူတည်ပြီးတော့ point system လဲရှိပါသေးတယ်။ အင်တာနက် ပေါ်က ကျပန်းကစားသမားတွေနဲ့ ကစားနိုင်ဖို့ Play Online (Play vs a person of similar skill) လည်းရှိပါတယ်။ ဒါကတော့ ကိုယ့်မှာရှိတဲ့ Point နဲ့ တူတဲ့ ကစားသမားတွေကို ရှာပေးတာ ဖြစ်ပါတယ်။ ပွဲကြာချိန်ကိုလည်း ၁မိနစ်၊ ၃ မိနစ်၊ ၅မိနစ်၊ ၁၀ မိနစ်နဲ့ ကိုယ်ကြိုက်တဲ့အချိန်ကို ရွေးလို့ရပါတယ်။ Computer နဲ့ဆော့လို့ရသလို Bot အရေအတွက်ကိုလည်း Level အမျိုးမျိုးထည့်ပေးထားပါသေးတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့သူငယ်ချင်းတွေကို invite လုပ်ပြီးတော့လည်း ဆော့နိုင်ပါတယ်။ ဒီလိုရိုးရိုးပွဲလေးတွေ မကစားချင်ဘူးဆိုတဲ့သူတွေအတွက်လည်း Tournaments တွေဖန်တီးပေးထားပါသေးတယ်။

ကိုယ့်ရဲ့ အရည်အချင်းကို လေ့ကျင့်ချင်သူတွေအတွက် Puzzle Feature ကိုလည်း ထည့်သွင်းပေးထားပါတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်း အဖြေရှာရပြီးတော့ သုံးခုမှားတာနဲ့ ထွက်ရတဲ့ Puzzle Rush တစ်ခြား တစ်ယောက်နဲ့ ပြိုင်ပြီး အဖြေရှာရတဲ့ Puzzle Battle နဲ့ Daily  Puzzle တွေဖြေရင်း ကိုယ့်ရဲ့ အမြင်တွေ အရည်အချင်းတွေကို မြှင့်တင်နိုင်ပါတယ်။  

Photo Source https://www.chess.com/

အခုမှ စပြီးလေ့လာမယ့်သူတွေအတွက်လည်း Lessons တွေ Guide တွေ Highlightတွေကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ စစ်တုရင်ကစားနည်းရဲ့ နည်းစနစ်အသေးစိတ်ကနေ တွေးခေါ်ပုံတွေအထိ သင်ခန်းစာတစ်ခုချင်းစီကို အချိန်ပေး လေ့လာရုံနဲ့ တစ်နေရာတည်း ပြီးပြည့်စုံနေမှာပါ။

Chess ကို ပုံစံမျိုးပုံ Theme လှလှလေးတွေနဲ့ ဆော့ချင်တဲ့သူတွေအတွက်လည်း ရွေးချယ်စရာမျိုးစုံ ရှိပါသေးတယ်။ ကိုယ့်ရဲ့တိုးတက်မှု မှတ်တမ်းတွေကိုလည်း Profile က Status ကနေ ဝင်ရောက် စစ်ဆေးနိုင် ပါတယ်။ chess.com မှာတော့ Free နဲ့ Premium Version နှစ်မျိုးရှိပါတယ်။ Premium version မှာတော့ အကန့်အသတ်မရှိ စီစစ်ချက်တွေ၊ လေ့လာနိုင်မယ့် သင်ခန်းစာအရေအတွက်တွေ၊ Puzzle ဖြေဆိုနိုင်မယ့် အရေအတွက်တွေ၊ ကိုယ်နဲ့ပြိုင်ပြီး ဆော့ကစားနိုင်မယ့် Bot အရေအတွက်တွေပေါ် မူတည်ပြီး Diamond, Platinum, Gold သုံးမျိုး ခွဲသွားပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ chess.com website မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။