Samsung Galaxy Z Fold3 စမတ်ဖုန်းနှင့် Samsung Galaxy Z Flip3 စမတ်ဖုန်းတို့၏ စွမ်းဆောင်ရည်များကြာင်း

Photo Source https://web.facebook.com/groups/363933951620551

(၁) Samsung Galaxy Z Fold3
Samsung Galaxy Z Fold3 ခေါက်ချိုးစမတ်ဖုန်း အသစ်တွင် ကျယ်ပြန့်သော ၆.၂” Cover Screen နှင့် ဖြန့်လိုက်ပါက ၇.၆” Infinity Flex မျက်နှာပြင် (မျက်နှာပြင် ၂ ခုလုံးသည် 120Hz refresh rate ပါရှိသည့် Dynamic AMOLED 2x Display အမျိုးအစားများ ဖြစ်သည်) များပါရှိသည့်အပြင် Galaxy စမတ်ဖုန်းများတွင် ပထမဦးဆုံး အကြိမ်အဖြစ် မျက်နှာပြင်အောက်ကင်မရာ (Under Display Camera) ကိုလည်း ထည့်သွင်းပေးထားသည်။ ထို့အပြင် Samsung သည် ပထမဦးဆုံးအကြိမ်အဖြစ် ၎င်း၏ နာမည်ကျော် S Pen လုပ်ဆောင်ချက်ကိုလည်း Z Fold3 တွင် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးထားသည်။ စွမ်းဆောင်ရည်အမြင့်မားဆုံးသော ကင်မရာလုပ်ဆောင်ချက်များ – နောက်ကင်မရာ ၃ လုံး (12 MP F2.2 Ultra Wide, 12 MP F1.8 Wide, 12 MP F2.4 Tele) နှင့် 10 MP F2.2 ရှေ့ကင်မရာ (ကာဗာကင်မရာ)၊ ပိုမိုကောင်းမွန်လာသည့် အလိုအလျောက် တုံ့ပြန်လုပ်ဆောင်ချက်များ၊ အဆင့်မြှင့်တင်ထားသည့် အသုံးပြုမှု အတွေ့အကြုံနှင့် မြင့်မားသော လုပ်ဆောင်ချက်များ အား ထည့်သွင်းပေးထားသည်။ ပထမဆုံးသော ရေစိုခံနိုင်သည့် ခေါက်ဖုန်းဖြစ်သည့်အလျောက် စမတ်ဖုန်းတွင် IPX8 water resistance ရေစိုခံနည်းပညာသာမက ပိုမိုအကြမ်းခံနိုင်စေရန် Corning Gorilla Glass Victus မှန်တို့ဖြင့်လည်း ဖွဲ့စည်းတည်ဆောက် ထားသည်။

Photo Source https://web.facebook.com/groups/2501873190130822

(၂) Samsung Galaxy Z Flip3
ပိုမိုမြင့်မားသော စွမ်းဆောင်ရည်များနှင့် ဆန်းသစ်စတိုင်ကျသည့် အခြားသော Galaxy ခေါက်ချိုးစမတ်ဖုန်း ဖြစ်သည့် Galaxy Z Flip3 အား ပိုမိုပါးလွှာသော ဒီဇိုင်းဖြင့်တည်ဆောက်ဖွဲ့စည်းထားပြီး ၁.၉” Cover Screen (ယခင် Galaxy Z Flip ထက် ၄ ဆပိုမိုကျယ်ပြန့်သော အရွယ်အစား) နှင့် ဖြန့်လိုက်ပါက 120 Hz Refresh Rate ပါရှိသည့် ၆.၇” Infinity Flex မျက်နှာပြင်များအား ထည့်သွင်းပေးထားသည်။ ထို့အပြင် အချိန်စက္ကန့်မရွေး မိမိတို့၏ အမှတ်တရများအား ကြည်လင်ပြတ်သားမှုအရှိဆုံး ပုံရိပ်များအဖြစ် ရိုက်ကူးသိမ်းဆည်းသွားနိုင်ရန်အတွက် Cover Screen တွင် 12 MP ကင်မရာ ၂ လုံး (Wide နှင့် Ultra-Wide) နှင့်အတူ 10 MP ‌ရှေ့ကင်မရာများကိုလည်း ထည့်သွင်းတည်ဆောက်ပေးထားသည်။ Z Fold 3 စမတ်ဖုန်းကဲ့သို့ပင် Z Flip 3 စမတ်ဖုန်းတွင်လည်း IPX8 water resistance ရေစိုခံနည်းပညာနှင့် အကြမ်းခံနိုင်စေမည့် Corning Gorilla Glass Victus မှန်တို့ကိုလည်း ထည့်သွင်းပေးထားသည်။
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် https://www.samsung.com.mm နှင့် http://news.samsung.com တွင် ဝင်ရောက်ကြည့်ရှု လေ့လာ နိုင်သည်။