အသုံးဝင်သော Telegram လုပ်ဆောင်ချက်များ (၁)

Telegram ဆိုတာ တစ်ယောက်နဲ့တစ်ယောက်အပြန်အလန် ချိတ်ဆက်စကားပြောနိုင်မယ့် Messaging App တစ်ခုဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူပြီးတော့ လုပ်ဆောင်ချက်တွေကလည်း စုံလင်နေပါသေးတယ်။ အသုံးပြုသူတွေအတွက် စကားပြောတာပဲဖြစ်ဖြစ်၊ Emoji တွေ sticker တွေစုံစုံလင်လင်နဲ့ Gif မျိုးစုံလည်း ပို့လို့ရပါတယ်။ Messenger နဲ့ တစ်ခြား Messaging App တွေထက် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဖိုင်တွေပို့ရအဆင်ပြေတဲ့အတွက် အသုံးများတာလည်း ဖြစ်ပါတယ်။ ဒီလိုအသုံးများတဲ့ Telegram App ရဲ့ သိထားသင့်တဲ့ လုပ်ဆောင်ချက်လေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Chat Folder

Chat Folder ဆိုတာကတော့ Telegram ရဲ့ အကောင်းဆုံး Feature တစ်ခုဆိုလဲမမှားပါဘူး။ ကိုယ့်ရဲ့ Chat List မှာ Group တွေ၊ Channel တွေ၊ Contact တွေများပြီး ရှာရတာအဆင်မပြေတဲ့သူတွေအတွက် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ Chat Folder တွေကို ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးထားနိုင်ပါတယ်။ Personal ဆိုပြီး Contact တွေပဲ သီးသန့်ခွဲထားနိုင်သလို၊ Group တွေ Channel တွေဒါမှမဟုတ် အမျိုးအစားတူတာတွေကိုပဲစုပြီး ကိုယ်ကြိုက်တဲ့နာမည်တွေထားလို့ရပါတယ်။ ဒီ Feature လေးကိုအသုံးပြုမယ်ဆိုရင်တော့ Menu >> Setting >> Folder ကိုရွေးပြီးတော့ Create New Folder ကနေ ကိုယ်ကြိုက်တဲ့နာမည် ကိုယ်ထည့်ချင်တာတွေကို ရွေးလို့ရပါပြီ။ Main Screen မှန်ကြည့်လိုက်ရင်လည်း Folder တွေနဲ့ဆိုတော့ ရှာရတာကော ကြည့်ရတာပါ မျက်စိရှင်းနေမှာ ဖြစ်ပါတယ်။ 

Photo Source https://telegram.org/

(၂) Edit Sent Message

ကိုယ်ပို့လိုက်တဲ့စာတွေကို လုံးဝမဖျက်လိုက်ဘဲ မှားတဲ့နေရာလေးပြင်တာ update လေးပြန်လုပ်တာတွေအတွက် ဒီ Feature လေးက အသုံးအဝင်ဆုံးပါ။ ကိုယ်ပို့ထားတဲ့စာကို ဖိထားပြီးတော့ Edit icon လေးကိုနှိပ်ပြီး လိုအပ်သလို ပြင်နိုင်ပါတယ်။ ပြင်လိုက်တဲ့ message ဘေးမှာ edited ဆိုပြီးပေါ်နေမှာပါ။ သတိထားရမယ့် အချက်ကတော့ ပို့လိုက်ပြီး ၄၈ နာရီအတွင်းပဲ ပြင်လို့ရပြီးတော့ သတ်မှတ်ထားတဲ့ အချိန်ကျော်တာနဲ့ Edit Icon လေး ပျောက်သွားမှာ ဖြစ်ပါတယ်။

(၃) Silent Message

လူတိုင်းကိုယ်စာလုပ်နေတဲ့အချိန်၊ အိပ်နေတဲ့အချိန်၊ စာသင်ခန်းဝင်နေတဲ့အချိန်မျိုးမှာ စိတ်အနှောက်အယှက် မဖြစ်ရအောင် ဖုန်းကို အသံပိတ်ထားတတ်ကြပါတယ်။ ကိုယ်စာပို့ချင်တဲ့သူက ဒီလိုအချိန်မျိုးမှာ ဖြစ်နေတယ် ဖုန်းအသံပိတ်ထားလား မပိတ်ထားဘူးလား ဆိုတာလည်း ကိုယ့်အတွက်မသေချာဘူး စိတ်အနှောက်အယှက် လည်း မဖြစ်ရအောင် Telegram က Silent Message ဆိုပြီးတော့ ပြုလုပ်ပေးထားပါတယ်။ ဒီ Feature ကို အသုံးပြုပြီးပို့တဲ့အခါ ကိုယ်ပို့တဲ့ message က အသံတွေ၊ vibration တွေမဖြစ်ဘဲ ရောက်သွားမှာ ဖြစ်ပါတယ်။ ဒီ Feature လေးကိုသုံးဖို့အတွက် Message ကိုရေးပြီးတာနဲ့ Send Button လေးကိုဖိထားလိုက်ရုံပါပဲ။ Send Without Sound ကိုနှိပ်ပြီးတော့ ပို့နိုင်ပါပြီ။ 

Photo Source https://telegram.org/

(၄) Schedule Message

အပေါ်မှာပြောခဲ့တဲ့ Silent Message ကိုပို့တဲ့အခါ Send Button မှာ Schedule Message ဆိုတာလည်း ပေါ်နေမှာ ဖြစ်ပါတယ်။ ဒါကတော့ ကိုယ်ပို့ရမယ့်စာကို အချိန်အတိအကျနဲ့ ပို့ပေးမှာပါ။ ပို့ချင်တဲ့စာအတွက် အချိန်သတ်မှတ် ပေးပြီးတာနဲ့ ပို့ပေးမှာဆိုတော့ သတိမေ့သွားလို့ မပို့မိတာတွေလည်း ဖြစ်လာမှာ မဟုတ်တော့ ပါဘူး။

(၅) Self-destruct Media

Self-destruct Media ဆိုတာကတော့ Telegram ရဲ့အကောင်းဆုံး Feature တစ်ခုလည်း ဖြစ်ပါတယ်။ Self-destruct Media ဆိုတာကတော့ ဓာတ်ပုံတွေ ဗီဒီယိုတွေကို အလိုအလျောက်ဖျက်ဆီးပေးတာဖြစ်ပါတယ်။ ကိုယ်ပို့မယ့် ဓာတ်ပုံဒါမှမဟုတ် ဗီဒီယိုကို ရွေးပြီးတော့ Self-destruct ကို အချိန်သတ်မှတ်ပေးပြီး ပေးပို့ လိုက်ရုံပါပဲ။ သတ်မှတ်ထားတဲ့အချိန်ပြည့်တာနဲ့ အလိုအလျောက်ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။