နည်းပညာဆိုင်ရာ ဆောင်းပါးတွေရေးသားချင်သူများ၊ မျှဝေချင်သူများအတွက် wediscuss platform

ယနေ့ခေတ်လူငယ်တွေကြားမှာ နည်းပညာနဲ့သက်ဆိုင်တဲ့ကဏ္ဍတွေက များစွာရေပန်းစားလာခဲ့သလို လူငယ်တစ်ဦးမှတစ်ဦး မိမိနားလည်တတ်ကျွမ်းထားတဲ့ နည်းပညာပိုင်းတွေကို ပြန်လည်မျှဝေချင်လာခဲ့ကြပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း Social Media ပေါ်ကနေတစ်ဆင့် မျှဝေတဲ့သူတွေရှိသလို App ရေးဆွဲမျှဝေရေးသားဖော်ပြပေးနေတာမျိုးလည်း ရှိတတ်ကြပါ တယ်။
အခုဖော်ပြပေးတဲံWeDiscuss ဆိုတဲ့ Platform ကတော့ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် topic တွေ စီထားပြီး ခေါင်းစဉ် တွေ အောက်မှာ post တွေ တင်နိုင်မယ် comment တွေ ရေးနိုင်မယ်။ group chatting တွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ် topics တွေအနေနဲ့ programming, electronics, movies, music ဆိုတဲ့ခေါင်းစဉ်တွေ ထည့်ပေး ထားတယ်။
သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုပေါ်မူတည်ပြီးနောက်ထပ်ခေါင်းစဉ်တွေ ထည့်ပေးသွားမှာဖြစ်ပါတယ်။ OakHouse Technology မှာ တင်ခဲ့တဲ့ နည်းပညာဆောင်းပါးတွေကို သက်ဆိုင်ရာ Topic အလိုက် WeDiscuss Platform မှာနမူနာ အနေနဲ့ တင်ထားပြီး ဖြစ်တယ်။

Photo Source https://web.facebook.com/groups/890210184398470/permalink/4246387392114049

Wediscuss Platform ဟာOakHouse Technology ရဲ့ပထမဆုံး product အဖြစ်web application အနေနဲ့ရော android application အနေနဲ့ပါပုံသဏ္ဍာန် နှစ်မျိုးနဲ့ ထွက်လာတာဖြစ်တယ်။ https://www.wediscuss.net/ တွင် platform ပေါ်တင်ထားသောဆောင်းပါးများအား ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။
အကယ်၍ knowledge sharing လုပ်ရတာ ဝါသနာပါသူဖြစ်ပါက account တစ်ခုဖွင့်ကာ ဝင်ရောက်ရေးသားနိုင်မှာ ဖြစ်တယ်။Website နဲ့ သုံးရတာ familer မဖြစ်တဲ့ ညီကိုတွေ အတွက် WeDiscuss Platform အတွက် android application တစ်ခုပါထုတ်လုပ်ပြီး ဖြစ်တယ်။
အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.oakhousetech.wediscuss