မြန်မာခရီးသွားများအတွက် Airbnb

ဝေးကွာကျယ်ပြောတဲ့ ကမ္ဘာကြီးကို အချိန်အခါမရွေး နီးကပ်စပ်ယှက်နိုုင်အောင် နည်းပညာအားဖြင့် အားထုတ်ကြိုးပမ်းနေကြတဲ့ ဒီနေ့ခေတ်မှာ တစ်နေရာမှ တစ်နေရာ၊ တစ်နိုင်ငံမှ တစ်နိုင်ငံ ကူးလူးဆက်သွယ်မှုဟာလည်း တနေ့ထက် တနေ့ ပိုမိုများပြားလာပါတယ်။ စီးပွားရေးခရီးစဉ်၊ အပျော်ခရီးစဉ်၊ ပညာရေး သုတေသနခရီးစဉ် စသဖြင့် ဒေသတွ
င်းသာမက တစ်ကမ္ဘာလုံးအနှံ့ လူတန်းစားပေါင်းစုံ ခရီးနှင်ခြေဆန့်ကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်များဆီက ပြည်တွင်းခရီးစဉ်များနှင့်သာ ရင်းနှီးခဲ့ကြတဲ့ မြန်မာပြည်သူအများစုဟာလည်း ဒီနေ့ခေတ်မှာ အနီးအနား အာဆီယံဒေသတွင်းနိုင်ငံများသာမက၊ ဝေးလံဒေသ ဥရောပ အမေရိကထိ ပြည်ပခရီးစဉ်များစွာနဲ့ ရင်းနှီးလာကြပါတယ်။ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ခရီးတခု အစပြုဖို့ မိမိနေအိမ်မှ ထွက်ခွာပြီဆိုတာနဲ့ ဆိုက်ရောက်ရာအရပ်မှာ အရေးတကြီးလိုအပ်တာကတော့ လုံခြုံစိတ်ချစွာ နားနေအိပ်စက်ဖို့ ကျောတခင်းစာနေရာပါ။

ဒီဆောင်းပါးမှာ ကမ္ဘာအနှံ့ ခရီးဆန့်ကြမယ့်သူတွေအတွက် hospitality service ခေါ်တဲ့ homestay တည်းခိုစရာနေရာများကိုဧည့်သည် (guest) အနေဖြင့် online booking လုပ်နိုင်မယ့်၊ အခန်းနေရာပိုင်ရှင် (host) အနေဖြင့် မိမိပိုင် အခန်းနေရာကို list လုပ်ကာ ကြေညာနိုင်မယ့် Airbnb website အကြောင်း တင်ပြလိုပါတယ်။

Image Source: https://www.airbnb.com/

လွန်ခဲ့တဲ့ ၉ နှစ် (August 11, 2008) က စတင်တည်ထောင်ခဲ့တဲ့ Airbnb ဟာ အခန်းရှင်နဲ့ အခန်းငှားသူကြား ချိတ်ဆက်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတခုပါ။ သူ့မှာ www.airbnb.com ဆိုုတဲ့ website ရှိသလို iOS၊ Andriod၊ Apple Watch စတဲ့ mobile application များလည်း ရှိပါတယ်။ သုံးစွဲသူများဟာ အဆိုပါ Airbnb မှာ host (သို့) guest အနေဖြင့် အခမဲ့ registration လုပ်နိုင်ပါတယ်။

Registration ပြုလုပ်ပြီးလို့ အခန်းငှား booking တင်တော့မယ်ဆိုရင် website ကနေ ညွှန်ကြားချက်အတိုင်း verify လုပ်ရပါတယ်။ အမည်ရင်း၊ အီးမေးလ်၊ ဖုန်းနံပါတ်၊ ငွေပေးချေရန်အတွက် payment information (credit/debit ကဒ်များ), အစိုးရမှ ထုတ်ပေးသည့် သက်သေခံကတ်ပြား passport (သို့) NRC တို့ကို လိုအပ်ချက်အတိုင်း verify လုပ်ရန် တင်ရပါတယ်။ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်သင့်လျော်တယ်ဆိုရင် မိနစ်ပိုင်းအတွင်းမှာ verify ဖြစ်ကြောင်း ပြန်အကြောင်းကြားပါတယ်။ ပြီးရင်တော့ host အနေနဲ့ဖြစ်ဖြစ် guest အနေနဲ့ဖြစ်ဖြစ် လိုအပ်သလို လွယ်ကူ မြန်ဆန် စိတ်ချစွာ ဆက်လက်လုပ်ဆောင်လို့ရပြီဖြစ်ပါတယ်။

Image Source: https://www.airbnb.com/

အပျော်ခရီးသွားမယ့် guest များအနေနဲ့ Airbnb မှာ နေစရာအတွက်သာ ရနိုင်တာမဟုတ်ဘဲ၊ သွားရောက်လည်ပတ်မယ့် နေရာဒေသက food tour, biking, trekking စတဲ့ activity များ လုုပ်ဆောင်နိုုင်ရန်အတွက် ဝန်ဆောင်မှုများကိုလည်း တွေ့ရှိ ချိတ်ဆက်နိုင်လို့ ခရီးသွားခြင်းအတွက် one-stop website လို့တောင် ဆိုနိုင်ပါတယ်။

Image Source: https://www.airbnb.com/

Guest များအတွက်

အခန်းမငှားခင် နေရာ၊ ဈေးနှုန်း၊ အခန်းရနိုင်မယ့် ရက် စတဲ့ အဓိကအချက်တွေသာမက host နှင့် အပြန်အလှန် မက်ဆေ့ချ်ပို့ မေးမြန်းတီးခေါက်ခြင်း၊ အခန်းအနေအထား၊ အခန်းကို ငှားရမ်းနေထိုင်စဉ် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ booking cancellation အစရှိသည့် T&C များ၊ host ဘက်မှ provide လုပ်မယ့်အရာများ (ဥပမာ – hair dryer, wifi, shampoo) နှင့် အရင်နေထိုင်သွားတဲ့ ဧည့်သည်များရဲ့ review များကိုပါ တပါတည်း သုံးသပ်အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။

Host များအတွက်

မိမိမှာရှိတဲ့ ကျောတခင်းစာ၊ ဆိုဖာရှည်တလုံးစာ၊ အိပ်ခန်းတစ်ခန်းစာမှ အစ၊ အိမ်ခန်းတစ်ခန်းလုံး၊ အိမ်တစ်ဆောင်လုံး၊ ခြံတစ်ခြံလုံး၊ ကျွန်းတစ်ကျွန်းလုံး အဆုံး ပိုင်ဆိုင်သမျှ၊ ငှားရမ်းချင်သမျှ အကုန် list လုပ်နိုင်ပါတယ်။

ဧည့်သည်များဘက်မှ အခန်းရှင်နှင့် အခန်းအခြေအနေများရဲ့ review များ ဖတ်ရှုအကဲဖြတ်နိုင်သလို၊ အခန်းရှင်များဘက်ကလည်း မိမိအခန်းကို ငှားရမ်းနေထိုင်မယ့်သူရဲ့ သတင်းအချက်အလက်များနဲ့တကွ အရင် လက်ခံငှားရမ်းခဲ့သည့် အခန်းရှင်များရဲ့ မှတ်ချက်များကိုပါ ဖတ်ရှု အကဲဖြတ်နိုင်မှာပါ။

ဈေးနှုန်းများကိုလည်း တစ်ရက်စာ၊ တစ်ပတ်စာ၊ တစ်လစာ အတွက် ရာသီအလိုက် အခန်းရှင် စိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် host ဘက်မှ guest အတွက် ခရီးတိုထွက်ခြင်း အစရှိတဲ့ ဝန်ဆောင်မှုများ ပေးနိုင်ပါသေးတယ်။

Airbnb ဘက်မှ

Airbnb ရဲ့ အဖွဲ့ဝင် guest များနဲ့ host များအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး လုံခြုံစိတ်ချကြစေဖို့ user profile များကို rating & review စနစ်နဲ့ တည်ဆောက်ပေးထားပါတယ်။ trust & safety အတွက် နှစ်ဦးနှစ်ဘက် စီစစ်နိုင်ကြပါတယ်။

ဒါ့အပြင် Airbnb က အိမ်ရှင်ကို အခန်းပြင်ဆင်ပုံ၊ ဧည့်သည်အား ဝန်ဆောင်မှုပေးပုံု၊ အိမ်ခန်းအကြောင်း သတင်းအချက်အလက်ပေးပုံ၊ တည်းခိုစဉ် အသုံးပြုရန် ပေးသင့်တဲ့ ပစ္စည်းများ၊ မီးဘေး ရေဘေး အစရှိတဲ့ သဘာဝဘေးအန္တရယ်များနဲ့ အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ကာကွယ် လုုပ်ဆောင်ရမယ့် အချက်အလက်များကိုုလည်း website မှာ အကြံပြု ထားပါတယ်။ အိမ်ရှင်အတွက် အခန်း (သို့) ပစ္စည်းများ ဆုံုးရှုံးပျက်စီးမှုအတွက် အာမခံအစီအစဉ်လည်း ရှိပါတယ်။

အိမ်ခန်းငှားခ ဈေးနှုန်းကိုုလည်း Airbnb မှာ list လုပ်ပြီ ဆိုတာနဲ့ နီးစပ်ဆင်တူရာ အခန်းများရဲ့ နှုန်းထားပေါ် မူတည်ပြီး အခန်းရှင်ကိုု အကြံပြုမှာပါ။ ဒါပေမယ့် ဈေးနှုန်းကိုတော့ အခန်းရှင်စိတ်ကြိုက် ဆုံးဖြတ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

Guest နဲ့ host နှစ်ဦးနှစ်ဘက် ပြေလည်ကြပြီဆိုရင်တော့ တည်းခိုမည့်သူအပေါ် guest service fees 6% မှ 12% ထိ၊ အခန်းရှင်အပေါ် host service fees 3% မှ 5% ထိ ဝန်ဆောင်ခ ယူမှာ ဖြစ်ပါတယ်။ excursion လိုု အိမ်ရှင်ဘက်မှ offer လုပ်သော ဝန်ဆောင်မှုမျိုးအတွက်တော့ ကော်မရှင် 20% ယူပါလိမ့်မယ်။

ကနဦး အတွေးအခေါ်

Airbnb ကို တည်ထောင်သူ Brian နဲ့ Joe တိုု့နှစ်ဦးဟာ သူတိုု့ငှားထားတဲ့အခန်းအတွက် ငှားခပေးရန် ငွေလိုတဲ့အတွက် ဧည့်ခန်းမှာ အိပ်စရာ လေထိုးမွေ့ယာနဲ့ စားစရာ မနက်စာပြင်ပေးပြီး ငွေရှာဖို့ အကြံရခဲ့ရာက စပါတယ်။ Airbnb ရဲ့ အရှည်က Air bed and breakfast ဖြစ်ပါတယ်။ ကနဦးက ဘိုင်ပြတ်နေသူ နှစ်ဦးပေါင်းပြီး ငွေစကြေးစ နည်းနည်း ရလိုရငြားအကြံနဲ့ စတင်ခဲ့တာပါ။

အဲဒီအချိန် အဲဒီမြို့မှာ Industrial Design Conference ကျင်းပနေချိန် တည်းခိုစရာနေရာ ငှားဖို့ရန် ခဲယဉ်းနေတဲ့ အချိန်ကြပ်ကြီးဖြစ်တာကြောင့် ငှားမယ့်သူတွေ ရောက်လာပြီး သူတို့ရဲ့စိတ်ကူးအကြံဉာဏ်ဟာ အထမြောက်ခဲ့ပါတယ်။ အဲဒီကစ မနက်စာ ဆီရီယယ်များ ဖန်တီးရောင်းချရင်း နှစ်လအတွင်း ဒေါ်လာသောင်းဂဏန်း ရှာဖွေနိုင်ခဲ့ပါတယ်။ 2009 မတ်လမှာ အသုံုးပြုသူပေါင်း 10,000 နဲ့ listing လုုပ်လာသော lodging ပေါင်း 2,500 ထိ ရှိခဲ့ပါတယ်။

Image Source: https://www.airbnb.com/

2017 မတ်လမှာတော့ ကုုမ္ဗဏီတန်ဖိုုးဟာ USD 31 ဘီလီယျံထိ ရှိနေပါပြီ။ အသုံးပြုသူပေါင်း 150 မီလီယျံ၊ နိုုင်ငံပေါင်း 191 နိုုင်ငံမှ မြို့ကြီးပေါင်း 65,000 မြို့ကနေ listing လုုပ်ထားတဲ့ lodging ပေါင်း 3 မီလီယျံကျော်ထိ ရှိနေပါပြီ။

မြန်မာပြည်မှ ခရီးသွားများအတွက်

ခရီးသွားအေဂျင်စီ အမျိုးမျိုးနဲ့ ချိတ်ဆက်ပြီး ကိုယ်တိုင် စုံစမ်းမေးမြန်းစရာမလိုဘဲ သက်တောင့်သက်သာ ခရီးသွားလိုု့ ရနိုင်တယ်ဆိုပေမယ့် လူတကိုယ် အကြိုက်တမျိုးလောကမှာ ကိုုယ့်သဘောနဲ့ကိုုယ် ခရီးစဉ်ရေးဆွဲလိုုသူတွေ၊ ရောက်ရာအရပ်မှာ formal ဆန်သည့် ဟိုုတယ်ခန်းများတွင် တည်းခိုုရခြင်းအား မနှစ်သက်သူတွေ၊ ဟိုုတယ်ဝန်ထမ်းများနှင့်သာ သမားရိုုးကျ ပြောဆိုုဆက်ဆံရသည်ကိုု ငြီးငွေ့သူတွေ၊ တည်းခုုိစရိတ်များစွာ အကုုန်ကျ မခံလိုုဘဲ သင့်တင့်လျောက်ပတ်သော ဈေးနှုန်းဖြင့် တည်းခိုု၍ ဒေသခံအိမ်ရှင်များနှင့် မိတ်ဖွဲ့ရင်းနှီး ဒေသန္တရဗဟုုသုုတ ရလိုုသူတွေ၊ အများနဲ့ မရောနှောဘဲ တကိုုယ်တော် (သိုု့) ရင်းနှီးရာ အုုပ်စုုလုုိက် tour guide ရဲ့ အချိန်ဇယားအတိုုင်းမဟုုတ်ဘဲ စိတ်ကြိုက် free & easy လွင့်လိုုသူတွေအတွက် Airbnb ဟာ အကြိုက်တွေ့စေမယ့် travel, hospitality service platform တခုုပါပဲ။

မြန်မာပြည်မှ အခန်းရှင်များအတွက်

မြန်မာပြည်က listing ပေါင်း 140 ခန့်ကိုုလည်း Airbnb website ပေါ်မှာ တွေ့ရပါတယ်။

အာဆီယံဒေသတွင်းနိုုင်ငံများတွင်ပင် တွင်ကျယ်နေပြီဖြစ်သော homestay ငှားရမ်းနေထိုုင်ခြင်းများ မြန်မာပြည်မှာ လတ်တလော မတွင်ကျယ်သေးပေမယ့် အစိုုးရမူဝါဒတွေဟာ နိုုင်ငံအခြေအနေ အချိန်အခါ တောင်းဆုုိချက်များအရ လိုုက်လျောညီထွေ ပြောင်းလဲရတာဖြစ်လိုု့ မကြာခင်ကာလမှာ မြန်မာပြည်အတွက် အရင်းအနှီး အထွေအထူး ကုုန်ကျစရာ မလုုိ၊ အင်အား လွန်စွာ စိုုက်ထုုတ်စရာမလိုုတဲ့၊ online က website ပေါ်မှာ listing လုပ်ရုံနဲ့ ဝင်ငွေတိုးပွားစရာ အလားအလာရှိတဲ့ လမ်းကြောင်းတခုု ဖြစ်ပါတယ်။

မြန်မာပြည်မှ entrepreneur IT geek များအတွက်

အခြားတိုင်းပြည်မှ Uber, Grab အစရှိတဲ့ taxi booking အွန်လိုင်း ဝန်ဆောင်မှုလုပ်ငန်းများနှင့် ယှဉ်၍ ပြည်တွင်းမှ Oway, Hello Cabs လုပ်ငန်းများ ဖြစ်ထွန်းနိုင်သလို ပြည်တွင်း homestay service များတွင်ကျယ်နိုင်သည့် အချိန်မှာ Airbnb, Agoda, Homeaway တို့နဲ့အပြိုင် မြန်မာပြည်ရဲ့ hospitality service platform များလည်း ပေါ်ထွက်လာနိုင်ဖို့ သတိပြု စိတ်ကူးမိစရာ အကြောင်းအရာတခုအဖြစ် ရေးသားလိုက်ပါတယ်။