ပညာရှာလူငယ်များအတွက် ပညာရေးဆိုင်ရာ အထောက်အကူပြု ဖေ့စ်ဘုတ် Page (၅) ခုနှင့် Group (၅)ခု

“ယနေ့ခေတ်သည် ပညာခေတ်” ဟုဆိုခြင်းထက် “ယနေ့ခေတ်သည် အိုင်တီ(IT)ခေတ်” ဖြစ်သည်ဟု ဆိုသော် ပို၍ မှန်ကန်ပေလိမ့်မည်။ နည်းပညာတိုးတက်လာခြင်းနှင့်အတူ တယ်လီဖုန်းအော်ပရေတာများ၏ ရင်းနှီးမြှုပ်နှံများ များပြားလာသည်နှင့်အမျှ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံနီးပါးသည် မိုဘိုင်းဖုန်းများကို ကိုင်ဆောင်အသုံးပြုလာကြသည်။ အင်တာနက်များ လွယ်ကူစွာ အသုံးပြုလာနိုင်သည့်အတွက်လည်း မိုဘိုင်းဖုန်းသုံးစွဲသူအများစုတွင် အနည်းဆုံး ဖေ့စ်ဘုတ် အကောင့်တစ်ခုစီ ရှိတတ်ကြသည်။ အထူးသဖြင့် လူငယ်များ၏ လူမှုကွန်ရက်သုံးစွဲနှုန်းမှာ ပို၍ များပြားလာသည်ကို တွေ့ရပေသည်။
ယခု ဤဆောင်းပါးသည် ဖေ့စ်ဘုတ်သုံးစွဲသူ ကျောင်းသားလူငယ်များအတွက် ပညာရေးဆိုင်ရာ သတင်းအချက်အလက်များ၊ လေ့လာမှတ်သားဖွယ်ရာများ၊ ပညာသင်ဆုများအကြောင်းကို စဉ်ဆက်မပြတ် အချိန်နှင့်တပြေးညီ တင်ပေး၊ ဝေမျှပေးနေသော Page များ၊ Group များအကြောင်း ဖော်ပြပေးမည်ဖြစ်သည်။
ပညာရေးဆိုင်ရာ အထောက်အကူပြု စာ (၅) ခုမှာ –

(၁) Ministry of Education, Myanmar

ဤ Page သည် အစိုးရ၏ တရားဝင် အသိအမှတ်ပြု Page တစ်ခုလည်း ဖြစ်သည့်အပြင် Blue mark ရထားသော Page တစ်ခုလည်း ဖြစ်ပါသည်။ နိုင်ငံတွင်း ပညာရေးဆိုင်ရာသတင်းအချက်အလက်များ၊ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ၊ တက္ကသိုလ်ဝင်ခွင့်စာရင်းများ၊ အစိုးရပညာသင်ဆုများ အစရှိသည့် ပညာရေးဆိုင်ရာ အချက်အလက်များကို မှန်မှန်နှင့် မြန်မြန် ဖော်ပြပေးလျက် ရှိသည်။ ပညာရေးနယ်ပယ်မှ လူများအနေဖြင့် Like လုပ်ထားသင့်သော Page တစ်ခုလည်း ဖြစ်သည်။
http://www.moe.gov.mm/
https://www.facebook.com/moe.gov.mm

(၂) Myanmar Education Directory – EDGE

ဤ Page သည်လည်း ပညာရေးဆိုင်ရာ သတင်းအချက်အလက်များ၊ လှုပ်ရှားမှုပုံရိပ်များ၊ Diploma သင်တန်းများ၊ လူငယ်အထောက်အကူပြုသင်တန်းများ အကြောင်းကို လမ်းညွှန်ပြသပေးသော အထောက်အကူပြု Page တစ်ခုလည်း ဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ၊ ပညာရေးကို မျက်ခြေမပြတ်လိုသူများ၊ ပညာရေးနှင့် ပတ်သက်၍ ကောင်းနိုးရာရာ သင်တန်းကျောင်းများအကြောင်း သိလိုသူများအတွက် ဝင်ဆောင်ခပေးစရာမလိုဘဲ တစ်နေရာထဲတွင် တစ်စုတစ်စည်းတည်း ကြည့်နိုင်မည့် Page လည်း ဖြစ်ပါသည်။
http://www.edge.com.mm
https://www.facebook.com/myanmareducationdirectory

(၃) Lae Lar – လေ့လာ

ဤ Page သည် မြန်မာနိုင်ငံ အခြေပြုပညာရေးကုမ္ပဏီတစ်ခုမှထောင်ထားသော Page တစ်ခုဖြစ်ပါသည်။ သင်တန်းသို့ သွားရောက် တက်ရောက်ရန် အချိန် မပေးနိုင်သူများအတွက် Online learning လုပ်နိုင်ရန် အကူအညီပေးသော အထောက်အကူပြု Page တစ်ခုလည်း ဖြစ်ပါသည်။ သင်ခန်းစာအများစုကိုချိတ်ဆက် Link လုပ်ထားသော Group တွင် အများဆုံးတင်လေ့ရှိပါသည်။ Online learning လုပ်လိုသူများအတွက် အကူအညီဖြစ်မည့် Page ဖြစ်မည်ဟုလည်း မျှော်လင့်မိပါသည်။
https://laelar.com/
https://www.facebook.com/laelarMyanmar

(၄) SHARE Scholarship

ဤ Page သည် ASEAN နိုင်ငံများမှ ချိတ်ဆက်ထားသော တက္ကသိုလ်များအချင်းချင်း စာသင်နှစ် (semester) တစ်ခုစာ သွားရောက် ပညာသင်ယူရသော Student Exchange Program များအကြောင်းကို တင်ပေးသော Page တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံမှ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရေကြောင်းပညာတက္ကသိုလ်များနှင့် ချိတ်ဆက်ထားပြီး ထိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားနိုင်သော တစ်ဖက် အာဆီယံနိုင်ငံမှ တက္ကသိုလ်များဆီသို့ ပို့ဆောင်ပေးသော ပညာသင်ဆုပရိုဂရမ်ဖြစ်သည်၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် Like လုပ်ထားသင့်သော Page လည်းဖြစ်ပါသည်။
http://www.share-asean.eu/activities/scholarship
https://www.facebook.com/sharescholarship

(၅) Free Scholarships

ဤ Page သည် international page တစ်ခုဖြစ်ပြီးနိုင်ငံအရပ်ရပ်မှ ပညာသင်ဆုများကိုအချိန်နဲ့ တပြေးညီတင်ပေးနေသော Page လည်း ဖြစ်သည်။ မိမိ တက်ရောက်လိုသောအထူးပြုဘာသာရပ်နှင့် သွားရောက်လိုသောနိုင်ငံကို သေချာရှာဖွေနိုင်ပါကအများအပြား အထောက်အကူပြု Page တစ်ခုဖြစ်ပါသည်။ Scholarship လျှောက်ရန် ရည်ရွယ်ထားပါက IELTS / TOFEL / SAT များကို အကောင်းဆုံး ပြင်ဆင်ထားဖို့လည်း အကြံပြုပါရစေရှင်။
https://www.facebook.com/freescholarships/
http://fscho.com/

ပညာရေးဆိုင်ရာ အထောက်အကူပြု Group များ

(၁) Myanmar scholars and researchers and Myanmar educational advisor group

ဤ Group သည် ပညာသင်ဆုများ၊ research များ၊ ပညာရေးဆိုင်ရာများကို မျှဝေပေးရုံသာမက မိမိသိလိုသည်များ ဆွေးနွေးနိုင်သည့် Group လည်း ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဝင်ရောက်ထားသင့်သည့် Group လည်း ဖြစ်သည်။
https://www.facebook.com/groups/356446527731551

(၂) Myanmar educational information

သူကလည်း ပညာရေးအကြောင်းကို အများဆုံး Share ပေးသော Group ဖြစ်သည်။ ကျောင်းသား ကျောင်းသူများအတွက်သာမက လူကြီးများပါ ဝင်ရောက်သင့်သော Group ဖြစ်သည်။ သို့သော် တချို့သောသတင်းများမှာ ကောလဟလသတင်းများလည်း ရှိတတ်ကြောင်းကိုလည်း ကြိုတင်မေတ္တာရပ်ခံပါရစေ။
https://www.facebook.com/groups/258039641038399

(၃) Scholarship & work vacancy

ဤ Group သည် ပညာသင်ဆုများသာမက အလုပ်အကိုင်အခွင့်အလမ်းများကိုပါ မျှဝေပေးသော Group ဖြစ်သည်။ အ၀ေးသင်တက်သူများ၊ အလုပ်လုပ်လိုသူများအတွက် အသင့်တော်ဆုံးသော Group ဖြစ်ပါသည်။
https://www.facebook.com/groups/117600661698310

(၄) Erasmus Trainings & Scholarships & Youth Exchanges

ဤ Group သည် ပညာသင်ဆုများ၊ exchange program များ၊ training course များကို up-to-date တင်ပေးသော Group ဖြစ်သည်။ international group ဖြစ်သည့်အတွက် မြန်မာကျောင်းသားများအတွက် အခက်အခဲ ရှိနိုင်သော်လည်း အမှန်တကယ် အကျိုးပြုသော Group ဖြစ်သည့်အတွက် ကျောင်းသားတိုင်း join ထားသင့်သော Group ဖြစ်သည်။
https://www.facebook.com/groups/373329859669350

(၅) Study Abroad

သူကလည်း international group ဖြစ်ပြီး ပညာသင်ဆုများအကြောင်းအပြင် study abroad သွားချင်သူများအတွက် လိုအပ်ချက်များကိုလည်း ဖော်ပြပေးသော group ဖြစ်သည်။ study abroad သွားဖို့အတွက် စိတ်အားထက်သန်နေသူများအနေဖြင့် join သင့်သော group လည်း ဖြစ်ပါသည်။
https://www.facebook.com/groups/208788369231688

ယခုနောက်ဆုံးဖော်ပြချင်တာကတော့ study abroad လည်းသွားချင်ပြီး scholarship ကို လိုချင်သောလူကြီး၊ လူငယ်တိုင်း subscribe လုပ်ထားသင့်တဲ့ website လေးကို အပိုစောင်း ပြောပြပါရစေ။ သူကတော့ www.scholars4dev.com ပဲဖြစ်ပါသည်။ ထို website ထဲ ဝင်ရောက်ပြီး မိမိ email ကို subscribe လုပ်ထားရုံဖြင့် မိမိ email ထံ scholarship များကို up-to-date ပို့ပေးနေမှာ ဖြစ်ပါသည်။
ယခု ဖော်ပြပါ ဖေ့စ်ဘုတ် Page များ Group များ ကို အမြန်ဆုံး Like, Join လုပ်ပြီး ဖြောင့်ဖြူးသော ပညာရေးပန်းတိုင်ကို အလျင်မြန်ဆုံး ရောက်နိုင်ကြပါစေရှင်။
Ref: Facebook
မသုန္ဒရီဦး