နည်ပညာနဲ့ဖျော်ဖြေရေး လောကထဲက Netflix

Image Source: https://www.netflix.com/mm/

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်တစ်ဖဝါးစာ စမတ်ဖုန်းတွေကနေ ရုပ်ရှင်ကြည့်ခြင်း အလေ့အထ ခေတ်စားနေတာကို ရုံးသွားရုံးပြန် ၊ ကျောင်းသွားကျောင်းပြန် ဖယ်ရီကား ၊ ဘတ်စ် ကားတွေပေါ်ကလူငယ်တွေကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ ရုပ်ရှင် ၊ TV စီးရီး တွေကို မြန်မာဘာသာပြန်စာတန်ထိုး website တွေကနေ download လုပ်ရယူပြီး ကြည့်ရူနေကြသော်လည်း မြန်မာနိုင်ငံအတွက် ဝန်ဆောင်မူ ပေးနေပြီဖြစ်တဲ့ Netflix (online streaming video ဝန်ဆောင်မူ) ကိုလူသိနည်းနေတဲ့အပြင် ၊ အသုံးပြုသူ မရှိသလောက်ပါ ။ ဒါကြောင့် ကျွန်တော်က ဒီဆောင်းပါးလေးကနေ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ နဲ့ နည်းနည်းစိမ်းနေသေးတဲ့ နည်းပညာနဲ့ ဖျော်ဖြေရေးပေါင်းစပ်ထားတဲ့ Netflix ရဲ့ အကြောင်းနဲ့ ဝန်ဆောင်မူ အချိူ့ကို လက်လှမ်းမှီသလောက် ရေးသားဖော်ပြပေးမှာပါ။ Netflix လို online streaming video ဝန်ဆောင်မူကနေ ရုပ်ရှင်၊ TV စီးရီး တွေ ကြည့်မယ်ဆိုရင် အင်တာနက် လိုင်းဆွဲအားကောင်းမွန်တဲ့ အိမ်သုံး Wifi ဒါမှမဟုတ် အိမ်သုံး ဖိုက်ဘာအင်တာနက်မျိူး တွေနဲ့မှ သင့်တော်မှာပါ။ ကျွန်တော်တို့ ပြည်တွင်းမှာလူသုံးများတဲ့ မိုဘိုင်း အင်တာနက် (MPT, Ooredoo, Telenor) နဲ့အသုံးပြုမယ် ဆိုရင်တော့ ဆင်ပါးစပ်နှမ်းပက်သလို ဘေလ်ဖြည့်မလောက်နဲ့ အကုန်အကျ လွန်စွာမြင့်မားနိုင်တာကြောင့် အပေါ်မှာပြောခဲ့တဲ့ အိမ်သုံး wifi ၊ ဖိုက်ဘာအင်တာနက်တွေနဲ့သုံးဖို့ အကြံပြုပါရစခင်ဗျာ။

Netflix ဟာ အမေရိကန်ဖျော်ဖြေရေးနည်းပညာ ကုမ္ပဏီတစ်ခုပါ။ Reed Hastings နဲ့ Marc Randolph တို့က သြဂုတ်လ ၂၉ရက် ၊ ၁၉၉၇ ခုနှစ် တွင် California ပြည်နယ် Scotts Valley မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်အရောက်မှာ ရုပ်ရှင် နှင့် တီဗွီ စီးရီးတွေကို အွန်လိုင်း ကဖြန့်ချိတဲ့ နည်းပညာ လောကထဲကိုဝင်လာခဲ့ပါတယ်။ ယခု လက်ရှိ Netflix ရုံးချူပ်ကတော့ ကယ်လီဖိုးနီးယားပြည်နယ် Los Gatos မှာတည်ရှိပြီး လုပ်ငန်းများ လည်ပတ်လျှက်ရှိပါသည်။ ယခုလက်ရှိ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၀ ကိုဝန်ဆောင်မူ ပေးနေပါတယ်။ ၂၀၁၆ ခုနှစ်မှာ Netflix ရဲ့ စုစုပေါင်းရှယ်ယာတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံအထိရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း Netflix ဝန်ဆောင်မူကို အသုံးပြုသူပေါင်း ၁၀၉.၂၅မီလီယံ အထိ ရှိနေပြီး ကောင်းမွန်တဲ့ ရလဒ်နဲ့ သုံးစွဲသူတွေကို ပိုင်ဆိုင်ရရှိနေတဲ့ ကုမ္ပဏီတစ်ခုပါ။

အောင်မြင်မူတွေဟာ ကြီးကျယ်ခမ်းနား သလောက် အောင်မြင်မူရဲ့ ဘဝအစဟာလည်းအံ့သြစရာကောင်းပါတယ်။ Netflix ဟာ DVD အခွေငှားရမ်းခြင်းနဲ့ DVD အခွေရောင်းချခြင်းနဲ့အစပျိူး ခဲ့တာပါ။ အခွေငှားရမ်းခြင်းနဲ့ရောင်းချခြင်းကို အစဉ်တစ်စိုက်လုပ်ဆောင်ရာကနေ ၂၀၀၇ခုနှစ်အရောက်မှာတော့ Streaming Media လောကထဲ ကိုမြေစမ်းခရမ်းပျိုးလိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ်အရောက်မှာတော့ Netflix ရဲ့ Streaming ဝန်ဆောင်မူကို ကနေဒါနိုင်ငံက ပထမဆုံးစတင်အသုံးပြုနိုင်ခဲ့ပါတယ်။ ဝန်ဆောင်မူကို တဖြည်းဖြည်း တိုးချဲ့လာရာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ တွင် မြန်မာနိုင်ငံအပါအဝင်စုစုပေါင်းနိုင်ငံ ၁၉၀ အထိဝန်ဆောင်မူပေးနိုင်လာခဲ့ပါပြီ။

ရုပ်ရှင်နှင့် တီဗွီစီးရီးထုတ်လုပ်ပြသတဲ့အပိုင်းမှာတော့ House Of Card တီဗွီစီးရီးကို Netflix ရဲ့ပထမဆုံး တီဗွီစီးရီးအဖြစ် ၂၀၁၃ ခုနှစ်မှာ ဖြန့်ချိနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တီဗွီစီးရီးတွေရော ရုပ်ရှင်တွေပါ ရိုက်ကူးထုတ်လွင့်ခဲ့ပါတယ်။ တီဗွီစီးရီးနှင့်ရုပ်ရှင်ဇာတ်ကားပေါင်း ၁၂၆ ခုအထိ ၂၀၁၆ ခုနှစ်မှာဖြန့်ချိနိုင်ခဲ့ပါတယ်။ Netflix ဟာ ကမ္ဘာတစ်ဝန်းအသုံးပြုသူပေါင်း ၁၀၉.၂၅ မီလီယံ ရှိသည့်အနက် ၅၂.၇၇ မီလီယံဟာ အမေရိကန်နိုင်ငံသား အသုံးပြုသူတွေဖြစ် ကြောင်းကြေငြာထားပါတယ်။

www.netflix.com/singup/registration မှတစ်ဆင့် စာရင်းပေးသွင်းပြီး ဝန်ဆောင်မူကို ရယူနိုင်ကာ ပထမဆုံးစတင်အသုံးပြုသည့် လကို လက်ဆောင်အဖြစ် အခမဲ့ သုံးစွဲနိုင်ပါတယ်။ ရွေးချယ်ကြည့်ရူစရာ အနေနဲ့ Basic -Standard – Premium ဆိုပြီး အစီအစဉ်သုံးမျိုးရှိပြီး မိမိနဲ့ အဆင်ပြေသင့်လျော်မယ်ထင်တဲ့ အစီအစဉ်ကို ရွေးချယ်ဝယ်ယူ နိုင်ပါတယ်၊ Basic အစီအစဉ် ဝယ်ယူထားသူ ဟာလည်း Standard အစီစဉ်ကို ကျသင့်ငွေ ထပ်ပေးကာ အချိန်မရွေး ပြောင်းနိုင်သလို Premium အစီစဉ်မှလည်း Standard အစီစဉ်ကို အချိန်မရွေးပြောင်းနိုင်ပါတယ်။ အစီစဉ်သုံးခု ရဲ့စျေးနှုန်းတွေနဲ့ အသေးစိပ် အချက်လက်တွေကို စုဆောင်းဖော်ပြပေးလိုက်ပါတယ်။

HD နဲ့ Ultra HD ရရှိနိုင်မူ မှာအသုံးပြုသူရဲ့အင်တာနက်လိုင်းကောင်းမွန်မူ နှင့် အသုံးပြုသူရဲ့ TV/Tablet/Phone/PC ရဲ့ဂအရည်အသွေးနဲ့လည်းသက်ဆိုင်ပြီး ၊ရုပ်ရှင်ဇာတ်ကားများနှင့် တီဗွီစီးရီး အားလုံးကို HD /Ultra HD အနေနဲ့ရယူကြည့်ရူနိုင်မှာ မဟုတ်ဘူးလို့ Netflif ကသတိပေးစကားဆိုထားပါတယ်။ DVD plan ဆိုတဲ့ ထပ်စောင်းဝန်ဆောင်မူ တစ်မျိုးကိုတော့ အမေရိကန်နိုင်ငံ အတွင်းပဲအသုံးပြု၍ရနိုင်ပါသေးတယ်။

Image Source: https://www.netflix.com/mm

Netfil ရဲ့ ဝန်ဆောင်မူနဲ့ လစဉ်ကြေးတွေကိုပြောပြီးပြီဆိုတော့ ခုမှစတင် စမ်းသပ်အသုံးပြုမယ့်သူတွေအတွက် Netflix ပေါ်မှာ ရေပန်းစားလူကြိုက်များ လျက်ရှိပြီး မဖြစ်မနေ ကြည့်ရူသင့်တဲ့ ရုပ်ရှင်ဇာတ်ကား နဲ့ တီဗွီစီးရီးတချိူ့ကို ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း Netflix သုံးစွဲသူတွေအကြား ရေပန်းအစားဆုံး ရုပ်ရှင်ဇာတ်ကား (၁၀) ကားကတော့

Image Source: https://www.netflix.com/mm

(၁) okja (အက်ရှင်ဇာတ်ကား)
(၂) Gerald’s Game (ထိတ်လန့်ဖွယ်ဇာတ်ကား)
(၃) Mudbound (ဒရာမာဇာတ်ကား)
(၄) The Meyerowitz Stories (ဟာသ)
(၅) I Don’t Feel at Home in this world anymore(ဒရာမာ)
(၆) Little Evil (သည်းထိတ်ရင်ဖို)
(၇) Bright (သပ္ပံနယ်လွန်)
(၈) War Machine (ဟာသ)
(၉) The Babysitter (သည်းထိတ်ရင်ဖို)
(၁၀) 1992 (သည်းထိတ်ရင်ဖို)
အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်ဖြစ်ပြီး…..

Netflix သုံးစွဲသူတွေအကြား လူကြိုက်များ ရေပန်းစားနေတဲ့ တီဗွီစီးရီတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။

Image Source: https://www.netflix.com/mm

(1) Stranger Things
(2) House Of Card
(3) Orange is the New Black
(4) Black Mirror
(5) Unbreakable Kimmy Schmidt
(6) The Crown
(7) Narcos
(8) Daredevil
(9) BoJack Houseman
(10) Master of None

အစရှိတဲ့စီးရီးတွေ ကလူကြိုက်များအောင်မြင်လျက်ရှိပါတယ်။
ဒီဇင်ဘာ အားလပ်ရက်လည်း နီးလာပြီဖြစ်တာကြောင့် အိမ်မှာရုပ်ရှင်ဇာတ်ကားကောင်းကောင်းလေတွေနဲ့ နှပ်နေချင်သူတွေ ၊ နည်းပညာ အသစ်အဆန်း ဝန်ဆောင်မူတွေကို စမ်းသုံးချင်တဲ့ လူငယ်တွေအတွက် နည်းပညာနဲ့ ဖျော်ဖြေရေးပေါင်းစပ်ထားတဲ့ Netflix ရဲ့ ဝန်ဆောင်မူ တွေကိုမိတ်ဆက်ရေးပေးလိုက်ရပါတယ်။

Hein Moe