အခုနှစ်နှောင်းပိုင်းမှာ မိတ်ဆက်လာနိုင်ချေရှိတဲ့ Apple ရဲ့ Generative AI Feature

ပြီးခဲ့တဲ့ ကြာသပတေးနေ့ညနေခင်းမှာပဲ Apple ရဲ့ CEO Tim Cook က ကုမ္ပဏီအနေနဲ့ Generative AI Software တွေအတွက် ကြိုးစားနေပြီး ဒီနှစ်နှောင်းပိုင်းမှာ မိတ်ဆက်လာနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအချက်ဟာလည်း နောက်လာမယ့် iOS 18 မှာ “Operation System သမိုင်းမှာ အကြီးမားဆုံး Update တစ်ခုဖြစ်လာလိမ့်မယ်” ဆိုတဲ့ ကောလဟာလတွေနဲ့ နည်းနည်းလောက်တူညီနေပါသေးတယ်။  ဒီအခမ်းအနားမှာ Tim Cook အနေနဲ့ Generative AI ဆိုတဲ့စကားလုံးကို အကြိမ်ကြိမ်သုံးခဲ့ပေမယ့် တိတိကျကျ ပြောပြတာမျိုးတော့ မရှိပါဘူး။

အခုလပိုင်းလောက်မှာ Google နဲ့ Samsung အနေနဲ့  Advanced Photo Manipulation တွေ၊ တခြား AI အသုံးပြုထားတဲ့ လုပ်ဆောင်ချက်တွေကို အဓိကထားပြီး ရောင်းချနေကြတာလည်း ဖြစ်ပါတယ်။ Apple အနေနဲ့ အခုလို သူလုပ်နေတဲ့အရာတွေကို ထုတ်ပြောတာကတော့ အတော်လေးကိုရှားတဲ့ လုပ်ရပ်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဒီလိုအချက်တွေကို ကြည့်မယ်ဆိုရင် Apple အနေနဲ့လည်း သူတို့ရဲ့ Software Platform တွေဖြစ်တဲ့ iOS, iPadOS နဲ့ MacOS တွေကို AI နဲ့ပေါင်းစပ်သွားတော့မယ့် အလားအလာတွေကို တွေ့မြင်နေရပါပြီ။

“အသေးစိတ်တွေအများကြီးမပြောဘဲနဲ့ပြောရရင်တော့ Apple နဲ့ Generative AI ဒါမှမဟုတ် Apple နဲ့ AI ဆိုတဲ့ ပုံစံမျိုးဖြစ်လာနိုင်ချေ အခွင့်အရေးကြီးကြီးမားမား ရှိနေပါတယ်။” ဆိုပြီး Tim Cook အနေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။