Citizens Pay Account ထဲသို့ ငွေထည့်သွင်းပြီး လက်ဆောင်များရရှိနိုင်သည့် အစီအစဉ်စတင်

Myanmar Citizens Bank Ltd ဘဏ်ခွဲတိုင်းတွင် Citizens Pay Account ထဲသို့ ငွေသားသွင်းပြီး လက်ဆောင်ပစ္စည်းများ ကို ရယူနိုင်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါလက်ဆောင်မှာ အမိုက်စာ အိတ်လှလှလေးများဖြစ်ပြီး နီးစပ်ရာ မြန်မာနိုင်ငံသားများဘဏ် MCB ဘဏ်ခွဲများတွင် ၅၀,၀၀၀ ဖိုးနှင့်အထက် ငွေသွင်းရုံဖြင့် ရရှိနိုင်မည်ဖြစ်သည်။
Citizens Pay Account ထဲသို့ ငွေသွင်းပါက ဝန်ဆောင်ခ လုံးဝပေးစရာမလိုသည့်အပြင် လက်ဆောင်အနေဖြင့် အမိုက်စား အိတ်လှလှများရရှိမည်ဖြစ်သည်။ မှတ်ချက်တစ်ခုအနေဖြင့် ပစ္စည်းလက်ကျန်ရှိသည်အထိသာဖြစ်မည်ဖြစ်သည်။

Photo Source https://web.facebook.com/citizenspaymm/posts/841251603940949

Citizens Pay အသုံးပြုသူများအနေဖြင့် အောက်ပါ ဝန်ဆောင်မှုများကို ရရှိမည်ဖြစ်သည်။
(၁) ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ ငွေလွှဲခြင်း၊ လူမှုရေးကိစ္စ ဘေလ်ပေးဆောင်ခြင်း။
(၂) ဂိမ်း (Gaming) ကတစ်ဆင့် MLBB စိန်တွေ၊ PUBG UC တွေအပြင် အခြား Game Items မျိုးစုံအသုံးပြုနိုင်ခြင်း။
(၃) ဖျော်ဖြေရေး (Entertainment) မှ Canal+ လစဉ်ကြေးနဲ့ myCANAL ရှယ်၊ ထူးရှယ်ပက်ကေ့ချ်များ၊ Mahar နှင့် Viu တို့မှပက်ကေ့ချ်များ၊ iTunes ရဲ့ Apple Music Membership, iTunes ပက်ကေ့ချ်မျိုးစုံအပြင် Prepaid Gift Card မှ Gift Card များရရှိနိုင်ခြင်း။
(၄) အင်တာနက် (Internet) မှ 📡 Myanmar Net, Chindwin Net, Fortune Broadband, HiWiFi, Mahar Net, TelenorFTTH, TelenorWTTX, Tiger Net တို့အတွက် အင်တာနက်ဘေလ် လစဉ်ကြေးပေးဆောင်ခြင်းနဲ့ ပက်ကေ့ချ်များ ဝယ်ယူနိုင်ခြင်း။
(၅) အွန်လိုင်းဈေး (Ecommerce) မှ Capital Retail Myanmar, Khit Zay, Oway Fresh, Zay2Go, mBuyy.com, IKEA Myanmar, Farm Shop တို့အပြင် အခြားအွန်လိုင်းဈေးဝယ်ယူမှုများအတွက် ငွေပေးချေနိုင်ခြင်း။
(၆) ချေးငွေ (Loans) ထဲရှိ Fullerton Finance Myanmar, LOLC Myanmar, Mother Finance, Myanmar Citizens Bank, Rent2Own, Shwe Min Gan Finance စတဲ့ လုပ်ငန်းဝန်ဆောင်မှုတွေကနေ ချေးငွေလစဉ်ကြေးတွေ ပြန်ဆပ်နိုင် ခြင်း။
(၇) အာမခံ (Insuarnace) AYA SOMPO Insurance နဲ့ Capital Taiyo Life Insurance မှ ပရီမီယံအာမခံကြေး ပေးသွင်းခြင်းများအပြင် G&G Convenience Store ၊ Capital ဆိုင်တိုင်းနှင့် အခြားသော စီတီဇင်ပေး နှင့် ချိတ်ဆက်ထားသော ဆိုင်တိုင်းတွင် စီတီဇင်ပေး QR ကို scan ဖတ်၍ အဆင်ပြေလွယ်ကူစွာငွေပေးချေနိုင်ခြင်းတို့ဖြစ်သည်။
Citizens Pay App ကို အောက်ပါ Link တွင် Install ပြုလုပ်နိုင်ပါသည်။
https://bityl.co/7Gux