Original Second Hand ပစ္စည်းများကို အာမခံဖြင့် ရောင်းချပေးသော Sec Plaza E-Commerce App အကြောင်း

Sec Plaza ဆိုတာ Original Second Hand ပစ္စည်းတွေကို အာမခံဖြင့် သက်သာစွာရောင်းချပေးနေသော E-Commerce App တစ်ခုဖြစ်ပါတယ်။

Photo Source https://www.facebook.com/secplaza.mm

(၁) ပြဿနာတွေနဲ့ ဖုန်းတစ်လုံးဝယ်ယူဖူးပါသလား။
(၂) ၇ ရက်ကျော်မှ ပစ္စည်းရောက်လာတာမျိုး ကြုံဖူးပါသလား။
(၃) ကြေငြာထားတဲ့ပုံနဲ့ရောက်လာတဲ့ပစ္စည်း မတူညီတာမျိုးကြုံဖူးပါသလား။
(၄) သက်သာပြီး ယုံကြည်စိတ်ချရတဲ့ Second Hand ဖုန်းတစ်လုံးဝယ်ချင်ပေမဲ့ ဘယ်မှာဝယ်ရမလဲမသိ ဖြစ်နေပါသလား။
အဲ့ဒီပြဿနာအားလုံးကို Sec Plaza Application က ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့် Sec Plaza ကိုရွေးချယ် သင့်သလဲဆိုတော့ အောက်ပါ ဝန်ဆောင်မှုတွေကြောင့်ပါ။
(၁) ၇ ရက်အတွင်း ပစ္စည်းပြန်လဲနိုင်ခြင်း (Hardware အာမခံ)၊
(၂) ရက် ၁၈၀ အာမခံ (Software အာမခံ)၊
(၃) လျှင်မြန်သော Customer Service ၏ တုံ့ပြန်မှု၊
(၄) မြန်ဆန်သော ပစ္စည်းပေးပို့မှု၊
(၅) အုပ်စုဖွဲ့ ဝယ်ယူမှုများအတွက် သက်သာသော ဈေးနှုန်း၊
(၆) တစ်ခြားနေရာများတွင် ဝယ်ယူရန်ခက်ခဲသော Digital ပစ္စည်းများနှင့် နေ့စဉ် Log In ဝင်ခြင်း Video ကြည့်ခြင်းတို့ပြုလုပ်ရာမှ လျှော့ဈေးများရနိုင်ခွင့် တို့ပါဝင်ခြင်းကြောင့်ဖြစ်ပါတယ်။

Photo Source https://www.facebook.com/secplaza.mm

ယခုဆိုရင်လည်း အားလုံးအဆင်ပြေပြေ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် ဆိုင်ခန်းဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဆိုင်ခန်းလိပ်စာကတော့ အမှတ်၂၉၊ ခိုင်ရွှေဝါလမ်း၊ မိုးသောက်ပန်းတိုက်၊ မြေညီထပ်၊ လှည်းတန်း၊ ရန်ကုန်မြို့ဖြစ်ပါတယ်။ သိပ်မကြာခင် အချိန်အတွင်းမှာလည်း ပစ္စည်းအသစ်တွေရောက်ဖို့ရှိတဲ့အပြင် ပရိုမိုးရှင်းအစီအစဉ်တွေလဲရှိတာမလို့ Sec Plaza ရဲ့ App ကို Install လုပ်ထားသင့်ပါတယ်။
Application ကို အောက်ပါ Link များမှာ Download ပြုလုပ်နိုင်ပါတယ်။
Android Application https://bit.ly/2YzJkEZ
iOS Application https://apple.co/2Zah7nh