စာရေးသူ စာဖတ်သူတို့အတွက် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း

စာရေးရတာ ဝါသနာပါတဲ့ စာရေးသူတွေအတွက် ကိုယ်ရေးလိုက်တဲ့စာတွေက ဝါကျတည်ဆောက်ပုံမှန်ကန်ပြီး စာဖတ်သူတွေအတွက် ဖတ်ရတာချောနေဖို့ လိုအပ်ပါတယ်။ ဝါကျတည်ဆောင်ပုံတွေ၊ အရေးအသားတွေ ကောင်းမွန်နေပေမယ့် စာလုံးပေါင်းသတ်ပုံမမှန်ဘူးဆိုရင်လည်း စာဖတ်သူတွေအတွက် ဖတ်ရတာ ပေါ့ပျက်ပျက် ဖြစ်စေပါတယ်။

အခုဖော်ပြပေးမယ့် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့  ပညာရေး ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ပြုပြင်မွမ်းမံခဲ့တဲ့ မြန်မာစာလုံးတွေကိုထည့်သွင်းပေးထားပါတယ်။ 

Photo Source: Myanmar Orthography Book

ကိုယ်ရှာချင်တဲ့စကားလုံးကို Search Box မှာရိုက်ရှာနိုင်သလို အက္ခရာအစဉ်လိုက်လည်း ရှာဖွေနိုင်ပါတယ်။ စာလုံးပေါင်းသတ်ပုံလေ့ကျင်တဲ့သူတွေအတွက်လည်း လေ့ကျင့်ခန်း တွေကို လွယ်ကူ၊ သာမန်၊ ခက်ခဲ အဆင့် ၃ ဆင့်ခွဲထားပေးတဲ့အတွက် လေ့ကျင့်နိုင်ပါသေးတယ်။ မြန်မာစာလုံးပေါင်းသတ်ပုံတွေအပြင် ပထမတန်း၊ ဒုတိယတန်းနဲ့ တတိယတန်းဖတ်စာအုပ်တွေကိုပါ Download ရယူနိုင်ပါတယ်။

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း Website ထဲဝင်ရောက်ပြီးတိုက်ရိုက်အသုံးပြုလို့ရသလို Mobile User တွေ အတွက် iOS App နဲ့ Android App တွေကိုလည်း Download ရယူနိုင်မှာ ဖြစ်ပါတယ်။