ဂျပန်ရောက်မြန်မာလူမျိုးအလုပ်ရှာနေသူများအတွက် Jobs Vacancies များစုစည်းပြသပွဲနှင့် အလုပ်လျှောက်ခြင်းပွဲကို Online Event ကျင်းပမည်။

ဂျပန်ရောက်မြန်မာလူမျိုးအလုပ်ရှာနေသူများ (Kaigo အလုပ်လုပ်ချင်သူများ)အတွက် Jobs Vacancies များစုစည်းပြသပွဲနှင့် လုပ်လျှောက်ခြင်းပွဲ Online Event ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဂျပန်နိုင်ငံတွင် ကျောင်းပြီးထားပြီးအလုပ်ရှာနေသူများ/Trainingအလုပ်သက်တမ်းပြည့်ပြီး အလုပ်ပြောင်းချင်သူများအတွက် အလုပ်ရနိုင်ရန်အတွက်ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် Online အလုပ်မိတ်ဆက်ပွဲ ကိုကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ အဆိုပါ Event တွင် မိတ်ဆက်ပေးမည့်အလုပ်များမှာ တိုကျိုအနီးရှိမြို့ကြီးများနှင့် Nagoya, Osaka မြို့ကြီးများတွင်ရှိပြီး လစာနှင့်ခံစားခွင့်များကောင်းသော Kaigo အလုပ်ခေါ်စာများကို မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/permalink.php?story_fbid=4428207250618261&id=732800030159020

မနက်ပိုင်း 2022 ခုနှစ် ဖေဖော်ဝါရီ 17 ရက် နံနက် 10:00 မှ 12:00 အထိဖြစ်ပြီး ညနေပိုင်းကို 18:30 မှ 20:30 အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
တက်ရောက်နိုင်မည့်သူများမှာ
(၁) ဂျပန်စာN3Level ရှိသူများ။
(၂) ၂ လပိုင်းတွင်တိုခုတေးဂိနိုးစာမေးပွဲဖြေရန်ရက်သတ်မှတ်ပြီးသူများ။
(၃) 2021/2022 တွင်ကျောင်းပြီးထားသူများ
(၄) Trainingအလုပ်သက်တမ်းပြည့်ပြီးတိုခုတေးဂိနိုးအလုပ်ပြောင်းချင်သူများ။
(၅) ဘိုးဘွားစောင့်ရှောက်‌ရေးအလုပ်ကိုစိတ်ဝင်စားသူများ။
(၆) အခုလက်ရှိဂျပန်တွင်နေထိုင်သောသူများသာဖြစ်ရမည်ဖြစ်သည်။
လာရောက်ဆင်နွှဲမည့်သူ မည်သူမဆို အောက်ဖော်ပြပါ Link (သို့မဟုတ်) ပုံထဲမှာပါတဲ့ QR Code ကို Scan ဖတ်ပြီးတော့ Registration ပြုလုပ်ရမည်ဖြစ်သည်။
https://docs.google.com/…/1FAIpQLScXpWhWkrLJTg…/viewform
အဆိုပါ Link မှ Registration ပြုလုပ်ထားသူအား mail မှ တဆင့် Online Seminar Link & Password ကို ပေးပို့ပေးမည် ဖြစ်သည်။
ဂျပန်ရောက် မြန်မာလူမျိုးများ၏ အလုပ်အကိုင်အခွင့်အလမ်းများအတွက် တဖက်တလမ်းမှ ပံ့ပိုးနေသော ARBEIT TIMES CO.,LTD သည် မြန်မာလူမျိုးများ ဂျပန်ကုမ္ပဏီများတွင် အလုပ်ပိုမိုရရှိနိုင်စေရန်နှင့် ဂျပန်တွင်လုပ်ငန်း အတွေ့အကြုံယူချင်သော မြန်မာလူမျိုးများအတွက် အထူးရည်ရွယ်၍ Jobs Vacancies များစုစည်းပြသပွဲနှင့် အလုပ်လျှောက်ခြင်းပွဲကို Online မှတစ်ဆင့်လစ်ကျင်းပနေခြင်းလည်းဖြစ်သည်။
အဆိုပါ Event တွင် ၅၀ နှစ်ကြာသက်တမ်းရှိတဲ့ ဂျပန် HR Media ကုမ္ပဏီကြီးတွင် အနှစ် (၂၀) ကျော် အလုပ်လုပ်ကိုင်လျှက်ရှိသော ဂျပန်လူမျိုး (Mr. Take Shita) နှင့် ဂျပန်ရောက်မြန်မာလူမျိုးများ၏ အလုပ်ရှာဖွေခြင်းနှင့်ပတ်သက်ပြီး counselor အနေဖြင့် လုပ်သက်(၁၀)နှစ်ရှိသောမြန်မာလူမျိုး ခိုင်ဇင်ကျော် တို့က ပို့ချပေး သွားမည်ဖြစ်သည်။
ARBEIT TIMES CO.,LTD သည်ဂျပန်တွင် စတင်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၄၇နှစ် ကြာ ရှိပြီဖြစ်ပြီး ဂျပန် ဥပဒေများ နှင့်အညီ မှန်ကန်စွာ လုပ်ကိုင်နေသော ကုမ္ပဏီတခုဖြစ်သည်။ ၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နေ့ မှစပြီး ယနေ့အထိ ၇ ကြိမ်တိုင်တိုင် ဂျပန်ရောက်မြန်မာလူမျိုးများ၏အလုပ်အကိုင်အခွင့်အလမ်းများအတွက် JOB FAIR များကို ကျင်းပပြုလုပ်ခဲ့ပြီး ထိုပွဲမှ မြန်မာလူမျိုး စုစုပေါင်း အယောက်ရာကျော် အလုပ်ရရှိခဲ့ပြီးဖြစ်သည်။