iPhone 15 ကို တရားဝင်ထုတ်ပြန်ကြေငြာမယ့် Apple ရဲ့ “Wonderlust” Event

iOS ချစ်သူတွေအားလုံး စောင့်စားနေကြတဲ့ iPhone 15 ရဲ့ တရားဝင်ထုတ်ပြန်မယ့် Apple Product Event ကျင်းပမယ့်ရက်ကို Apple အနေနဲ့ ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ Event ကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာပါ။ Event tagline ကို “Wonderlust” လို့ပေးထားပြီး ကောလဟာလတွေ ထွက်နေတဲ့ Titanium iPhone 15 Pro ရဲ့ အရောင်ကို အခြေခံယူထားတယ်လို့လည်း သိရပါတယ်။

Wonderlust Event မှာ အသစ်ထွက်ရှိလာမယ့်

iPhone 15

iPhone 15 Plus

iPhone 15 Pro

iPhone 15 Pro Max တွေအပြင်

Apple Watch Series 9 နဲ့ Apple Watch Ultra 2 ရဲ့တရားဝင်ကြေငြာချက်တွေကိုပါ စောင့်စားနိုင်မှာ ဖြစ်ပါတယ်။

အသစ်မိတ်ဆက်မယ့် iPhone 15 နဲ့ iPhone 15 Plus မှာ iPhone 14 Pro နဲ့ iPhone 14 Pro Max တို့မှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားသလို A16 Bionic Chip, Dynamic Island နဲ့ 48MP Camera တို့ပါဝင်မှာ ဖြစ်ပါတယ်။ iPhone 15 Pro နဲ့ iPhone 15 Pro Max တို့အတွက် 3 nanometer processor ပါဝင်မယ့် A17 Bionic Chip, Titanium Frame, Refresh ပြုလုပ်ထားတဲ့ ဒီဇိုင်း၊ USB-C Charging Port, Battery life improvements တွေအပြင် အခြားပြောင်းလဲမယ့်အချက်တွေကို တရားဝင်မိတ်ဆက်သွားမယ့် Wonderlust Event ကြီးမှာ ကြည့်ရှုစောင့်စားနိုင်မှာ ဖြစ်ပါတယ်။ Apple အနေနဲ့ iPhone ကိုအားသွင်းဖို့အတွက် USB-C Connector ကို အသုံးပြုလာတဲ့အတွက် iPhone Accessories တွေကိုလည်း USB-C စနစ်အသုံးပြုလာနိုင်ရှိပါတယ်။

Wonderlust Event ကြီးကို မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၃ ရက် ည ၁၂: ၃၀ အချိန်မှာ စတင်သွားမှာ ဖြစ်ပါတယ်။ Apple ရဲ့ ပုံမှန်ပြုလုပ်နေကျ Event တွေ အတိုင်း Pre-recorded Event တစ်ခု ဖြစ်နိုင်ပါတယ်။