Apple ရဲ့ Wonderlust Event ကြီးမှာ ဘာတွေမိတ်ဆက်ချပြသွားမလဲ

ကြေငြာထားတဲ့ Apple ရဲ့ Wonderlust Event ကြီးဟာ စက်တင်ဘာလ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ မှာပဲ ကျင်းကပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လပေါင်းများစွာလောက်ကတည်းက ဒီ Event ကြီးမှာ Apple က ဘာတွေမိတ်ဆက်ပြသွားမယ်ဆိုတဲ့ ကောလဟာလတွေကို ကြားနေကြရပေမယ့် တစ်ကယ်တမ်းသိရတော့မယ်ဆိုတော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။

iPhone 15 Series

Apple အနေနဲ့အခုမိတ်ဆက်မယ့် iPhone 15 Series မှာ Standard Model တွေအနေနဲ့ 6.1 နဲ့ 6.7 လက်မအရွယ်အစားထွက်ရှိမယ့်အပြင် အရင်နှစ်ကလိုပဲ iPhone 15 နဲ့ iPhone 15 Plus ဟာ iPhone 14 နဲ့ iPhone 14 Plus ပုံစံမျိုး ဆင်တူနေမယ်လို့ သိရပါတယ်။ ဒါပေမယ့် အဓိကမတူတဲ့အချက်တစ်ချက်ကတော့ Charging Port ကို USB-C Port နဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

အရင်နှစ်တွေကအထိ iPhone မှာ notch တွေပါဝင်ခဲ့ပေမယ့် iPhone 15 နဲ့ iPhone 15 Plus မှာ notch တွေကိုထည့်သွင်းတော့မှာမဟုတ်ဘဲ iPhone 14 Pro နဲ့ 14 Pro Max မှာ စတင်အသုံးပြုခဲ့တဲ့ Dynamic Island ပဲပါဝင်လာတော့မယ်လို့ သိရပါတယ်။ အ‌ရောင်အတွက် Apple က အရောင်အသစ်တစ်ခုကို ထည့်သွင်းချင်နေတဲ့ပုံစံလည်း ရှိပါတယ်။

Camera ပိုင်းဆိုင်ရာမှာလည်း iPhone 15 နဲ့ iPhone 15 Plus မှာ Update တွေပါဝင်မယ့်အပြင် 48MP Main camera ပါဝင်လာမယ်လို့လည်း သိရပါတယ်။ Qualcomm 5G Modern Chips တွေကိုလည်း အသုံးပြုပေးထားမှာ ဖြစ်တဲ့အတွက် လိုင်းတွေပိုကောင်းနိုင်သလို၊ Latency လည်းပိုနည်းလာမှာ ဖြစ်ပါတယ်။ iPhone 15 Pro model အတွက် A17 Chip ကိုထည့်သွင်းထားပေးပြီး Battery life, Wifi Speeds, RAM ပိုင်းဆိုင်ရာတွေလည်း ပိုပြီး တိုးတက်လာမယ်လို့ သိရထားပါတယ်။

Apple Watch Series 9

ဒီနှစ်ထဲမှာ Apple Watch အသစ်တွေထွက်ရှိလာဖို့လည်း ရှိပေမယ့် ထူးထူးခြားခြားပြောင်းလဲသွားတာမျိုး ဒါမှမဟုတ် ကျန်းမာရေးနဲ့ပက်သက်တဲ့ အခြားလုပ်ဆောင်ချက်တစ်ခုခု ပြောင်းလဲသွားတာမျိုးတော့ ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် processor အသစ်တစ်ခုနဲ့ ထွက်ရှိလာမယ်လို့တော့သိရပါတယ်။ A15 Technology အသုံးပြုထားတဲ့ S9 Chip ပါဝင်လာမယ့်အပြင် Apple Watch Series 6 ထွက်ရှိခဲ့တဲ့အချိန်ကတည်းက အခုထိ ပထမဆုံး Update တစ်ခု ဖြစ်လာမယ်လို့လည်း ထင်ရပါတယ်။

USB-C AirPods

AirPods Pro 2 တွေကို USB-C Charging စနစ်နဲ့ အစားထိုးလာမယ်လို့ မျှော်လင့်ရပါတယ်။ တခြား Hardware ပြောင်းလဲမှုတွေတော့ ပါဝင်လာဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အရင်ကအသုံးပြုနေကျ AirPods Pro 2 ကိုပြ Update ပြုလုပ်ထားတဲ့ charging port နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

New iPhone Cases

ထွက်ရှိလာခဲ့တဲ့ ကောလဟာလတွေအရ Apple ဟာ iPhone 15 အတွက် leather case တွေကို ထုတ်သွားမှာမဟုတ်ဘဲ ပိုပြီး environmentally friendly ဖြစ်တဲ့ material တွေကို အသုံးပြုပြီး case တွေ ထုတ်ပေးသွားမယ်လို့ ကြားသိရပါတယ်၊။