Download ဆွဲအသုံးပြုနိုင်ပြီဖြစ်တဲ့ iOS 16

iOS အသုံးပြုသူတွေ စောင့်မျှော်နေကြတဲ့ iOS 16 Update ဟာ စက်တာဘာလ ၁၂ ရက်နေ့မှာပဲ Download ပြုလုပ်လို့ ရနေပြီဖြစ်ပါတယ်။ iPhone 14 ကို မိတ်ဆက်ပြီး လေးရက်မြောက်နေ့ဖြစ်ပါတယ်။ Update မှာပါဝင်တဲ့ feature အသစ်တွေနဲ့ update တွေကို ဖော်ပြပေးလိုက် ပါတယ်။

အသစ်ထွက်ရှိလာတဲ့ iOS 16 ကို iPhone 8 နဲ့အထက် ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်မှာပါ။ iPhone SE Second Generation ဒါမှမဟုတ် နောက်ပိုင်းထွက်တဲ့ Model တွေမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ iOS 16 အသုံးပြုလို့မရတဲ့ ဖုန်းတွေအနေနဲ့ A12 Chip ကိုအသုံးပြုထားမယ်ဆိုရင်တော့ အချို့ လုပ်ဆောင်ချက်တွေကို အသုံးပြုခွင့်ရမယ်လို့ သိရပါတယ်။ 

Photo Source https://www.apple.com/ios/ios-16/

iOS 16 မှာ ပါဝင်လာမည့် လုပ်ဆောင်ချက်တွေကတော့ –

ပေးပို့လိုက်တဲ့ Message တွေကို ပြင်ဆင်တာ ဒါမှမဟုတ် ဖျက်တာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ၁၅ မိနစ် အတွင်း ပို့လိုက်တဲ့ဟာကို ပေးပို့သူဘက်က ပြင်ဆင်တာ ဒါမှမဟုတ် unsend လုပ်လိုက်တာတွေကို လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပေးပို့သူနဲ့ လက်ခံသူနှစ်ယောက်လုံးဟာ Message App နဲ့ iOS 16 ကိုအသုံးပြုထားဖို့တော့ လိုအပ်ပါတယ်။

ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ Lock Screen. အသုံးပြုသူတွေအနေနဲ့ မတူညီတဲ့ဖောင့်ပုံစံတွေ အချက်အလက်တွေကို mini widget တွေကတစ်ဆင့် ရာသီဥတုတွေ၊ လုပ်ဆောင်ချက်တွေ၊ Alarm နဲ့ တခြားလုပ်ဆောင်ချက်တွေကို ထည့်သွင်းဖော်ပြနို်ငမှာ ဖြစ်ပါတယ်။

Focus mode updates များ။ Focus Mode ပေါင်းများစွာကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ အလုပ်အတွက်ဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာကိစ္စအတွက်ပဲဖြစ်ဖြစ် Focus Mode ကို ပြင်ဆင်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Safari အတွက် PasskeysiPhone ကို Password အနေနဲ့အသုံးပြုတဲ့အချိန်မျိုးမှာ Touch ID ဒါမှမဟုတ် Face ID ကတစ်ဆင့် sign in ပြုလုပ်နိုင်တဲ့ Passkeys လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။

Multiple Lock Screens. မတူညီတဲ့ ပုံစံ၊ အမျိုးအစားတွေနဲ့ Lock Screen ပေါင်းများစွာကို အလွယ်တကူဖန်တီးပြီး ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စတဲ့လုပ်ဆောင်ချက်တွေအပြင် အခြားလုပ်ဆောင်ချက်အကြောင်းအရာတွေကို Apple ရဲ့ iOS16 Blog Post မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။