၂၀၂၄ မှာ မိတ်ဆက်လာနိုင်တဲ့ Apple Product (၅) မျိုး

၂၀၂၃ ခုနှစ်ဟာ flagship iPhone 15 Series, Vision Pro Headset တွေအပါအဝင် Dynamic Island Design တွေနဲ့ M3 Chipset MacBooks တွေကို ချပြခဲ့တဲ့ Apple ရဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာကော Apple အတွက် ဘယ်လိုကြီးမားတဲ့ Update တွေ၊ စိတ်ဝင်စားစရာ နည်းပညာတွေကို ချပြလာဦးမလဲဆိုတာကလည်း အားလုံးအတွက် စိတ်ဝင်စားစရာ ကောင်းနေပါသေးတယ်။ User တွေအနေနဲ့ စိတ်ဝင်တစားစောင့်မျှော်ရနိုင်မယ့် Product တွေက ဘာတွေဖြစ်မလဲ ဘယ်လိုမျိုးတွေချပြလာနိုင်လဲဆိုတဲ့ Product (၅) မျိုးကို outline အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

Apple Vision Pro

(1) Apple Vision Pro

လွန်ခဲ့တဲ့ (၆) လလောက်ကတည်းက Apple အနေနဲ့ Vision Pro Headset ကို မိတ်ဆက်ခဲ့ပြီး ၂၀၂၄ ခုနှစ်အစောပိုင်းမှာ Launch လုပ်ဖို့ အစီအစဉ်ချထားတာကို တွေ့ရပါတယ်။ Vision Pro ဟာလုပ်ဆောင်ချက်တွေကောင်းမွန်သလို Augment Reality (AR) နဲ့ Virtual Reality (VR) ကြားမှာချိတ်ဆက်ပြောင်းလဲပေးနိုင်မယ့် Device တစ်ခု ဖြစ်ပါတယ်။ Control တွေအတွက် လက်နဲ့ မျက်လုံး Tracking စနစ်တွေအပြင် Super High-Resolution micro-LED Display ကိုလည်း ထည့်သွင်းထားပါသေးတယ်။

Vision Pro ကို Apps, Games နဲ့ Experiences မျိုးစုံအတွက် ဖန်တီးပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ $3,500 ဆိုပြီးမိတ်ဆက်ထားတဲ့အတွက် တစ်ချို့ User တွေအတွက် တော်တော်လေးများတဲ့ ပမာဏလို့ပြောလို့ရပါတယ်။

Apple

(2) Apple Airpods 4

၂၀၂၄ ခုနှစ်မှာ နောက်ထပ် Launch လုပ်လာနိုင်တဲ့ Apple Product တစ်မျိုးကတော့ AirPods ဖြစ်ပါတယ်. အရင်နဲ့မတူဘဲ လက်ရှိ AirPods နဲ့ AirPods Pro ကိုရောပြီးထုတ်လုပ်လာနိုင်တာကြောင့် ထူးခြားတဲ့ဒီဇိုင်းတစ်ခု ဖြစ်နေမှာပါ။ ဒီဇိုင်းပိုင်းလည်းကောင်းမွန်သလို အသံပိုင်းဆိုင်ရာမှာလည်း ပိုမိုကောင်းမွန်မယ်လို့သိရပါတယ်။ AirPods 4 အတွက် အမျိုးအစား (၂) မျိုးကို မတူညီတဲ့ဈေးနှုန်းမျိုးနဲ့ ထွက်လာမယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းပိုမြင့်တဲ့ အမျိုးအစားမှာတော့ အရင်က AirPods Pro မှာပဲပါဝင်တဲ့ Active Noise Cancellation ပါဝင်လာမှာ ဖြစ်ပါတယ်။ Case အသစ်နဲ့ထွက်ရှိလာမယ့်အပြင် Alert ပေးတာကိုရှာဖွေနိုင်ဖို့ Speaker လည်းပါဝင်လာဦးမယ်လို့သိရပါတယ်။ Charging စနစ်အတွက် USB-C Port ကို အသုံးပြုပေးထားတယ်လို့ သိရပါတယ်။

Apple

(3) iPad Pro OLED

OLED နည်းပညာပါဝင်တဲ့ iPad Pro ကို Apple အနေနဲ့ ၂၀၂၄ မှာမိတ်ဆက်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ User တွေအတွက် ပထမဆုံးအနေနဲ့ ကြီးမားတဲ့ OLED Display ကို iPad မှာ စတင်အသုံပြုခွင့်ရမယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ OLED ပါဝင်လာမှုကြောင့် Contrast, HDR, Power Usage တွေဟာ mini-LED ဒါမှမဟုတ် LED Display တွေနဲ့ယှဉ်ရင် အများကြီးပိုကောင်းမွန်နေမှာ ဖြစ်ပါတယ်။

iPad Pro မှာ ၁၃ လက်မနဲ့ ၁၁.၁ လက်မအရွယ်အစားတွေ Redesign လုပ်သွားမှာ ဖြစ်ပါတယ်။ OLEDG Display တွေဟာ ပိုပြီးပါးလွှာတဲ့အတွက် Apple အနေနဲ့လည်း ထွက်ရှိမယ့် iPad Pro Model ကို သေးငယ်ပါးလွှာတဲ့ ဒီဇိုင်းနဲ့ထွက်ရှိလာမလားဆိုတာကိုတော့ စောင့်စားရဦးမှာပါ။ ဒါ့အပြင် ပိုပြီးမြန်ဆန်တဲ့ M3 Chip လည်းပါဝင်ဦးမယ့်အတွက် စောင့်စားသင့်တဲ့ iPad တစ်လုံးလို့ပြောလို့ရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အထိ iPad Pro တွေကို ဒီဇိုင်းပိုင်းဆိုင်ရာ ပြောင်းလဲမှုမလုပ်တဲ့အတွက် အခုလို အဆင့်မြှင့်တင်ထားတဲ့ Display နည်းပညာကြောင့် ပိုပြီး ကောင်းမွန်လာနိုင်မှာပါ။

Apple

(4) Apple Watch 10 (X)

၂၀၂၄ ခုနှစ်ထဲမှာ Apple အနေနဲ့ Apple Watch Series 10 ဒါမှမဟုတ် “X” ကို Apple Watch ၁၀ နှစ်ပြည့်အတွက် ထုတ်ပြန်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ ထွက်ရှိလာခဲ့တဲ့ Rumor တွေအရ ၂၀၂၄ Apple Watch ဟာ ဆန်းသစ်တဲ့ဒီဇိုင်း၊ ပါးလွှာတဲ့ Body နဲ့ Magnetic Band System အသစ်တွေပါဝင်လာမယ်လို့လည်း ကြားသိရပါတယ်။ Magnetic Band စနစ်ဟာ Internal Space နဲ့ ကြီးမားတဲ့ ဘတ္ထရီစနစ်တွေအတွက် ပိုပြီးအထောက်အကူဖြစ်မှာဖြစ်ပါတယ်။

iPhoen 16

(5) Apple iPhone 16 Series

ထွက်ရှိလာမယ့် iPhone 16 Lineup တွေရဲ့ Standard Model တွေမှာ iIPhone 15 Pro Model တွေမှာပါဝင်တဲ့ Feature တွေပါဝင်လာမှာ ဖြစ်ပါတယ်။ Action Button နဲ့ ပိုမြန်ဆန်တဲ့ 3-nanometer A Series Chip လည်းပါဝင်မှာပါ။ iPhone 16 Pro Model တွေမှာတော့ ၆.၃ လက်မ ပိုကြီးမားတဲ့ Display ကိုအသုံးပြုလာမယ့်အပြင် iPhone 16 Pro Max မှာတော့ ၆.၉ လက်မအထိ ဖြစ်လာမယ်လို့ သိရပါတယ်။

iPhone 16 Pro Model တွေအတွက် သီးသန့်အနေနဲ့ 48 Megapixel Ultra Wide Lens, Wi-Fi 7 Support နဲ့ မြန်ဆန်တဲ့ Qualcomm ရဲ့ 5G Chip တွေပါဝင်လာမှာ ဖြစ်ပါတယ်။