အက်တမ် (ATOM) က နှစ်ပတ်လည်ကမ်ပိန်းအထိမ်းအမှတ်အဖြစ် EV ကားသစ်ကံထူးရှင်ကို မဲနှိုက်ရွေးချယ်ပေးခဲ့

 မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့က ၎င်း၏ နှစ်ပတ်လည်အထိမ်းအမှတ်ကမ်ပိန်းအစီအစဉ်အဖြစ် ရင်ခုန်စိတ်လှုပ်ရှားစရာ ကံထူးရှင်ရွေးချယ်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ပွဲကျင်းပရသည့် အဓိကရည်ရွယ်ချက်မှာကမ်ပိန်းတွင်ပါဝင်ခဲ့ကြသည့် အက်တမ် (ATOM) အသုံးပြုသူ customer များအနက်မှ Dayun Yuehu S1 Mini SUV (၂၀၂၃ မော်ဒယ်) လျှပ်စစ် EV ကားသစ်ကံထူးရှင်တစ်ဦးကို အွန်လိုင်း ချန်နယ်များမှ တိုက်ရိုက်ထုတ်လွင့်ကာ မဲနှိုက်ရွေးချယ်ခဲ့ပြီးနောက် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ အက်တမ် (ATOM) အသုံးပြုသူ customer တစ်ဦးက ကံထူးသွားသည်။ ထိုကံထူးရှင်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် အက်တမ် (ATOM) မှပေးအပ်သော EV ကားသစ်ကြီးကို လက်ဝယ်ရရှိပိုင်ဆိုင်ခဲ့သည်။

Image: ATOM

၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့ထိ ပြုလုပ်ခဲ့သည့် နှစ်ပတ်လည်ကမ်ပိန်းအစီအစဉ်တွင် နိုင်ငံတစ်ဝန်းမှ အက်တမ် (ATOM) အသုံးပြုသူ customer များ တစ်ခဲနက်ဝင်ရောက်ပါဝင်အားပေးခဲ့ကြသည်။ ကမ်ပိန်းကာလအတွင်း မည်သည့် ချန်နယ်မှမဆို မိမိနှစ်သက်ရာနည်းလမ်းဖြင့် မြန်မာငွေ (၂,၉၉၉)ကျပ် နှင့်အထက် အက်တမ် (ATOM) ပက်ကေ့ချ်ဝယ်ယူမှုတိုင်းအတွက် ယခုကဲ့သို့ EV ကားသစ်တစ်စီး ကံထူးခွင့်အသီးအသီး ရရှိခဲ့ကြသည်။ အက်တမ် (ATOM) အသုံးပြုသူ customer များအနက်မှ အထူးဆု ကံထူးရှင်ကို တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်အတွင်း မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

Image: ATOM

ယခုကမ်ပိန်းတွင် ပါဝင်ခဲ့ကြသော အသုံးပြုသူ customer များအားလုံးကို ကျေးဇူးတင်ကြောင်း အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ “အသုံးပြုသူ customer တွေရဲ့ အားပေးယုံကြည်မှုကြောင့်သာ ကျွန်တော်တို့ အက်တမ် (ATOM) က ဒီလိုအောင်မြင်မှုတွေ ဆက်တိုက်ဆွတ်ခူးနိုင်တာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ နှစ်ပတ်လည်အထိမ်းအမှတ်မှာ အသုံးပြုသူ customer တွေနဲ့အတူတူ ဂုဏ်ပြုအမှတ်ရနေဖို့က အက်တမ် (ATOM) အတွက် သိပ်ကို အရေးကြီးပါတယ်။ အက်တမ် (ATOM) အသုံးပြုသူ customer တွေအတွက် အခုလိုမျိုး EV ကားနဲ့အတူ အခြားသော ကမ်ပိန်းဆုတွေကို ပေးအပ်တာက ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) ကို ယုံကြည်စိတ်ချရတဲ့ တယ်လီကွန်းပါတနာအဖြစ် လက်တွဲပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြသလိုက်တဲ့သဘောပါပဲ။ နောင်အနာဂတ်မှာလည်း ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ အခွင့်အလမ်းတွေနဲ့ ဆုအစီအစဉ်တွေကိုလည်း ဆက်လက်ပြီး လုပ်ဆောင်ပေးသွားပါဦးမယ်” ဟု Mr. Ahmad Abdallah က ပြောကြားခဲ့သည်။

Image: ATOM

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ် မှ ကံထူးရှင် ဒေါ်အေးသန္တာအောင် အနေဖြင့် ယခုကဲ့သို့ ထင်မှတ်မထားသည့် သတင်းကောင်းကြောင့် အလွန်ပင် ပျော်ရွှင်ကြည်နူးခဲ့ရာ “အက်တမ် (ATOM) ကနေ ဖုန်းခေါ်ပြီး မဲပေါက်တဲ့အကြောင်းပြောတော့ ကျွန်မဖြင့် ယုံတောင်မယုံနိုင်ဘူး။ ကျွန်မရဲ ကားပိုင်ဆိုင်ခွင့်ရတဲ့အိပ်မက်က အပြင်မှာ တစ်ကယ်ဖြစ်လာခဲ့ပြီ။ ကျွန်မက လွန်ခဲ့တဲ့ (၂) နှစ်လောက်ကတည်းက အက်တမ် (ATOM) ကိုပဲ အစဉ်တစ်စိုက်အသုံးပြုလာခဲ့တာပါ။ အခုလိုမျိုး ကံထူးရှင်ဖြစ်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ် ” ဟု  ဒေါ်အေးသန္တာအောင်က ပြောကြားခဲ့သည်။

အက်တမ် (ATOM) သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့က ၎င်း၏ နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ပြီး အထူးဆုကြီးအပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတစ်လျှောက်လုံးတွင် အသုံးပြုသူ customer များအတွက် အထူးလျှော့ဈေး ပရိုမိုးရှင်း အစီအစဉ်များ၊ အပိုပွိုင့်လက်ဆောင်များနှင့် ငွေသားပြန်လည်ပေးအပ်မည့်အစီအစဉ်များကိုလည်း ပေးအပ်ခဲ့သည်။

Image: ATOM

အက်တမ် (ATOM) သည် ၎င်း၏ချမှတ်ထားသော ကတိကဝတ်တစ်စိတ်တစ်ပိုင်းဖြစ်သည့်Beyond Better ဆိုသည့်အတိုင်း အသုံးပြုသူ customer များအတွက် အနာဂတ်တွင် ပိုမိုသာလွန်ကောင်းမွန်သည့် အတွ့အကြုံများကို ပေးအပ်သွားမည်ဖြစ်ပြီး စဉ်ဆက်မပြတ်တီထွင်ဖန်တီးမှုများနှင့် စိတ်ဝင်စားစရာကောင်းသော ကမ်ပိန်းများကို မိတ်ဆက်သွားရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။