ATOM မှ ရွှေလယ်တောဂိမ်းတွင်ဆုလက်ဆောင်များ ပေးအပ်ခြင်း မိုးရာသီအထူး ကန်ပိမ်းကို စတင်

ATOM က သီးသန့်ဂိမ်း ရွှေလယ်တောကို သုံးစွဲသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များ ပေးအပ်ခြင်းဖြင့် မိုးရာသီအထူး ကန်ပိမ်းကို စတင်ခဲ့ပြီဖြစ်သည်။ အက်တမ် အသုံးပြုသူတိုင်းသည် ယခုကမ်ပိန်းကို ဩဂုတ်လကုန်အထိ ပါဝင်ဆင်နွှဲနိုင်သည်။
အက်တမ်စတိုးအက်ပ်၏ နောက်ဆုံးထွက်ဂိမ်းဖြစ်သည့် ရွှေလယ်တောကို စတင်မိတ်ဆက်ချိန်မှစ၍ ယခုအချိန်ထိ စုစုပေါင်းအကြိမ်အရေအတွက်သန်း ၃၈ ကျော် ကစားပြီးဖြစ်ပြီး သုံးစွဲသူ စုစုပေါင်း ၂ သန်းကျော်က ပုံမှန်ကစားလျက်ရှိသည်။

Photo Source https://www.facebook.com/ATOMOfficialPage

ရွှေလယ်တောဂိမ်းကို ကြိုက်နှစ်သက်ကြသော သုံးစွဲသူများသည် အခပေးဝယ်ယူရသော ဂိမ်းကစားခွင့် “အသက်” ကို ၃.၃ သန်းကျော်အထိ လက်ရှိတွင် ဝယ်ယူထားပြီးဖြစ်သည်။ အက်တမ် သုံးစွဲသူများသည် ဂိမ်းကို (၁)ရက်တည်းတွင် အများဆုံးကစားသည့် အကြိမ်ရေအဖြစ် အကြိမ်ရေ ၇၀ဝ,၀၀၀ ကျော် စံချိန်တင် ရောက်ရှိခဲ့ပြီးဖြစ်သည်။
ယခုမိုးရာသီအထူးကမ်ပိန်းကာလအတွင်း၊ အက်တမ် အသုံးပြုသူများအားလုံးသည် ၎င်းတို့၏ စတားအဆင့်အပေါ်မူတည်ပြီး အသက်အပိုဆုနှစ်ဆရရှိမည်ဖြစ်သည်။ ပလက်တီနမ်အဆင့် စတားများအတွက် အပတ်စဉ် အခမဲ့အသက် ၁၀ ခု၊ ရွှေအဆင့် စတားများအတွက် အခမဲ့အသက် ၈ ခု၊ ငွေအဆင့် စတားများအတွက် အခမဲ့အသက် ၆ ခု နှင့် စတားအဆင့် မဟုတ်သော သုံးစွဲသူများအတွက် အခမဲ့အသက် ၂ ခု အသီးသီး လက်ဆောင်ရရှိသွားမည်ဖြစ်သည်။ ဂိမ်းကစားသူများသည် ဂိမ်းတွင် ကြက်ဥများကို စုဆောင်းခြင်းဖြင့် လက်ငင်းအထူးဆုကြီးဖြစ်တဲ့ CashBack (ဖုန်းဘေလ်)နဲ့ အခြား ဒေတာ ၊ အချင်းချင်းဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုများအတွက် Telco အထူးဆုများကို ၂၀၂၂ ခုနှစ် ဩဂုတ်လကုန်အထိ ကံစမ်းသွားနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/ATOMOfficialPage

အက်တမ်စတိုးအက်ပ်၏ နောက်ဆုံးဗားရှင်းကို Apple App Store နှင့် Google Play Store တွင် ဒေါင်းလုဒ်ပြုလုပ်နိုင်သည့်အပြင် “APP” ဟု နံပါတ် 500 ကို စာတိုပေးပို့ခြင်းဖြင့်လည်းကောင်း ၊*979*5*5# ဖုန်းခေါ်ဆို၍ဖြစ်စေ ဒေါင်းလုဒ်လင့်ခ်ကို ရယူနိုင်ပါသည်။
iOS OS အသုံးပြုသူများအတွက်လည်း မကြာမီရက်သတ္တပတ်များအတွင်း အက်ပ်စတိုးမှတစ်ဆင့် အက်တမ်အက်ပ် အသစ်ကို ရနိုင်တော့မည်ဖြစ်ကြောင်းလည်းသိရသည်။