အက်တမ် (ATOM) က ဝါကျွတ်ပွဲတော်ကာလအတွင်း မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများကို ကူညီအားပေးနိုင်ရန် ‘ရောင်ပြန်မေတ္တာ အက်တမ်၏စေတနာ’ အစီအစဉ်ဖြင့် လှုပ်ရှားမှုများ စတင်

အက်တမ် (ATOM) သည် မြန်မာနိုင်ငံနေရာ အနှံ့အပြားရှိ မြို့ပေါင်း (၇၀) ကျော်မှ လူမှုအသိုင်းအဝိုင်းများကို ကူညီအားပေးမြှင့်တင်နိုင်မည့် ‘ရောင်ပြန်မေတ္တာ အက်တမ်၏စေတနာ’ အစီအစဉ်ဖြင့် မြန်မာ့ပွဲတော်ကာလကို ပါဝင်ဆင်နွှဲရန် အလှူအတန်းနှင့် ပါဝင်လှုပ်ရှားမှု များစွာကို စတင်လိုက်ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများ၏ဘဝ တိုးတက်မြင့်မားလာစေရေးအတွက် အက်တမ် (ATOM) ၏ ကြိုးစားအားထုတ်မှုတစ်ခု ဖြစ်သည့်အပြင် ဝါကျွတ်ပွဲတော်ကာလအတွင်း တစ်ဦးအပေါ်တစ်ဦး ထားရှိသော မေတ္တာ၊ စေတနာကို ဖော်ထုတ်ပြသလေ့ရှိသည့် ယဉ်ကျေးမှုဓလေ့အရ အဆိုပါ လှုပ်ရှားမှုအစီအစဉ်များကို အောက်တိုဘာလ ၂၁ ရက်နေ့မှစတင်ပြီး  မြိုင်မြိုင်ဆိုင်ဆိုင် လှူဒါန်း ပြုလုပ်သွားမည် ဖြစ်ပါသည်။ 

Photo Source www.facebook.com/ATOMOfficialPage

အက်တမ် (ATOM) အနေဖြင့် မြန်မာငွေကျပ် သိန်းပေါင်း (၇,၀၀၀) ကျော်ကို ‘ရောင်ပြန်မေတ္တာ အက်တမ်၏စေတနာ’ လှုပ်ရှားမှုအစီအစဉ်ပေါင်း (၂၀၀) ကျော်အတွက် ခွဲဝေအသုံးပြုရန် လျာထားပြီး လူပေါင်း (၂၀၀,၀၀၀) ကျော်အား အကျိုးပြုနိုင်ရန် ရည်မှန်းထားပါသည်။ အဆိုပါ အစီအစဉ်များအတွင်း နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း (၄၃) မြို့နယ်မှ လူပေါင်း (၂၁,၀၀၀) ကျော်အတွက် ဆန်အိတ်နှင့် စားသောက်ကုန်ပစ္စည်းများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ လှူဒါန်းသွားမည့် အစီအစဉ်လည်း အပါအဝင် ဖြစ်ပါသည်။

“ဒီနှစ်က ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ပါဝင်ဆင်နွှဲခွင့်ရတဲ့ ပထမဦးဆုံး ၀ါကျွတ်ပွဲတော်ကာလဖြစ်တာကြောင့် လူမှုအသိုင်းအဝိုင်းကို ပုံစံမျိုးစုံနဲ့ ပြန်လည်အကျိုးပြုတာ၊ အားပေးမြှင့်တင်တာတွေ ပြုလုပ်ပြီး အက်တမ် (ATOM) ရဲ့ စေတနာကို ပြသချင်ပါတယ်။ အခု ‘ရောင်ပြန်မေတ္တာ အက်တမ်၏စေတနာ’ အစီအစဉ်က မြန်မာ့လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ သဒ္ဓါတရား ထက်သန်မှုရဲ့ တန်ဖိုး၊ စည်းလုံးညီညာမှုရဲ့ တန်ဖိုးကို တလေးတစား၊ ထိန်းသိမ်းသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပုံဖော်ထားတဲ့ ‘ပိုမိုကောင်းမွန်သော ပါဝင်ဆင်နွှဲမှု’ က လူတွေအများကြီးအတွက် ပျော်ရွှင်ဝမ်းမြောက်မှုတွေ အပြုသဘောဆောင်မှုတွေကို ယူဆောင်ပေးနိုင်မယ့် အစီအစဥ်ကောင်းတစ်ခုလို့  မျှော်လင့်ပါတယ်။” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Muhammad Ziaullah Siddiqui က ပြောကြားခဲ့ပါသည်။ 

Photo Source www.facebook.com/ATOMOfficialPage

စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခြင်းအပြင် အက်တမ် (ATOM) ၏ ‘ရောင်ပြန်မေတ္တာ အက်တမ်၏စေတနာ’ အစီအစဉ်များတွင် မိဘမဲ့ကလေးဂေဟာများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် စာရေးကိရိယာများ ပံ့ပိုးပေးခြင်း၊ ဘုရားစေတီပုထိုးများသို့ လာရောက်ကြသည့် ဘုရားဖူး ဧည့်သည်များအတွက် ပဌာန်းစာအုပ်များ လှူဒါန်းခြင်းတို့ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် အဓိပ္ပာယ် ပြည့်ဝသော ကူညီ‌ဝေမျှမှုပေါင်းများစွာကို ပြုလုပ်သွားမည် ဖြစ်ပါသည်။

“ဒီလို ပွဲတော်ကာလဆိုတာ ကျွန်တော်တို့ တစ်ဦးအပေါ်တစ်ဦး ထားရှိတဲ့ စေတနာကို ဖော်ပြကြတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ‘ရောင်ပြန်မေတ္တာ အက်တမ်၏စေတနာ’ ဆိုတဲ့ လှုပ်ရှားမှုတွေကိုလည်း ဒီအငွေ့အသက်လေးတွေ လွှမ်းခြုံပြီး စီစဉ်ကျင်းပဖြစ်ခဲ့ပါတယ်။ အခုလို ပွဲတော်ချိန်ခါမှာ မြန်မာနိုင်ငံက ပြည်သူတွေအားလုံး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း မေတ္တာ၊ စေတနာတွေ အပြည့်နဲ့ မင်္ဂလာရှိစွာ ဖြတ်သန်းနိုင်ကြပါစေလို့ အက်တမ် (ATOM) အဖွဲ့သားတွေကိုယ်စား ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။” ဟု အက်တမ် (ATOM) ၏ ဒုတိယ အမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောကြားခဲ့ပါသည်။ 

Photo Source www.facebook.com/ATOMOfficialPage

အက်တမ် (ATOM) ၏ ‘ရောင်ပြန်မေတ္တာ အက်တမ်၏စေတနာ’ လှုပ်ရှားမှု အစီအစဉ်များကို လာမည့် ရက်သတ္တပတ်များအတွင်း အက်တမ် (ATOM) ၏ ဝက်ဘ်ဆိုက် – www.atom.com.mm ၊ Facebook စာမျက်နှာ – www.facebook.com/ATOMOfficialPage နှင့် LinkedIn စာမျက်နှာ – www.linkedin.com/company/atom-myanmar/ တို့တွင် မျှဝေပေးသွားမည် ဖြစ်ပါသည်။