ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် မိဘမဲ့ကျောင်းများအတွက် အက်တမ် ATOM မှ မြန်မာကျပ်ငွေ တစ်ဘီလီယံ လှူဒါန်း

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် မိဘမဲ့ကျောင်းများတွင် လိုအပ်လျက်ရှိသော အရည်အသွေးပြည့်ဝကောင်းမွန်သည့် အထောက်အကူပစ္စည်း များနှင့် အခြေခံအဆောက်အအုံများကို ပံ့ပိုးပေးရန်အတွက် အက်တမ် (ATOM) မှ မြန်မာကျပ်ငွေ တစ်ဘီလီယံကို အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။
အက်တမ် (ATOM) မှပံ့ပိုးပေးသော အထောက်အကူပစ္စည်းများနှင့် အခြေခံအဆောက်အအုံများသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် မိဘမဲ့ကျောင်းများ၏ လိုအပ်ချက်များပေါ်တွင်မူတည်၍ ကွဲပြားမှုရှိ မည်ဖြစ် သည်။ အချို့သောပံ့ပိုးကူညီမှုများတွင် ကလေးများအတွက် သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ထိရောက်မှုရှိပြီး ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ရန်အတွက် တည်ရှိပြီးသား အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းများ နှင့် အထောက်အကူပစ္စည်းများပံ့ပိုးပေးခြင်းတို့ ပါဝင်သည်။
အက်တမ် (ATOM) မှ အကောင်အထည်ဖော် တည်ဆောက်မည့် ခန်းမဆောင်အတွက် လှူဒါန်းသည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ YGW ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီးလည်းဖြစ်သည်။

Photo Source https://www.facebook.com/ATOMOfficialPage

အလားတူ သန်လျင်မြို့ ပုဂံတောင်ကျေးရွာရှိ ဓမ္မိကရာမကျောင်းတွင် အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ရက်ပိုင်း အတွင်း ထပ်မံကျင်းပသွားမည်ဖြစ်ပါသည်။ ဓမ္မိကရာမ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် အက်တမ် (ATOM) မှ စာသင်ကျောင်းဆောင်တစ်ဆောင်ကို ဆောက်လုပ်လှူဒန်းမည်ဖြစ်သည်။
စတင်တည်ထောင်ချိန်မှစ၍ အက်တမ် (ATOM) သည် ၂၀၂၃ နှစ်ကုန်အထိ ကော်ပိုရိတ်လူမှုရေးဆိုင်ရာ တာဝန်ယူမှုတာဝန်ခံမှု ဆိုင်ရာ ပရောဂျက်များအတွက် မြန်မာကျပ်ငွေ ၃ ဘီလီယံ လျာထားခဲ့သည်။ အက်တမ် (ATOM) သည် ဆက်သွယ်ရေး ကဏ္ဍကို အဆင့်မြှင့်တင်ခြင်း၊ အခွင့်အလမ်းများဖော်ဆောင်ပေးခြင်း၊ လူမှုအဖွဲ့အစည်းအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ပေးဆောင်ခြင်းများဖြင့် မြန်မာပြည်သူပြည်သားများအတွက် ပိုမိုကောင်းမွန်သောလူမှုဘဝများ ဖန်တီးပေးမည်ဟု ကတိကဝတ်ပြုထားကြောင်းလည်းသိရသည်။
“အက်တမ် (ATOM) က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လူမှုအဖွဲ့အစည်းကို ပြန်လည်ကြည့်ရှု‌ပေးရုံ သာမကဘဲ ကဏ္ဍပေါင်းစုံမှ လူမှုအဖွဲ့အစည်းတွေအပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ မိဘမဲ့ စာသင်ကျောင်း တွေကို အရည်အသွေးပြည်ဝကောင်းမွန်တဲ့ အထောက်အကူပစ္စည်းတွေ ပံ့ပို့ပေးသွားနိုင်ဖို့ဆိုတဲ့ မျော်မှန်းချက်အပြည့်နဲ့ ဒီအစီအစဉ်ကို စတင်ခဲ့တာပါ။ ဒီလူမှုအကျိုးပြုစီမံချက် ပြီးသွားတဲ့အခါမှာလည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ကျောင်း တော်တော်များများမှာ ကျောင်းသားတွေရဲ့ ဘဝနဲ့ ပညာရေးကဏ္ဍကို ပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ဖို့ အထောက်အကူ အများကြီးဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ATOM ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော် က ပြောကြားခဲ့သည်။

Photo Source https://www.facebook.com/ATOMOfficialPage

ထို့အပြင် အက်တမ် (ATOM) သည် လူ့အခွင့်အရေးဆိုင်ရာ အကဲဖြတ်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာတွင် မှတ်ကျောက်တင် မှတ်တမ်းများ ရရှိထားသည့် အတိုင်ပင်ခံကုမ္ပဏီတစ်ခုနှင့် အနီးကပ်တိုင်ပင်လုပ်ဆောင်လျက်ရှိသည်။ အတိုင်ပင်ခံကုမ္ပဏီ သည် ဝန်ထမ်းများနှင့် သုံးစွဲသူများအတွက် လူ့အခွင့်အရေးဆိုင်ရာကျင့်ဝတ်များနှင့်အညီ တာဝန်ယူမှုတာဝန်ခံမှုရှိသော စီပွားရေး လုပ်ငန်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်ရန်ဆိုသော အက်တမ် (ATOM) ၏ ကတိကဝတ်များကို အကောင် အထည် ဖော်နိုင်ရန် အကြံပေးလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။