ဆက်သွယ်ရေးနှင့်ဒေတာကွန်ရက်တစ်ခုဖြစ်သည့် အက်တမ်(ATOM ) ကို မြန်မာပြည်တွင် မိတ်ဆက်

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ပိုင်ဆိုင်ထားသည့် ATOM (Advancing Telecommunications of Myanmar) ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။
လူမှုအသိုင်းအဝန်းကို ဦးစားပေးပြီး ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်းလုပ်ဆောင်မည့် နည်းဗျူဟာ ဖြင့် အက်တမ် (ATOM) သည် ဈေးကွက်အတွင်းရှိ ခေတ်မီဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီပြီး ယုံကြည်စိတ်ချရသည့်အပြင် အားလုံးပါဝင်ချိတ်ဆက်နိုင်သည့် လုပ်ဆောင်မှုများဖြင့် ဖန်တီး တည်ဆောက်သွား မည်ဟု လည်းထုတ်ပြန်ထားသည်။
“စိန်ခေါ်မှုများတဲ့ ကာလမှာ လူတိုင်းအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကို ရယူသုံးစွဲနိုင် သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ပေါ်မှာ အက်တမ် (ATOM) ကို ဖွဲ့စည်းထားတာပါ။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က မြန်မာနိုင်ငံကို ခေတ်မီတဲ့ ချိတ်ဆက်မှုတွေနဲ့ တွန်းအားပေးရန်ဖြစ်ပြီး လူတိုင်းအတွက် ပိုမိုကောင်း ကောင်းမွန်တဲ့ လူနေမှုဘဝအတွေ့အကြုံခံစား နိုင်စေဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင် ကူး ပြောင်းမှုဟာ အလွန်အံ့အားသင့်စရာကောင်းပေမယ့်လဲ ဒီထက်ပိုတဲ့ထူးခြားမှုတွေရောက်လာတော့မှာပါ”ဟု အက်တမ်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Muhammad Ziaullah Siddiqui (Zia) က ပြောကြားသည်။
အက်တမ် (ATOM) သည် အနာဂတ်တွင် အဆင်သင့်ဖြစ်နေစေမည့် ဆက်သွယ်ရေးကွန်ရက်များ အဆင့်မြှင့် တင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ အသွင်ကူးပြောင်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ပြည်တွင်းရှိ အရည်အချင်းရှိသည့် လူငယ်လူရွယ်များကို မြေတောင်မြှောက်ပေးခြင်းတို့ပြုလုပ်ရန် အမေရိကန် ဒေါ်လာသန်း ၃၃၀ ကျော်ကို လာမည့် (၃) နှစ်အတွင်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။ အက်တမ် (ATOM) အနေဖြင့် လာမည့်နှစ်များတွင် 5G ကွန်ရက်ကို မြန်မာနိုင်ငံတွင် ပထမဆုံးစတင်နိုင်ရန်နှင့် ၎င်း၏ အဆင့်မီ ကွန်ရက်နှင့် တယ်လီကွန်းကဏ္ဍရှိ နိုင်ငံတကာနှင့် မိတ်ဖက်လုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်စေရန် ရည်ရွယ်ထားကြောင်းလည်းသိရသည်။

Photo Source https://www.facebook.com/ATOMOfficialPage/

Experience Beyond အခမ်းအနားပြုလုပ်ခြင်းသည်လည်း အလျင်အမြန်ပြောင်းလဲနေသည့် ဒစ်ဂျစ်တယ်ကမ္ဘာအတွင်း မြန်မာနိုင်ငံသားများလူနေမှုဘဝကို ပိုမိုမြင့်မားမှုရရှိနိုင်စေရန်နှင့် အခွင့်အလမ်းသစ်များကိုဖော်ဆောင်ကာ လူမှုအကျိုးပြုလုပ် ငန်းများကိုလည်း ပံ့ပိုးပေးသွားရန် ရည်ရွယ်ကျင်းပခြင်းလည်းဖြစ်သည်။ အမှတ်တံဆိပ်သစ်စတင် လည်ပတ်သည့် အချိန်မှစ၍ လာမည့် ၂၀၂၃ ခုနှစ်ထိ အကူအညီအထောက်အပံ့လိုအပ်လျက်ရှိသည့် အသိုင်းအဝန်းများအကြား မြန်မာကျပ်ငွေ (၃,၀၀၀) သန်းကို ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှု စသည့် ကူညီ ထောက်ပံ့မှုများကို အဓိကထား ပံ့ပိုးကူညီသွားမည့် လူမှုအကျိုးပြု လုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်းသိရသည်။
အက်တမ် (ATOM) ၏ သက်သာသောနှုန်းထားများဖြင့် ပေးအပ်သွားမည့် အသံခေါ်ဆိုမှုနှင့် ဒေတာပက်ကေ့ခ်ျ များသည်သတင်းနှင့် အချက်အလက်များကို ဖတ်ရှုလေ့လာခြင်း၊ e-commerce၊ လူမှုကွန်ရက် သို့မဟုတ် သုံးစွဲသူများ၏ ချစ်ခင်ရသူများနှင့်အဆက်အသွယ်မပြတ်ခြင်းတို့ဖြင့် နေ့စဉ်ဆက်သွယ်ချိတ်ဆက်ရေး လိုအပ် ချက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်နိုင်ရန်အတွက် call centre ခေါ်ဆိုမှုများသည် အခမဲ့ဖြစ်ပြီး ဒစ်ဂျစ်တယ်ပေါ်မှတစ်ဆင့် သုံးစွဲသူများကို ပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး ဝန်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် ဈေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက် ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်း တည်ဆောက် ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။ မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက်သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။