အက်တမ် (ATOM) က ၂၀၂၄ ခုနှစ် Asian Telecom Awards ပွဲကြီးတွင် ကဏ္ဍနယ်ပယ်ဦးဆောင်နိုင်မှုနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုတို့အတွက် ဆုကြီး နှစ်ဆုကို ဆွတ်ခူးရရှိခဲ့

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၄ ခုနှစ်၏ Asian Telecom Awards ပွဲတွင် နှစ်နှစ်ဆက်တိုက် ဂုဏ်သတင်းကြီးမားသော ဆုနှစ်ဆုကို ယခုနှစ်တွင် ရရှိခဲ့ပြီး တယ်လီကွန်း ဆက်သွယ်ရေးဝန်ဆောင်မှုနယ်ပယ်၏ ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုအခန်းကဏ္ဍတို့တွင် ဦးဆောင်သူအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါသည်။ ဆုပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အက်တမ် (ATOM) မှ  ‘Telecom Company of the Year – Myanmar’ ဆု နှင့် ‘Digital Initiative of the Year – Myanmar’ ဆုများကို ထိုက်တန်စွာ ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်ပါသည်။

Image: ATOM

ယခုအခါတွင် တတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်သည့် Asian Telecom Awards ဆုပေးပွဲကြီးသည် စိန်ခေါ်မှုအပြိုင်အဆိုင်ပြင်းထန်သော ဈေးကွက်နယ်ပယ်အတွင်း ကြုံလာသမျှ အခက်အခဲများကို ကြံ့ကြံခံရင်ဆိုင်ကာ အသုံးပြုသူ customer များထံ တီထွင်ဆန်းသစ်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုကောင်းများ ပေးအပ်လျက်ရှိသည့် တယ်လီကွန်းဆက်သွယ်ရေးကုမ္ပဏီများကို မှတ်တမ်းတင် ဂုဏ်ပြုပေးလျက်ရှိသည်။

အက်တမ် (ATOM) သည် မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဝန်ဆောင်မှု ပေးအပ်ခြင်း၊ အသုံးပြုသူ customer များအား ချောမွေ့သော ဒစ်ဂျစ်တယ်အတွေ့အကြုံကောင်းများ ပေးအပ်ခြင်း၊ လုပ်ဆောင်ချက်များကို ယခင်ကထက်ပို၍ ထိရောက်မှုရှိစေရန်အတွက် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများကို ထည့်သွင်းပြုလုပ်လာခြင်း၊ အကျိုးသက်ရောက်မှုကောင်းများကို ယူဆောင်လာပေးပြီး လူမှုအသိုက်အဝန်းများကို မြှင့်တင်ပေးရာတွင် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ပေးခြင်းတို့ကြောင့် ယခုနှစ်တွင် နှစ်ထပ်ကွမ်းဆုရှင်အဖြစ် ထင်ပေါ်မှုရရှိခဲ့ခြင်းဖြစ်သည်။  ယခုနှစ်နှင့်ထပ်တူ အက်တမ် (ATOM) သည် ၂၀၂၃ ခုနှစ်၏ Asian Telecom Awards တွင်လည်း ဆုနှစ်ဆုဖြစ်သည့် ‘Telecom Company of the Year – Myanmar’ နှင့် ‘Mobile Operator of the Year – Myanmar’ ဆု တို့ကို အောင်မြင်စွာဖြင့် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူနိုင်ခဲ့ပါသေးသည်။

 

Image: ATOM

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က ယခုကဲ့သို့ ဆုများရယူနိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး “၂၀၂၄ ခုနှစ် ရဲ့ Asian Telecom Awards ဆုပေးပွဲကြီးမှာ ဂုဏ်သိက္ခာကြီးမားလှတဲ့ဆုတွေဖြစ်တဲ့ ‘Telecom Company of the Year – Myanmar’ ဆုနဲ့ ‘Digital Initiative of the Year – Myanmar’ ဆုတို့ကို လက်ခံရရှိတဲ့အတွက် ဖော်မပြတတ်လောက်အောင်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အက်တမ် (ATOM) အဖွဲ့သားတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကြိုးစားအားထုတ်မှုတွေအပြင် ကျွန်တော်တို့ရဲ့ စီးပွားရေးပါတနာတွေ၊ အသုံးပြုသူ customer တွေ ရဲ့ အားပေးမှုနဲ့ ယုံကြည်မှုတွေ မပါပဲနဲ့  ဒီလိုမျိုး ဆုရရှိဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြောချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍမှာ ဆက်လက်ဦးဆောင်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပြီး  မြန်မာပြည်သူပြည်သားတို့ရဲ့အကျိုးအတွက် ခေတ်မီ အခြေခံအဆောက်အဦးတွေကိုဖန်တီးရာမှာလည်း ရေရှည်တည်တံ့ခိုင်မြဲပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ နည်းလမ်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ အက်တမ် (ATOM) က ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပြောကြားခဲ့ပါသည်။

‘Telecom Company of the Year – Myanmar’  ဆုသည် အဓိက နယ်ပယ်ကဏ္ဍအသီးသီးတို့အပေါ် အက်တမ် (ATOM) ၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းဆောင်ရည်ကို မှတ်တမ်းတင် ဂုဏ်ပြုခြင်းဖြစ်ပါသည်။ နယ်ပယ်ကဏ္ဍအသီးသီးဟုဆိုရာတွင် အနာဂတ်အတွက် ကွန်ရက်ချိတ်ဆက်မှုအရည်အသွေးကို အဆင်မြှင့်တင်ရာတွင် ဦးဆောင်ထားနိုင်ခြင်း၊ ဘဏ်ဝန်ဆောင်မှု၊ ဖျော်ဖြေရေးနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍတွင်ရှိ အရေးပါသောလုပ်ငန်းအဖွဲ့အစည်းများနှင့် မဟာဗျူဟာမြောက်မိတ်ဖက်ပူးပေါင်းမှုများ လုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများနှင့် အသုံးပြုသူ customer များအတွက် အဆင့်မြင့်ဒစ်ဂျစ်တယ်အတွေ့အကြုံကောင်းများ ပေးအပ်နိုင်ခဲ့ခြင်းတို့အပြင် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုတို့အတွက် ထိရောက်သော ထောက်ပံ့ကူညီမှုများပေးအပ်ပြီး ထောင်ပေါင်းများစွာသော ဘဝများဆီသို့ ကောင်းကျိုးများယူဆောင်လာပေးနိုင်ခဲ့ခြင်း စသည်တို့ပါဝင်သည်။ ထို့အပြင် အဆိုပါဆုသည် စီးပွားရေးနှင့် လူတစ်ဦးတစ်ယောက်ချင်းစီတို့အတွက် ခွန်အားဖြစ်စေခဲ့သည့် SME Acceleration Programme အစီအစဉ်နှင့် ‘မျှတ’ အစီအစဉ်တို့ကို လက်တွေ့အကောင်အထည်ဖော်ပြီး  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင်မှုတို့အတွက် အက်တမ် (ATOM) ၏ ပံ့ပိုးကူညီခဲ့မှုတို့အပေါ်တွင်လည်း ဂုဏ်ပြုခြင်းဖြစ်သည်။

 

Image: ATOM

အက်တမ် (ATOM) မှ နောက်ထပ်ဆွတ်ခူးရရှိခဲ့သော ‘Digital Initiative of the Year – Myanmar’ ဆုအမျိုးအစားသည်  ကုမ္ပဏီလုပ်ငန်းတစ်ခု၏ နေ့စဉ်ဆောင်ရွက်ရသော လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်ပြီး လွယ်ကူစေရန်အတွက် ရည်ရွယ်သော Business-As-Usual (BAU) လုပ်ငန်းစဉ်များနှင့် Touch-Free Operations ဟုခေါ်သော လူကိုယ်တိုင် ဆောင်ရွက်စရာမလိုဘဲ အလိုအလျောက် သို့မဟုတ် ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်ဆောင်ရသော လုပ်ငန်းဆောင်ရွက်ချက်များကို ဆန်းသစ်တီထွင်ခဲ့ခြင်းကြောင့် ဤဆုကို ထိုက်တန်စွာရရှိခဲ့ခြင်းဖြစ်သည်။ Artificial Intelligence – လူသားဉာဏ်ရည်တုနည်းပညာ၊ Machine Learning – ကွန်ပျူတာစနစ်ကို သင်ကြားပေးခြင်း၊ Robotic Process Automation – လူသားများပုံမှန်ဆောင်ရွက်နေကြလုပ်ငန်းဆောင်တာများကို ကွန်ပျူတာစနစ်က အစားထိုးဆောင်ရွက်ခြင်း စသည့် အဆင့်မြင့်ခေတ်မီနည်းပညာများကြောင့် အက်တမ် (ATOM) ၏ သတင်းအချက်အလက်နည်းပညာဆိုင်ရာ လုပ်ငန်းလုပ်ဆောင်ပုံပြောင်းလဲလာခဲ့ပြီး လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ပိုမိုထိရောက်လာကာ အချိန်တိုအတွင်း အသုံးပြုသူ customer များ၏ စိတ်ကျေနပ်မှုကို ရရှိပြီး ငွေကြေးကုန်ကျသက်သာစေခဲ့သည်။

Asian Telecom Awards ကို စင်ကာပူအခြေစိုက် Charlton Media Group မှ ထုတ်ဝေသော ထိပ်တန်းစီးပွားရေးမဂ္ဂဇင်း Asian Business Review မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။ Asian Telecom Awards တွင် ပါဝင်သော အကဲဖြတ်ဒိုင်များမှာ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးလုပ်ငန်းကြီး လေးခု အဖြစ် လူသိများထင်ရှားသော   Deloitte၊ KPMG၊ PricewaterhouseCoopers (PwC) နှင့် Ernst & Young (EY) တို့မှ ကိုယ်စားလှယ်များ ပါဝင်သည်။