အက်တမ် (ATOM) က မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍအောင်မြင်မှုများကို နှစ်ဆ ထပ်လောင်း ပံ့ပိုးပေးနိုင်ရန်အတွက် မြန်မာနေရှင်နယ်လိဂ်ကို မြန်မာငွေကျပ်သိန်းနှစ်ထောင် ကူညီထောက်ပံ့ပေးခဲ့

အက်တမ် (ATOM) က မြန်မာနိုင်ငံတွင် အမျိုးသမီးဘောလုံးအားကစားကဏ္ဍ မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနေရှင်နယ်လိဂ် (Myanmar National League – MNL) ကို  မြန်မာငွေကျပ်သိန်းနှစ်ထောင် (ကိန်းဂဏန်းအားဖြင့် မြန်မာငွေကျပ် ၂၀၀,၀၀၀,၀၀၀) ကို ‌ထောက်ပံ့ပေးအပ်ခဲ့သည်။ မြန်မာ့လူမှုအဖွဲ့အစည်းကို ပိုမိုကောင်းမွန်အောင် မြှင့်တင်လုပ်ဆောင်လျက်ရှိသည့် အက်တမ် (ATOM) ၏ ကတိကဝတ်နှင့်အညီ မြန်မာအမျိုးသမီးများ တန်းတူအခွင့်အရေးများရရှိနိုင်ရေးနှင့် အားကစားမှတစ်ဆင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်နိုင်‌ရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ MNL ကို နှစ်နှစ်ဆက်တိုက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

Image: ATOM

အဆိုပါထောက်ပံ့ပေးအပ်မှုအခမ်းအနားကို ရန်ကုန်မြို့ရှိ အက်တမ် (ATOM) မြန်မာရုံးချုပ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့ပြီး အက်တမ် (ATOM) နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယခင် မတ်လ၊ ၂၀၂၃ ခုနှစ်က မြန်မာနေရှင်နယ်လိဂ်ကို ထောက်ပံ့ပေးအပ်သည့်ပမာဏဖြစ်သော မြန်မာငွေကျပ်သိန်းတစ်ထောင်၏ နှစ်ဆ – သိန်းနှစ်ထောင်ကို ယခုနှစ်တွင်ပိုမို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“အက်တမ် (ATOM) အနေနဲ့ အခုလိုမျိုး မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ ဆတက်ထမ်းပိုး တိုးတက်အောင် စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ မြန်မာနေရှင်နယ်လိဂ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် အခုလိုမျိုး ထပ်မံရင်းနှီးမြှုပ်နှံခွင့်ရတဲ့အပေါ် ဝမ်းမြောက်မိပါတယ်။ မြန်မာအမျိုးသမီးဘောလုံးလောကကြီးရဲ့ အလားအလာကောင်းတွေအပေါ် ယုံကြည်မှုနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်လေးများကို စဉ်ဆက်မပြတ် အားပေးကူညီသွားချင်တဲ့ အက်တမ် (ATOM) ရဲ့စေတနာကို ဒီထောက်ပံ့ပေးအပ်မှုက အကောင်းမွန်ဆုံး ဖော်ပြနေပါတယ်။ အခုလို ငွေသားထောက်ပံ့ကူညီမှုကနေတစ်ဆင့်အမျိုးသမီးငယ်လေးများ အားကစားကဏ္ဍမှာ ပိုမိုပါဝင်လာနိုင်စေတဲ့ အခွင့်အလမ်းကောင်းတွေ အများကြီးဖန်တီးပြီး သူတို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ရှာဖွေဖော်ထုတ်နိုင်အောင် ကူညီပေးနိုင်မယ်လို့ ကျွန်တော်တို့ အက်တမ် (ATOM) က ယုံကြည်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေ အားကစားကဏ္ဍမှာ ပိုမိုပါဝင်လာနိုင်စေဖို့ အခုလိုမျိုးကူညီထောက်ပံ့မှုက မြန်မာအမျိုးသမီးငယ်လေးများကို တန်းတူအခွင့်အရေးရရှိနိုင်ဖို့နဲ့ သူတို့ရဲ့စိတ်ဓာတ်ကို မြှင့်တင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ရင်း မြန်မာ့လူ့အဖွဲ့အစည်းဆီသို့ ပြောင်းလဲမှုကောင်းတွေကို ဆောင်ကြဉ်းပေးသွားမယ့် ကျွန်တော်တို့အက်တမ် (ATOM) ရဲ့ ချမှတ်ထားတဲ့ကတိကဝတ်နဲ့အညီ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု အက်တမ် (ATOM) အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah ကပြောကြားခဲ့သည်။

Image: ATOM

အက်တမ် (ATOM) ၏ ယခုထောက်ပံ့ကူညီငွေများသည် မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ တိုးတက်လာစေရန် ရည်ရွယ်သည့် ပိုမိုကောင်းမွန်သော လေ့ကျင်ရေးအစီအစဉ်များ၊ လိုအပ်သည့်အရင်းအမြစ်များ၊ ပွဲအခမ်းအနားများ စီစဉ်ကျင်းပရန် စသည့်အရာများအတွက် ခွဲဝေအသုံးပြုသွားမည်ဖြစ်ပါသည်။ ၎င်းတွင် ဘောလုံးအားကစားစွမ်းရည် တိုးတက်အောင်ကူညီပေးနိုင်ရန် သင်ကြားလမ်းညွှန်ပေးမည့် အစီအစဉ်များ၊ team-building အတွက်ရည်ရွယ်သည့် ဆွေးနွေးပွဲများနှင့် ယှဉ်ပြိုင်မှုအတွက် အထောက်အပံ့ဖြစ်စေမည့် ခြေစမ်းပွဲ ကဲ့သို့သောပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပါဝင်ပါသည်။ လေ့ကျင့်ရေးအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများနှင့် သွားလာစရိတ်များလည်း အပါအဝင်ဖြစ်သည်။

လွန်ခဲ့သောနှစ်တွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေနှင့် အောင်မြင်မှုမှတ်တိုင်များကို ဆက်တိုက်ဆွတ်ခူးရရှိနိုင်ခဲ့သည်။ ထိုအောင်မြင်မှုများအနက် ၂၀၂၃ ခုနှစ်၊ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ငွေတံဆပ်ဆု ဆွတ်ခူးရရှိခဲ့ရာ ယခုအကြိမ်သည် ၎င်းတို့၏ လေးကြိမ်မြောက်ဆွတ်ခူးရရှိခဲ့သည့် အောင်မြင်မှုအထိမ်းအမှတ်တစ်ခုလည်း ဖြစ်သည်။  ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့အထိ ထုတ်ပြန်သော ဖီဖာကမ္ဘာ့ဖလားအဆင့်သတ်မှတ်ချက်များအရ မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အဆင့် (၅၄) နေရာတွင် ရပ်တည်နေလျက်ရှိပြီး ကမ္ဘာ့အလယ်တွင် တစ်နေ့တစ်ခြားတိုးတက်လာသည့် မြန်မာအမျိုးသမီးဘောလုံးခြေစွမ်းကို သက်သေပြနိုင်ခဲ့သည်။ ယခုကဲ့သို့အောင်မြင်မှုမှတ်တိုင်များသည် မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ၏ အံ့မခန်းအရည်အချင်းများကို မီးမောင်းထိုးပြသနေလျက်ရှိပြီး အက်တမ် (ATOM) ကလည်း မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်း သန္နိဌာန်ချထားပါသည်။

Image: ATOM

မြန်မာနေရှင်နယ်လိဂ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးစိုးမိုးကျော် က “မြန်မာနေရှင်နယ်လိဂ်ကလည်း အခုလိုမျိုး အက်တမ် (ATOM) ရဲ့ မြန်မာအမျိုးသမီးဘောလုံးလောက တိုးတက်အောင် စဉ်ဆက်မပြတ် ထောက်ပံ့ကူညီမှုတို့အတွက် ကျေးဇူးတင်ပီတိဖြစ်မိပါတယ်။  အခုလို အက်တမ် (ATOM) ရဲ့ ရက်ရက်ရောရော ထောက်ပံ့ပေးအပ်ခဲ့တဲ့ မြန်မာငွေကျပ်သိန်းနှစ်ထောင်ဟာဆိုရင် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မြန်မာအမျိုးသမီးဘောလုံးနယ်ပယ်ကဏ္ဍ တိုးတက်အောင် လုပ်ဆောင်ပေးနေတဲ့ MNL ရဲ့ လုပ်ဆောင်ချက်တွေကို အများကြီးအထောက်အကူဖြစ်ပါတယ်။ အခုလို အက်တမ် (ATOM) ရဲ့ကူညီပံ့ပိုးမှုနဲ့အတူ ဘောလုံးအားကစားမှာ ထူးချွန်ပါရမီပါတဲ့ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်လေးတွေအတွက် ဒီထက်ပိုပြီး အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးသွားနိုင်ဖို့ မျှော်လင့်မိပါတယ်” ဟုပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် လုပ်ငန်းစတင်ချိန်မှစ၍ “မျှဝေခံစား အက်တမ်၏နှလုံးသား” ဆောင်ပုဒ်အောက်တွင် အက်တမ် (ATOM) သည် လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုမျိုးစုံကို တက်တက်ကြွကြွဖြင့် ဆောင်ရွက်လာခဲ့ပါသည်။ လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းများ စသည့် အက်တမ် (ATOM) ၏ ချမှတ်ထားသော အဓိကဦးတည်ချက်များနှင့်အညီ စုစုပေါင်း မြန်မာငွေကျပ်သန်းသုံးထောင် (ကိန်းဂဏန်းအားဖြင့် မြန်မာငွေကျပ် ၃,၀၀၀,၀၀၀,၀၀၀) ပံ့ပိုးကူညီခဲ့ရာ လူဦးရေ ငါးသိန်းကျော်၏ ဘဝများဆီသို့ ကောင်းကျိုးများယူဆောင်လာပေးနိုင်ခဲ့သည်။