Authenticator App ဆိုတာဘာလဲ ဘယ်လိုအသုံးဝင်တာလဲ

လိုတိုရှင်း အဖြေတစ်ခုကတော့ Authenticator App ဆိုတာ ကိုယ်အသုံးပြုနေတဲ့အကောင့်ကိုပိုပြီး လုံခြုံ စိတ်ချရအောင် ပြုလုပ်ပေးတဲ့ Application မျိုးဖြစ်ပါတယ်။

Online Account တွေရဲ့ လုံခြုံရေးအဆင့်တစ်ခုဖြစ်တဲ့ Password တွေကထင်ထားသလောက် လုံခြုံမှု ရှိတာမျိုးတော့ မဟုတ်ပါဘူး။ ဒါကလည်း လူတော်တော်များများက စိတ်ချရတဲ့ Password မျိုး မထားကြတာဖြစ်ပါတယ်။ လုံခြုံစိတ်ချပြီး ခိုင်ခန့်တဲ့ Password တွေထားရမယ့်အစား မှတ်မိလွယ်တဲ့ အားနည်းလွန်းတဲ့ Password တွေပဲထားတတ်ကြပါတယ်။ Password တစ်ခုတည်းနဲ့လည်း Website တော်တော်များများမှာ အသုံးပြုတတ်ကြတာက မှတ်မိလွယ်အောင် လုပ်လေ့လုပ်ထရှိကြတဲ့ သဘောပါပဲ။ ခိုင်ခန့်မှုမရှိဘဲ အားနည်းလွန်းတဲ့ Password တွေကို အချိန်ခဏလေးအတွင်းမှာပဲ Crack ပြုလုပ်နိုင်ပါတယ်။

Authenticator App ဆိုတာမျိုးကတော့ ကိုယ့်အကောင့်ကို two-factor authentication (2FA) အသုံးပြုပြီး လုံခြုံစိတ်ရအောင် ပြုလုပ်ပေးမှာပါ။ ကိုယ်အသုံးပြုတဲ့အကောင့်ကို 2FA ခံထားလိုက်တာနဲ့ authenticator app ထဲကို ဝင်ရောက်ဖို့ secret key လက်ခံရရှိမှာ ဖြစ်ပါတယ်။ ထည့်သွင်းပြီးတာနဲ့ အကောင့်နဲ့ App ကြားမှာ စိတ်ချရတဲ့ ချိတ်ဆက်မှုတစ်ခု ရရှိပြီဖြစ်ပါတယ်။ ချိတ်ဆက်ပြီးတာနဲ့ Authenticator App ကနေ အကောင့်ထဲဝင်ဖို့အတွက် လိုအပ်တဲ့ 6–8-digit code တွေကိုပေးပို့ပေးမှာ ဖြစ်ပါတယ်။ 

Authenticator App ရဲ့ နောက်ထပ်ကောင်းတဲ့တစ်ချက်ကတော့ Access Code တွေကို အမြဲတမ်း Generate ပြုလုပ်ပြီး ပြောင်းလဲပေးနေတာဖြစ်ပါတယ်။ ကိုယ့်အကောင့်နဲ့ Password ကိုသိတယ်ဆိုရင်တောင်မှ ဝင်ရောက်ဖို့အတွက် Access Code တွေကို လိုအပ်နေမှာ ဖြစ်ပါတယ်။ Social Media Site တွေအပြင် Email နဲ့ဝင်ရောက်ရတဲ့ နေရာတိုင်းအတွက် 2FA ကိုအသုံးပြုနိုင်ပါတယ်.

တစ်ခြား Security Software တွေလိုပဲ Authenticator App တွေကလည်း လုံခြုံစိတ်ချ ပြီးပြည့်စုံနေတာ့ မဟုတ်ပါဘူး။ တစ်ချို့ Authenticator App တွေမှာတောင်မှ App ထဲကို Login ပြုလုပ်ဖို့ Passcodes တွေ Biometric Lock တွေတောင် မပါဝင်ပါဘူး။ သင့်တော်တဲ့ Authentication App တွေကိုရွေးချယ်ဖို့အတွက် ကိုယ်အများဆုံးအသုံးပြုတဲ့ Platform တွေ Device တွေနဲ့ ကိုက်ညီမှုရှိမရှိ၊ အသုံးပြုထည့်သွင်းနိုင်တဲ့ Account Limit ၊ Multiple Device အသုံးပြုလို့ရမရ၊ Access Code ပေးပို့မယ့် နည်းလမ်းနဲ့ Backup ပြုလုပ်နိုင်စွမ်းရှိမရှိတွေကို ဆန်းစစ်ပြီး ရွေးချယ်နိုင်ပါတယ်။