Webmail နှင့် Gmail တို့၏ ကွာဟချက်များအကြောင်း

နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့‌ခေတ်ကြီးမှာ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဟာ Webmailကို သုံးလာကြပါပြီ။ Webmailနဲ့ Gmail ဘာကွာလဲဆိုတာ ကွဲကွဲပြားပြားမသိသေးတဲ့ မေးခွန်းတွေ အများကြီး တွေ့ရပါတယ်။
Gmail ဆိုတာက digital platform ပေါ်မှာ account createလုပ်ရုံနဲ့ google မှ အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ Webmail ဆိုတာကတော့ Domain(.com/.mm) တွေ၊ hosting‌တွေ ဝယ်ယူပြီး၊ account create ပြုလုပ်ပြီး အသုံးပြုရတာ ဖြစ်ပါတယ်။

Photo Source By Myanmar Tech Press

Gmail က Free web-based services ဖြစ်တဲ့အလျောက် ပိုပြီးတော့ လူသိများပြီး ပိုမိုသုံးစွဲကြတာ တွေ့ရပါတယ်။ သို့ပေမယ့် Webmailရဲ့ အဓိကအားသာချက်ကတော့ ကိုယ်ပိုင် Domain ဝယ်ယူသုံးစွဲရတဲ့အတွက် အခြားသူများက မိမိလုပ်ငန်းနာမည်နဲ့ ဆင်တူယိုးမှားတွေ ပြုလုပ်ပြီး လိမ်လည်ခြင်းလိုမျိုး အန္တရာယ်‌တွေမရှိဘဲ Security ပိုပြီးရှိ‌စေမှာဖြစ်ပါတယ်။ Security/Privacy ပိုကောင်းတဲ့အတွက် လုပ်ငန်းလုပ်ဆောင်ရာမှာ အလုပ်ရှင်နဲ့ customerကြား ယုံကြည်မှု ပိုရှိစေပြီး customer relationship ကောင်းစေပါတယ်။
လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေအနေနဲ့ ဆိုရင်တော့ Webmailကိုသာ သုံးသင့်ပါတယ်။ မိမိလုပ်ငန်း၊ မိမိကုမ္ပဏီရဲ့ department အလိုက် email တွေပြုလုပ်တဲ့နေရာမှာ သက်ဆိုင်ရာ department name တွေနဲ့ အလွယ်တကူ account ဖွင့်ပြီး professional ကျကျ သုံးစွဲနိုင်တဲ့အတွက်ကြောင့်မို့လို့ လုပ်ငန်းရှင်တွေအတွက် ပိုပြီး impression တက်စေပါတယ်။
Source = Myanmar Web Creator Co., ltd