Windows 10 မှ Windows 11 ကိုအခမဲ့ Upgrade ပြုလုပ်နိုင်

Windows 7, 8, 10 တွေကတော့ အစဉ်လိုက်ထွက်ရှိခဲ့တဲ့ Windows Version တွေဖြစ်ပါတယ်။ တစ်စထက်တစ်စ လုပ်ဆောင်ချက်အသစ်အဆန်းတွေထည့်သွင်းပေးလာကြပြီး အခုထွက်ရှိလာခဲ့တဲ့ Windows 11 မှာဆိုလည်း လုပ်ဆောင်ချက်အသစ် ဒီဇိုင်းအသစ်တွေ ထည့်သွင်းပေးထားပါတယ်။ Windows 11 တရားဝင်ထွက်ရှိလာပြီ ဖြစ်တဲ့အပြင် Windows 10 အသုံးပြုသူတွေအနေနဲ့ Windows 11 ကိုအခမဲ့ Upgrade ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ Windows 10 PC က Upgrade ပြုလုပ်ဖို့အတွက် ကိုက်ညီမှုရှိတယ်ဆိုရင် အသိပေးစာ ပေးပို့သွားမှာလည်း ဖြစ်ပါတယ်။

Photo Source https://www.microsoft.com/en-us/windows/windows-11

Windows ကိုစတင်အသုံးပြုဖို့အတွက် လိုအပ်တဲ့ System Requirements တွေကို သိထားဖို့လိုပါတယ်။ Upgrade ပြုလုပ်ဖို့အတွက် 1 gigahertz (GHz) ဒါမှမဟုတ်ပိုမြန်တဲ့ gigahertz နဲ့ 64bit Processor or System on Chip (SoC) လိုအပ်ပါတယ်။ RAM အနေနဲ့ 4GB နဲ့ Storage 64GB or more လိုအပ်ပါတယ်။ System Firmware UFEL, Secure Boot Capable နဲ့ TPM Version 2.0, Graphics card အနေနဲ့ DirectX 12 or later with WDDM 2.0 driver လိုအပ်ပါတယ်။

Windows 11 ကို Download ပြုလုပ်ဖို့အတွက် website တွေကိုသွားနေစရာမလိုပါဘူး။ ကိုယ်အသုံးပြုတဲ့ PC နဲ့ကိုက်ညီမှုရှိတယ်လို့ အသိပေးပြီးတာနဲ့ System Update ထဲမှာ Upgrade ပြုလုပ်နိုင်ပါတယ်။ Windows 11 ကို Download ရယူနိုင်ပြီဆိုတာနဲ့ Download and Install ခလုတ်ကိုနှိပ်ပြီး Install ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Windows 11 ကနေ Upgrade ပြုလုပ်မယ်ဆိုရင် Start Menu ကနေ Setting ထဲကိုသွားပါ။ Windows 10 Setting Page ပေါ်လာပြီဆိုတာနဲ့ Updates and Security ကိုနှိပ်ပါ။ Check for Updates ကိုနှိပ်ပါ New Update ကိုအလိုအလျောက်ရှာဖွေပေးမှာဖြစ်ပါတယ်။ ပေါ်လာတဲ့ Updates တွေထဲမှာ Windows 11 ပါတာနဲ့ Upgrade ပြုလုပ်လို့ရပါပြီ။