မိုဘိုင်းအင်တာနက် ကုန်ကျမှုသက်သာစေမည့် နည်းလမ်း (၅) ခု

မိုဘိုင်း‌‌ဒေတာဈေးတွေလည်း တက်လာပြီဆိုတော့ Wifi သမားတွေအတွက် ပြဿနာမရှိပေမယ့် မိုဘိုင်းဒေတာနဲ့ သုံးနေသူတွေအတွက် ရေရှည်မှာ ကုန်ကျမှုက သိသိသာသာများလာနိုင်ပါတယ်။ ဒါကြောင့် ဒေတာကုန်ကျမှုသက်သာဖို့ နည်းလမ်း(၅)မျိုး ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

Photo Source By  Myanmar Tech Press

(၁)မလိုအပ်တဲ့ Data Usage တွေကို Off ထားပါ။ မလိုအပ်ပဲ Background Data တွေသုံးနေတဲ့ App တွေကြောင့်Data ကုန်ကျမှုများလာနိုင်ပါတယ်။ အဲ့ App တွေကိုပိတ်ဖို့အတွက်ကတော့Setting ထဲမှာ Data Usage ကိုရှာပြီး Backgound Data ကို Off ထားနိုင်ပါတယ်။ Android မှာဆိုရင် Setting>Data Usage>Background Data>Off ရပါမယ်။ Xiaomi တွေမှာဆို Setting>Connecting&Sharing>Data Usage>Background Data>Off ရပါမယ်။ iOS တွေမှာဆို Setting>Cellular>Apps တွေမှာမလိုတာတွေ ပိတ်ထားလိုက်ပါ။ Sim Setting>Low Data Mode လည်း on ထားလို့ရပါတယ်။ Software Auto Update တွေကိုလည်း ပိတ်ထားသင့်ပါတယ်။ Android Play Store မှာဆိုရင် PlayStore>Setting>Network Perference>Auto-update apps>Don’t auto-update apps(or) Over Wifi Only လုပ်ထားနိုင်ပါတယ်။ iOS မှာဆို Setting>Genreal>Softwared Update>Automatic Download ကို ပိတ်ထားလိုက် ရင်ရပါပြီ။
(၂) Telegram မှာလည်း Auto-Download တွေပိတ်ထားပါ။ Telegram ကလည်း Auto-Download တွေမပိတ်ထားမိရင် Data စားပါတယ်။ Auto-Download တွေပိတ်ဖို့အတွက်ဆိုရင်တော့ Telegram Setting>Automatic Media Download>When Using Mobile Data>Off ထားနိုင်ပါတယ်။ နောက်ပြီး Auto Play Media/Streaming မှာလည်း Off ထားသင့်ပါတယ်။ အဲ့လိုဆိုရင် Telegram သုံးတဲ့အခါလည်း မလိုအပ်ပဲ Data ကုန်ကျတာတွေ မဖြစ်တော့ပါဘူး။
(၃) Facebook အစား Facebook Lite သုံးပါ။ပုံမှန် Facebook Version ထက် Data ကုန်ကျမှု သက်သာစေတဲ့ Facebook&Messenger Lite Version ကို Facebook က ထုတ်ပေးထားတာ ရှိပါတယ်။ Lite Version က Connection Stable မဖြစ်တဲ့ နေရာတွေနဲ့ 2G Network နဲ့တောင် အသုံးပြုလို့ရပါတယ်။ ပုံမှန် Facebook Version ထက် Data ကုန်ကျမှု (၂၅)ဆထိ သက်သာစေပါတယ်။ (ပုံမှန် Facebook Version မှာ 10MB ကုန်တယ်ဆို Lite Version မှာ 0.4MB ပဲကုန်မှာပါ)။ UI က သိပ်မမိုက်ပေမယ့် Smooth ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ပုံမှန် Facebook Version ကိုပဲသုံးချင်တယ်ဆိုလည်း Auto-Play Video တွေကိုပိတ်ထားလို့ရပါတယ်။ Data ကုန်ကျမှု သက်သာချင်ရင်တော့ Facebook & Messenger Lite Version ကို Recommend ပေးပါတယ်။
Download လုပ်ရန်(Android တွေမှာပဲ ရပါမယ်)
Facebook Lite —> https://bit.ly/31Jjrqc
Messenger Lite —> https://bit.ly/3ECktmu
(၄) Video Call အတွက် Skype Lite သုံးပါ။ Mobile Data နဲ့ Video Call ပြောတဲ့ သူတွေအတွက် Skype Lite က Data စားတာ သက်သာပါတယ်။ (၁၀)မိနစ်စာ Video Call ပြောရင်တောင် 24MB လောက်ပဲ ကုန်ကျမှာပါ။ Video Quality ကလည်း အဆင်ပြေပါတယ်။ ဖုန်းပြောမယ်ဆိုလည်း 4MB နဲ့ မိနစ်(၂၀) လောက်ပြောလို့ရပါတယ်။ Account ဖွင့်ပြီး လွယ်လွယ်ကူကူအသုံးပြုလို့ရပါတယ်။
Download လုပ်ရန် (Apkpure ကနေပဲ Down လို့ရပါတယ်)။
Link–> https://bit.ly/3lMeTq
(၅) Browsing အတွက် Opera Mini-fast web browser သုံးတဲ့သူတွေအတွက် ဆိုရင်တော့ Chrome အစား Opera Mini ကို သုံးသင့်ပါတယ်။ Ads တွေလည်းမပါသလို Web Page Size တွေကိုလည်း 90 ရာခိုင်နှုန်း ထိ Compress လုပ်ပေးနိုင်လို့ Mobile Data ကုန်ကျမှု တော်တော်လေးသက်သာစေပါတယ်။ ပုံမှန် Website တစ်ခု က 4MB ရှိမယ်ဆို Opera Mini မှာဆို 0.4MB လောက်ထိ Compress လုပ်ပေးနိုင်လို့ Mobile Data နဲ့ Browser သုံးတဲ့သူတွေအတွက် Data ကုန်ကျမှုချွေတာနိုင်ပါတယ် ။
Download လုပ်ရန်–>https://bit.ly/3EClhrw

Source https://web.facebook.com/kyawthumin1989