Beta Version စတင်ထွက်ရှိလာပြီဖြစ်တဲ့ Autochess MOBA

Mobile Game Industry ထဲက MOBA ဂိမ်းတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေရဲ့ အာရုံစိုက်မှုကို အတော်လေး ရရှိနေခဲ့တာကတော့ Dragonest, Mobile Game Development Company က ထုတ်လုပ်မယ့် AutoChess MOBA လို့ပြောလို့ရပါတယ်။ MOBA ကြိုက်နှစ်သက်သူတွေ စိတ်ဝင်စားနေကြရတဲ့အဓိကအကြောင်းအရင်းကတော့ ကွန်ပြူတာဂိမ်းတစ်ခုဖြစ်တဲ့ Dota2 ပုံစံ မြေပုံ၊ In Game Feature, Item, Heroes စတာတွေက အတော်လေး တူညီနေတာကြောင့်လည်း ဖြစ်ပါတယ်။

Alpha Test ပြီးဆုံးသွားတဲ့နောက် ဩဂုတ်လ ၁၁ ရက်နေ့မှာပဲ ဖိလစ်ပိုင်နိုင်ငံ တစ်နိုင်ငံတည်းအတွက် Regional Beta Test ကိုစတင်ခဲ့ပါတယ်။ ထွက်ရှိထားတဲ့ Version မှာတော့ Hero ပေါင်း ၂၀ ကို ထည့်သွင်းပေးထားပါတယ်။

AutoChess MOBA Heroes

Lanning Phrase အနေနဲ့

Upper Lane: Egersis Ranger, Swordman, Dominator, Dwarf Sniper

Mid Lane: God of Thunder, Thunder Trace, Flame Wizard, Dualplot

Base Lane: Redaxe Chief, Doom Arbiter, Avenge Knight, Tsunami Stalker

Roam: Sky Breaker, Sunchaser Shaman, Sunchaser Servant, Soul Breaker

Support: Warpwood Sage, Grimtouch, The Source, Defector ဆိုပြီးလည်း Hero တွေကို  သတ်မှတ်ထားပေးပါတယ်။

နောက်အသစ်ထွက်လာမယ့် patch အသစ်တွေမှာလည်း Hero အသစ်တွေကို ထပ်မံထည့်သွင်းထားဦးမယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ Ranked Mode နဲ့ Training Mode နှစ်ခုပဲ ပါရှိပါသေးတယ်။ နောက်ပိုင်းတွေမှာ Ranked, Casual, Training နဲ့ Custom ဆိုပြီး Mode လေးခု ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

In-game screenshot

Ranked Mode အတွက် Ranking System ကတော့ Journeyman, Pawn, Knight, Bishop, Rook, King နဲ့ Queen ဆိုပြီး (၇) မျိုးခွဲခြားထားပေးပါတယ်။ Journeyman ကနေ Rook အဆင့်အထိ Rank အဆင့် I, II, III, IV, V, VI, VII, VIII, IX ဆိုပြီး (၉) မျိုးထပ်ခွဲထားပါသေးတယ်။ King အတွက်ကတော့ King I, King II, King III အထိပဲရှိမှာ ဖြစ်ပါတယ်။ Rank ဆော့ကစားလို့ အနိုင်ရတဲ့အခါ ရရှိလာတဲ့ အမှတ်တွေကို ထည့်ပေါင်းပြီး Rank တက်နိုင်မှာ ဖြစ်ပါတယ်။ Rank အဆင့်တက်လာတာနဲ့အမျှ Hero အသစ်တွေ၊ Skin တွေ၊ Rank Protection Card တွေ, Profile Avatar တွေနဲ့ Chests တွေလည်း Unlock ဖြစ်လာမှာ ဖြစ်ပါတယ်။ Hero တွေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာပါဝင်တဲ့ Skin တွေကို ဝယ်ယူလို့တော့မရသေးပါဘူး။ Rank reward မှာ ရရှိတာတွေကိုပဲ အသုံးပြုရဦးမှာ ဖြစ်ပါတယ်။

In Game System အနေနဲ့ကလည်း Dota2 နဲ့အတော်လေးဆင်တူအောင် ဖန်တီးထားတဲ့အတွက် Dota2 ဆော့ကစားတဲ့ ခံစားချက်ကိုလည်း ခံစားမိစေမှာ သေချာပါတယ်။ အချင်းချင်းချိတ်ဆက်ကစားဖို့အတွက် Text Chat Box ပါဝင်သလို ကစားပွဲပြီးသွားတဲ့အချိန်မှာလည်း Player Report ပြုလုပ်လို့ရပါသေးတယ်။

In game screenshot

ဖိလစ်ပိုင်အတွက်ထွက်ရှိထားတဲ့ AutoChess MOBA ဂိမ်းကို မြန်မာနိုင်ငံကနေ မစောင့်နိုင်တော့လို့ ဆော့ကစားချင်တဲ့သူတွေကတော့ ဖိလစ်ပိုင်နိုင်ငံပါတဲ့ VPN တွေကိုအသုံးပြုပြီး Google Play Store ဒါမှမဟုတ် TapTap တို့ကနေ Download ပြုလုပ်နိုင်ပါတယ်။ ဆော့ကစားဖို့အတွက် RAM 3GB အထက်ရှိဖို့တော့ လိုအပ်ပါတယ်။

Regional Best Test ဖြစ်တဲ့အပြင် ဖိလစ်ပိုင်နိုင်ငံအတွက်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ကစားသမားတွေအနေနဲ့ Ping မငြိမ်မသက်ဖြစ်တာ Lag တာတွေကတော့ ဖြစ်နေမှာပါ။ Error တွေလည်း ရှိနေဦးမှာ သေချာပါတယ်။ Beta Version ဖြစ်တဲ့အတွက် လက်ရှိဆော့ကစားခဲ့တဲ့အကောင့်တွေက Official Globally ထွက်ရှိလာတဲ့အချိန်မှာတော့ Account Reset တွေ ဖြစ်သွားမှာပါ။

အသေးစိတ်အချက်အလက်တွေနဲ့ Update News တွေဖတ်ချင်တဲ့သူတွေအနေနဲ့ https://www.autochessmoba.com/ မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။