ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ချက်များစွာပါသော HUAWEI Band 7 ကို မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်

Huawei ၏ မျက်နှာပြင်ကျယ်ပြီးကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ချက်များစွာပါဝင်သည့် အပါးလွှာဆုံးနှင့် နောက်ဆုံးပေါ်ခေတ်မှီ လက်ပတ်နာရီကြိုးဖြစ်သည့် HUAWEI Band 7 မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခင် ၃၉၉,၀၀၀ ကျပ်ဖြင့်‌ရောင်းချသော HUAWEI nova Y70 အား သတ်မှတ်ကာလအတွင်းဝယ်ယူပါက ၃၇၉,၀၀၀ ကျပ်ဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး သြဂုတ်လ (၁၄) ရက်နေ့အတွင်းဝယ်ယူပါက ထီးလက်ဆောင်ရရှိမည်ဖြစ်သည်။
နောက်ဆုံးပေါ် HUAWEI Band 7 သည် 9.99mm အထူသာရှိပြီး ကြိုးအပါအဝင် အလေးချိန်မှာ16 g သာရှိသည့်အတွက် အလုပ်လုပ်ချိန်၊ အိပ်စက်ချိန်နှင့်လေ့ကျင့်ခန်းလုပ်သည့်အချိန်များတွင် လက်ပေါ်တွင်ဝတ်ထားသည်ကိုတောင်မသိရှိနိုင်ဘဲ ပေါ့ပါးနေမည် ဖြစ်သည်။ HUAWEI Band 7 သည် တစ်ပတ်တာလုံးလေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် ကျန်းမာရေးတိုးတက်မှု အတွေ့အကြုံများရရှိစေရန်အပြင် ကျန်းမာတက်ကြွသော နေထိုင်မှုဘဝပုံစံကိုပါရရှိစေရန် အဖော်မွန်ကောင်းဖြစ်သည်။
HUAWEI Band 7 အသစ်အား 64.88% Screen-to-body ratio၊ အဆင့်မြင့်တင်ထားသော UI ဒီဇိုင်းနှင့်အတူ 194 x 368 Resolution တို့အပါအဝင် AMOLED color display တို့ဖြင့် ဖွဲ့စည်းထားသည်။ ထို့ပြင် HUAWEI Band 7 ၏ အရည်အသွေးမြင့် 2.5D မှန်အခုံး မျက်နှာပြင်၊ အလွန်သေးသွယ်သော ဘေးဘောင်နှင့် 64.88 ရာခိုင်နှုန်း ရှိသော Screen-to-body ratio ကြောင့် ပိုမိုကောင်းမွန်သော မျက်နှာပြင်အပြည့်မြင်ကွင်အားကြည့်ရှုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/huaweimobile/

အလွန်ကျစ်လစ်သိပ်သည်းသောဖွဲ့စည်းပုံနှင့်ဖိုက်ဘာမှန်အားဖြည့်ပိုလီမာကိုအသုံးပြုထားသည့်အတွက် HUAWEI Band 7 သည် 10mm ထက်ပါးလွှာပြီး အထူ 9.99mm ရှိသော Huawei ၏အပါးလွှာဆုံး FullView Fitness tracker ဖြစ်သည်။ ပါးလွှာပြီး မျက်နှာပြင်ခုံးဒီဇိုင်းသည် လက်ကောက်ဝတ်နှင့် ကွက်တိကျပြီး 16g (ကြိုးမပါ) သာရှိသည့်အတွက် ဝတ်ဆင်သည့်အခါတွင် ပေါ့ပါးနေစေမည်ဖြစ်သည်။
HUAWEI Band 7 ကို အသုံးပြုသူ၏ စတိုင်နှင့် အဝတ်အစားတို့ဖြင့် ကိုက်ညီစေရန် Graphite Black (အနက်ရောင်)၊ Nebula Pink (ပန်းရောင်)နှင့် Wilderness Green (အစိမ်းရောင်) စသည့်အရောင်များထုတ်လုပ်ထားသည်။ အရောင်အား ဖိုက်ဘာမှန်အားဖြည့်ပိုလီမာကိုယ်ထည်နှင့် ကိုက်ညီစေရန် အထူးပြုလုပ်ထားပြီး သတ္တုအပေါ်ယံလွှာ ဖုံးအုပ်ထားသည့် အတွက် လူငယ်ဆန်သော ဒီဇိုင်းကိုရရှိစေသည်။ Huawei ၏အဓိက အားသာချက်မှာ Smart Bands များ၏ အဓိကလုပ်ဆောင်ချက်ဖြစ်သည့် ကျန်းမာရေး စောင့်ကြည့်မှုဖြစ်ပြီး HUAWEI Band 7 တွင်ကျွမ်းကျင်သော ကျန်းမာရေး စောင့်ကြည့်မှု လုပ်ဆောင်ချက်များပါရှိပြီး အသုံးပြုသူများကို ကျန်းမာစွာ နေထိုင်တတ်သည့် အလေ့အထများ ဖွံ့ဖြိုးလာစေ ရန် လမ်းညွှန်ပေးနိုင်စွမ်းရှိသည်။
HUAWEI Band 7 သည်အိပ်စက်ခြင်း၊ SpO2 တိုင်းတာခြင်း၊ စိတ်ဖိစီးမှု၊ ရာသီလာခြင်းနှင့် နှလုံးကျန်းမာရေး စောင့်ကြည့်ခြင်းစသည့် ပြည့်စုံသောကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှု Features များကိုထောက်ပံ့သည်။ အိပ်စက်ခြင်း စောင့်ကြည့်မှုအတွက် Huawei ၏အိပ်စက်ခြင်းခြေရာခံနည်းပညာဖြစ်သော HUAWEI TruSleep TM ကိုထောက်ပံ့ပြီး အသုံးပြုသူ၏အိပ်စက်ခြင်းကို အနှောင့်အယှက်မဖြစ်စေဘဲ အိပ်စက်ခြင်းအရည်အသွေးကို အကဲဖြတ်နိုင်သည်။ အိပ်ပျော်ရန်ခက်ခဲခြင်း၊ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ ညအချိန်တွင်နိုးခြင်း၊ စောစောနိုးလာခြင်း၊ အိပ်မက်များထင်ရှား စွာမက်ခြင်းနှင့် မူမမှန်သော အိပ်စက်ခြင်းအလေ့အထစသည့် အိပ်စက်ခြင်းဆိုင်ရာပြဿနာ ၆ မျိုးအား သေချာစွာခွဲခြားပေး နိုင်ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာအိပ်ရန်လမ်းညွှန်ပေးနိုင်သည်။

Photo Source https://www.facebook.com/huaweimobile/

HUAWEI Band 7 တွင်သုံးစွဲသူများ၏စိတ်ဖိစီးမှုကိုစောင့်ကြည့်ရန် HUAWEI TruRelax TMတပ်ဆင်ထားသည်။ စိတ်ဖိစီးမှုအလွန်မြင့်မားပါက စိတ်ဖိစီးမှုလျော့ကျနိုင်ရန် အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ရန်သတိပေးမည်ဖြစ်သည်။ HUAWEI Band 7 သည် SpO2 ကိုတစ်နေကုန်စောင့်ကြည့်ကာ သွေးတွင်းအောက်စီဂျင် သတိပေးချက်များကို အလိုအလျောက်သတ်မှတ်နိုင်ပြီး SpO2 level ကို ၂၄ နာရီ စောင့်ကြည့်တိုင်းတာနိုင်မည်ဖြစ်သည်။ HUAWEI Band 7 တွင် အသစ်အဆင့်မြှင့်တင်ထားသော HUAWEI TruSeen TM 4.0 နှလုံးခုန်နှုန်းစောင့်ကြည့်စစ်ဆေးမှု နည်းပညာပါဝင်သည်။ ၎င်းသည်အသုံးပြုသူ၏နှလုံးခုန်နှုန်းကို စဉ်ဆက်မပြတ် လျင်မြန်စွာနှင့် တိကျစွာခြေရာခံနိုင်သည်။
လေ့ကျင့်ခန်းဒေတာများ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် လမ်းညွှန်ခြင်းသည် Smart Bands များ၏အဓိကလုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်ပြီး HUAWEI Band 7 တွင် Huawei ၏ကိုယ်ပိုင် TruSport™ algorithms တပ်ဆင်ထားသည်။ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကြိုးခုန်ခြင်းနှင့် roller စကိတ်စီးခြင်းအပါအဝင် Workout modes ၉၆ ခုအားစောင့်ကြည့်လေ့လာနိုင်သည့် အဆင့်မြင့်တင်ထားသော Features များပါဝင်သည်။ မည်သည့်အားကစားကို ပင်စိတ်ဝင်စားပါစေ HUAWEI Band 7 သည် အသုံးပြုသူနှင့်အတူ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ် နေမည်ဖြစ်သည်။
HUAWEI Band 7 ကို အားအပြည့်သွင်းထားပါက ၁၄ ရက်ကြာအသုံးပြုနိုင်မည်ဖြစ်သည့်အတွက် တစ်‌နေ့တာလုံး ဝတ်ဆင်နိုင်သည့်အပြင် ညအိပ်ချိန်ပါဝတ်ဆင်နိုင်ကာ ခန္ဓာကိုယ်အား စောင့်ကြည့်တိုင်းတာနိုင်မည်ဖြစ်သည်။ ထို့ပြင် HUAWEI Band 7 မှ သီချင်းနား‌ထောင်သည့် လုပ်ဆောင်ချက်များအား ထိန်းချုပ်နိုင်သည့် Music Control၊ အဝေးမှထိန်းချုပ်ကာ ဓါတ်ပုံရိုက်ပေးနိုင်သည့် Remote Shutter၊ Text Messages၊ emails နှင့် Social Apps များအတွက် Reminders၊ ရာသီဥတု၊ နိုးစက်၊ Stop Watch၊ Timer၊ ဓါတ်မီး၊ Find my phone၊ Voice Assistant နှင့် ပိုမိုအဆင်ပြေလွယ်ကူသော အသုံးပြုမှုအတွေ့အကြုံများကိုရရှိစေရန် Quick Reply လုပ်ဆောင်ချက်များအား အထောက်အပံ့ပေးထားသည်။
HUAWEI Band 7 အား ၁၀၉,၀၀၀ ကျပ်ဖြင့် Graphite Black (အနက်ရောင်)၊ Nebula Pink (ပန်းရောင်) နှင့် Wilderness Green (အစိမ်းရောင်)တို့အား မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ယခင် ၃၉၉၀၀၀ ကျပ်ဖြင့်‌ရောင်းချသော HUAWEI nova Y70 အား သတ်မှတ်ကာလအတွင်းဝယ်ယူပါက ၃၇၉၀၀၀ ကျပ်ဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး သြဂုတ်လ (၁၄) ရက်နေ့အတွင်းဝယ်ယူပါက ထီးလက်ဆောင်ရရှိမည်ဖြစ်သည်။