Samsung ရဲ့ Gaming Insight Study စစ်တမ်းအရ Southeast Asia & Oceania (SEAO) ဒေသတွေက အွန်လိုင်းအသုံးပြုသူ ၁၀ ဦးအနက် ၇ ဦးဟာ အွန်လိုင်းဂိမ်းကစားရတာကို ကြိုက်နှစ်သက်သူတွေဖြစ်ကြောင်း တွေ့ရှိ

Samsung Electronics ဟာ Southeast Asia & Oceania (SEAO) ဒေသအတွင်း အွန်လိုင်းဂိမ်းကစားမှုနဲ့ ပတ်သက်တဲ့ Gaming Insight Study စစ်တမ်းကို မကြာသေးခင်က ထုတ်ပြန်ခဲ့ပြီး ဒီစစ်တမ်းအရ ဒီဒေသအတွင်းက အွန်လိုင်းအသုံးပြုသူ ၁၀ ဦးအနက် ၇ ဦးဟာ ဂိမ်းကစားရတာကို ကြိုက်နှစ်သက်သူတွေဖြစ်တာ တွေ့ရှိခဲ့ရပါတယ်။

One Esports နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဒီစစ်တမ်းကောက်ယူမှုအတွက် ဒေသတွင်း ဈေးကွက် ၇ ခု (သြစတေးလျ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်) မှာရှိတဲ့ အသက် ၁၈ နှစ်ကနေ ၄၉ နှစ်အထိ အွန်လိုင်းအသုံးပြုသူ ၆,၈၀၀ ကျော်ကို ၂၀၂၂ ခုနှစ် စတုတ္တ လေးလပတ်အတွင်းမှာ မေးမြန်းခဲ့တာပါ။

Image: Samsung

ဒီစစ်တမ်းအရ အပန်းဖြေဖို့အတွက် ဂိမ်းကစားတာဖြစ်တယ်လို့ ဖြေကြားတဲ့သူအရေအတွက်က ၇၄% အထိရှိခဲ့ပြီး သူတို့တွေအနေနဲ့ ပျှမ်းမျှ ရက်သတ္တပတ် တစ်ပတ်မှာ ၇ နာရီလောက် ဂိမ်းကစားကြတာကို တွေ့ရှိရပါတယ်။ ဂိမ်းကစားသူအများစု (၉၂%) က အိမ်မှာ သက်တောင့်သက်သာ ဂိမ်းကစားလေ့ရှိကြပြီး ၅၈% ကတော့ ဂိမ်းအတွင်းက Exclusive Content တွေ၊  Esports ပြိုင်ပွဲ ကြည့်ရှုခွင့် လက်မှတ်တွေ၊ Streamer Subscription တွေ၊ Skin နဲ့ Merchandise တွေ ဝယ်ယူဖို့အတွက် တစ်လကို ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၃၀ လောက် ပုံမှန်အသုံးပြုလေ့ ရှိကြတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

Image: Samsung

စစ်တမ်းကောက်ယူခဲ့တဲ့ သူတွေကို ဂိမ်းကစားချိန်နဲ့ ဂိမ်းအစီအစဉ်တွေ ကြည့်ရှုချိန်တွေအပေါ် မူတည်ပြီး Hardcore Gamers, Gaming Enthusiasts, Casual Gamers & Spectators နဲ့ Casual Gamers ဆိုပြီး အဖွဲ့ ၄ ဖွဲ့ ခွဲခြားသတ်မှတ်ခဲ့ပါတယ်။ ဒီလို ခွဲခြားသတ်မှတ်လိုက်တဲ့အချိန်မှာတော့ တစ်ဝက်ကျော် (၅၆%) ဟာ Hardcore Gamers နဲ့ Gaming Enthusiasts တွေဖြစ်ကြပြီး အပတ်စဉ် ဂိမ်းပုံမှန်ကစားလေ့ရှိသူတွေ၊ ဂိမ်းအစီအစဉ်တွေကို ပုံမှန်ကြည့်ရှုတဲ့သူတွေတွေ ဖြစ်ကြတာကို တွေ့ရှိရပါတယ်။

ဒီ Hardcore Gamers တွေနဲ့ Gaming Enthusiasts တွေအနေနဲ့ ဘယ်လိုမျိုး ဂိမ်းအစီအစဉ်တွေကို ကြည့်ရှုလေ့၊ ဆော့ကစားလေ့ရှိတယ်ဆိုတာကိုလည်း အောက်မှာတွေ့ရှိနိုင်ပါတယ်။

Image: Samsung

ကမ္ဘာတစ်ဝန်းမှာ ဒီလိုမျိုး ဂိမ်းကစားမှုပမာဏ တဖြည်းဖြည်း မြင့်တက်လာတာကို သိရှိတဲ့အတွက် လည်း Samsung Electronics အနေနဲ့ Galaxy S23 Series, Galaxy Z Fold4, Galaxy Tab S8 Ultra နဲ့ Galaxy A Series အစရှိတဲ့ သူ့ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ Gameplay Performance နဲ့ Graphics Quality ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်ပေးနေခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Galaxy S23 Series စမတ်ဖုန်းတွေမှာဆိုရင်လည်း Gaming Performance ပိုင်းဆိုင်ရာမှာ မိုဘိုင်းဂိမ်း ဆော့ကစား ရတာကို ကြိုက်နှစ်သက်သူတွေရဲ့ တခဲနက် အားပေးမှုကို ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ Game Streamer တစ်ဦးဖြစ်သူ ICE ICE ကလည်း Samsung Galaxy S23 Ultra စမတ်ဖုန်းရဲ့ Gaming စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး “Galaxy S23 Series စမတ်ဖုန်းတွေမှာ Qualcomm ရဲ့ ပြိုင်ဖက်ကင်း ‘Snapdragon® 8 Gen 2’ ကို Samsung Galaxy Mobile Platform အတွက် သုံးပေးထားလို့ Gaming Performance ပိုင်းမှာ တကယ့်ကို အကောင်းမွန်ဆုံးနဲ့ လျင်မြန်ချောမွေ့မှုအရှိဆုံး ခံစားချက်မျိုးကို ရရှိစေပါတယ်။ နောက်ပြီး Vision Booster နဲ့ Cooling System ပိုင်းမှာလည်း ပိုပြီးကောင်းမွန်လာတဲ့အတွက် ဂိမ်းဆော့ရတာ လုံးဝ Epic ပါပဲ” ဆိုပြီး Galaxy S23 Series ရဲ့ မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

Image: Samsung

PC နဲ့ Console ဂိမ်းတွေကို ကြိုက်နှစ်သက်သူတွေ အတွက်လည်း Samsung ကနေ Performance အကောင်းဆုံး မော်နီတာတွေဖြစ်တဲ့ The Odyssey Ark နဲ့ Odyssey OLED မော်နီတာတွေကို မိတ်ဆက်ပေးခဲ့ပြီး Screen ကြီးကြီးနဲ့ အမိုက်စား ဂိမ်းကစားမှုအတွေ့အကြုံတွေကို ကြိုက်နှစ်သက်သူတွေအတွက်လည်း Samsung Neo QLED QN90 Series မော်နီတာတွေကို ဖန်တီးပေးခဲ့ပါတယ်။ နောက်ပြီး ဂိမ်းအစီအစဉ်တွေကို ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် လည်း Galaxy Z Flip4, Smart Monitor M8 နဲ့ The Sero တို့လို့ ဆန်းသစ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ထုတ်ကုန်တွေ ကိုလည်း Samsung က မိတ်ဆက်ခဲ့ပါသေးတယ်။