ဒစ်ဂျစ်တယ် ပြုပြင်‌ပြောင်းလဲရေးအတွက် စုံလင်စွာသောဝန်ဆောင်မူများပေးနိုင်ရန် B360 Marketing Consulting Firm နှင့် Vanguard Myanmar တို့ပူးပေါင်း

Vanguard Myanmarသည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းနယ်ပယ်အစုံ၏စီးပွားရေးဆိုင်ရာအခက်အခဲများကို နည်းပညာ အသုံးပြုပြီးဖြေရှင်းပေးခြင်းနှင့်အနာဂတ်မှာဖြစ်ပေါ်လာမယ့်စိန်ခေါ်မှုများအတွက်ကြိုတင်ပြင်ဆင်နိုင်စေရန်ကူညီပေးခြင်းမှာအထူး ကျွမ်းကျင်တဲ့ထိပ်တန်းစီးပွားရေးနှင့်နည်းပညာအတိုင်ပင်ခံကုမ္ပဏီတွေထဲမှ တစ်ခုဖြစ်သည်။ Vanguard Myanmar နှင့်ပူးပေါင်းသွားမည့် B360 Marketing Consulting Firmသည် Digital Marketing၊ B2B Marketing၊ Branding၊ Website Development နှင့် CRM Implementation ဝန်ဆောင်မှုတွေကိုပေးနေတဲ့ကုမ္ပဏီတစ်ခုဖြစ်သည်။

Photo Source https://vanguardmm.com/

“အခုလိုပူးပေါင်းခြင်း၏ အဓိကရည်ရွယ်ချက်သည် Digital Consulting Firms နှစ်ခုပူးပေါင်းပြီးပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ် ပြုပြင်‌ပြောင်းလဲရေး အတွက်တနေရာတည်းစုံလင်စွာ ဝန်ဆောင်မူပေးနိုင်ရန် ပထမဆုံးအနေနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ကြိုးစားခြင်းဖြစ်ပြီးလုပ်ငန်းရှင်များအတွက်လည်းများပြားသောအကျိုးများကိုခံစားရစေမယ့်ဝန်ဆောင်မှုလည်းဖြစ်ပါတယ်။ Vanguard Myanmar နဲ့ B360 Marketing Consulting Firm တို့ အခုလိုပူးပေါင်းလိုက်ခြင်းက စီးပွားရေးလုပ်ငန်းရှင်တွေကိုသူတို့ရဲ့ စားသုံးသူတွေအကြောင်းအချက်အလက်ဒေတာတွေကတဆင့် ပိုသိစေပြီး Personalized ဖြစ်တဲ့သတင်းအချက်အလက်နဲ့ဝန်ဆောင်မှုတွေပေးနိုင်တော့မှာ ဖြစ်ပါတယ်။ B360ရဲ့ Marketing and Branding နဲ့ဆိုင်သောကျွမ်းကျင်မှုက Vanguard Myanmarနှင့်ကျွန်တော်တို့၏ customer များအတွက် စီးပွားရေးလုပ်ငန်းတွေမှာ ဝယ်ယူဖို့ဆုံးဖြတ်ချက်တွေဘယ်လိုချကြလဲဆိုတဲ့အပိုင်းနဲ့ ပတ်သက်တဲ့အချက်အလက်တွေ၊ စားသုံးသူတွေရဲ့ ဝယ်ယူခြင်းဆိုင်ရာဆုံးဖြတ်ချက်တွေကို လွှမ်မိုးနိုင်စေသော insights များတွေကိုပိုမိုနားလည်စေနိုင် မှာဖြစ်ပါတယ်။ လုပ်ငန်းတွေပိုပြီးဖွံ့ဖြိုးတိုးတက်စေဖို့နဲ့စဉ်ဆက်မပြတ်အောင်မြင်မှုရစေဖို့လိုအပ်သော Operating Models ကိုနားလည်သဘောပေါက်ပြီးပြောင်းလဲနေသောခေတ်နှင့်အညီ တိုးတက်ပြောင်းလဲမူတွေကိုလုပ်ဆောင်နိုင်ပါလိမ့်မယ်” ဟု အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူကိုတင်လတ်ကလည်း ပြောကြားသည်။
Customer Experience နှင့် Customer Insight အပိုင်းများပါဝင်သော Vanguard Myanmar ၏ ပိုမိုကောင်းမွန်သေ ာဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲရေး (Digital Transformation) ဝန်ဆောင်မှုတွေသည် ယခုကဲ့သို့ Digital Marketing ကုမ္ပဏီတစ်ခုဖြစ်သော B360 Marketing Consulting Firm တွင်ရင်းနှီးမြှုပ်နှံလိုက်ခြင်းသည် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို ပိုမိုအားကောင်းစေပြီး ဝန်ဆောင်မှုအသုံးပြုများအတွက်လည်းပိုမိုကောင်းမွန်သော အကျိုးရလာဒ်များကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် Account Based Marketing၊ Customer Advocacyနှင့် Marketing အပိုင်းများတွင်လည်း ထဲထဲဝင်ဝင်ဝန်ဆောင်မှုပေးနိုင်တော့မည် ဖြစ်သည်။

Photo Source https://vanguardmm.com/

Vanguard Myanmar သည်မြန်မာနိုင်ငံရှိထိပ်တန်းစီးပွားရေးလုပ်ငန်းများက ယုံကြည်အားထားသောစီးပွားရေး နှင့် နည်းပညာ အတိုင်ပင်ခံကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသော အခက်အခဲများကို နည်းပညာဖြင့် ဖြေရှင်းအကြံပြုပေးသည်။ အလုပ်အပ်သူများနှင့် ခိုင်မာသောဆက်ဆံရေးတည်ဆောက်နိုင်ခြင်း၊ ယုံကြည်မှု ရရှိထားခြင်း၊ ကျွမ်းကျင်သောလုပ်ငန်းအတွေ့အကြုံနှင့် ကောင်းမွန်သောဝန်ထမ်းများ၏အရည်အသွေး နောက်ခံရှိခြင်း များကြောင့် နာမည်ကောင်းရထားသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။
Vanguard Myanmar အကြောင်းပိုမို သိရှိလိုပါကhttps://vanguardmm.com/တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
B360 Marketing Consulting Firm သည် ဒစ်ဂျစ်တယ်အရောင်းမြှင့်တင်ခြင်း၊ ကုန်အမှတ်တံဆိပ်ဆိုင်ရာဝန်ဆောင်မှုများ၊ ဝဘ်ဆိုဒ်ရေးသားဖန်တီးခြင်းနှင့် စားသုံးသူစီမံခန့်ခွဲမှုဆော့ဝဲဝန်ဆောင်မှုများကိုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
B360 အကြောင်းပိုမိုသိရှိလိုပါကhttps://b360mm.comတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။