လွယ်ကူလျှင်မြန်သက်သာတဲ့ Wave Money

“Wave Money”ကတော့TV မှာအမြဲကြော်ငြာအားကောင်းကောင်းနဲ့ ကြော်ငြာနေတော့ မသုံဖူးရင်တောင် ကြားဖူးသူများ ရှိနိုင်လိမ့်မည်။ Wave Money ဆိုတာ ငွေလွှဲပြောင်းနိုင်တဲ့ အဆင့်မြင့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Wave Money နဲ့ဆို ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာကနေ ငွေလွှဲပြောင်းနိုင်မှာ ဖြစ်ပါတယ်။ သင့် မိုဘိုင်းဖုန်း၊ သို့မဟုတ် သင့်အနီးအနားရှိ ယုံကြည်စိတ်ချနိုင်တဲ့ Wave Shop ကိုယ်စားလှယ်များမှ တဆင့် လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

“Wave Money”ဟာမြန်မာနိုင်ငံက ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်တဲ့ ရိုးမဘဏ်နှင့် ကမ္ဘာအကြီးဆုံးမိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများအနက်မှ တစ်ခုဖြစ်တဲ့Telenor တို့ပူပေါင်းဆောင်ရွက်တဲ့ မိုလ်ဘိုင်းငွေကြေးဝန်ဆောင်မှုတခုဖြစ်ပါတယ်။ Telenor အသုံးပြုသူများကတော့ Wave Money App ကို Play Store ကနေ downloadရယူပြီး လွယ်ကူစွာ Wave Account ဖွင့်ပြီးအချိန်မရွေး၊ နေရာမရွေး မိမိမိုဘိုင်းဖုန်းမှ ငွေလွှဲနိုင်ပါတယ်။ Telenor အသုံးမပြုသူများကလည်းနီးစပ်ရာ Wave ဆိုင်မှတစ်ဆင့် မည်သူမဆို ငွေလွှဲနိုင်ပါတယ်။
Waveဆိုင်မှတစ်ဆင့် ငွေလွှဲမယ်ဆိုရင်တော့အချက်၆ချက်ပဲလိုအပ်ပါတယ်။
၁။ငွေလွှဲမည့်သူ၏ဖုန်းနံပါတ်
၂။ငွေလွှဲမည့်သူ၏မှတ်ပုံတင်(မှတ်ပုံတင်နံပါတ်၊ လျှို့ဝှက်ကုဒ်နံပါတ်၆လုံး)
၃။ငွေလက်ခံမည့်သူ၏ဖုန်းနံပါတ်
၄။ငွေလက်ခံမည့်သူ၏ မှတ်ပုံတင်(မှတ်ပုံတင်နံပါတ်၊ လျှို့ဝှက်ကုဒ်နံပါတ်၆လုံး)
၅။ငွေလွှဲမည့်ပမာဏ
၆။ငွေလွှဲတဲ့ပမာဏပေါ်မူတည်ပြီး ဝန်ဆောင်ခပေဆောင်ရမှာလည်းဖြစ်ပါတယ်။
ထို့ကြောင့် Wave Account(သို့) Wave Accountမပါဘဲနဲ့လည်းမည့်သူကိုမဆို ငွေပေးပို့နိုင်ပါတယ်။
Wave account မရှိသည့်သူများလည်း လုပ်ဆောင်ရမည့်အချက်များလည်းလွယ်ကူပါတယ်။
၁။ ကိုယ့်နှင့်အနီးဆုံးရှိ Wave shop ဆိုင်ကိုသွားပါ။
၂။ ဆိုင်ကို မိမိရဲ့ဖုန်းနံပါတ်၊ ငွေလက်ခံရရှိသူရဲ့ ဖုန်နံပါတ်ကိုပြောပြပါ။
၃။ ပြီးရင်မိမိ မှတ်ပုံတင် နံပါတ်ကိုပြောပြလိုက်ပါ။
၄။ ငွေလွှဲမည့်သူနဲ့ငွေလက်ခံမည့်သူ ၂ကိုယ်ကြားက လျှို့ဝှက် ကုဒ်ကိုပြောပြလိုက်ပါ(ငွေထုတ်မည့်သူကိုလည်းထို လျှို့ဝှက် ကုဒ်ကိုပြောပြပေးပါ)


၅။လွှဲမည့်ငွေပမာဏကိုပြောပြလိုက်ရုံနဲ့ ပြီးသွားမှာဖြစ်ပါတယ်။

လွှဲပြီးကြောင်းကို ဖုန်းရဲ့ SMS ဝင်လာမှာဖြစ်ပြီး ငွေလက်ခံရရှိမည့်လူစီကိုလည်းငွေရောက်ရှိကြောင်း ကို SMS ရောလာမှာဖြစ်ပြီး ထိုသို့ရောက်လာတဲ့စာကို ထုတ်ယူမည့်ဆိုင်ကိုပြလိုက်ပြီး လျှိုဝှက်ကုဒ်ကိုပြောလိုက်တာနဲ့ရပါတယ်။

အောက်ပါပုံမှာ မိမိငွေလွှဲသည့်အခါလွှဲပြီးကြောင်းနှင့် ငွေထုတ်ပြီးကြောင်းအကြောင်းကြားတဲ့စာဖြစ်ပါတယ်။

အောက်ပါပုံမှာ မိမိငွေလက်ခံရရှိသည့်အခါ ငွေလွှဲလိုက်ပြီဖြစ်ကြောင်းနဲ့ ငွေထုတ်ယူရန်အကြောင်းကြားစာဘဲဖြစ်ပါတယ်။


ငွေထုတ်သည့်အခါ လျှို့ဝှက်ကုဒ်နံပါတ်မေ့သွားသည့်အခါဘာမှစိတ်မပူပါနဲ့ Customer helpline သို့ဖုန်းခေါ်ဆို၍မေးမြန်နိုင်ပါတယ်။
အခုအချိန်မှာဆိုလျှင်လွှဲပေးနိုင်မည့်ငွေပမာဏက အများဆုံး ၅သိန်းထိငွေလွှဲလို့ရနေပါပြီ။ တစ်ခုသတိထားရမယ့်အချက်ကတော့ ကိုယ်က ၅သိန်းကျပ်ထုတ်မည့်အခါ တစ်ခါတစ်လေ ကိုယ်ငွေထုတ်မည့်ဆိုင်မှာ ၅သိန်းကျပ်ဆိုတဲ့ငွေပမာဏထားရှိထားသည့်ဆိုင်ရှိချင်မှရှိလိမ့်မည်။ ကိုယ်ကရောက်သွားပြီးခါမှ ထိုဆိုင်မှာငွေကျပ် ၅သိန်းမရှိသည့်အခါ ကျအချိန်ကုန်နိုင်ပါတယ်။ ထိုသို့သောအခါမျိုးမှာ မိမိငွေထုတ်သောအခါ မိမိထုတ်မည့် ငွေပမာဏပေါ်မူတည်ပြီးဆိုင်ကိုရွေးချယ်ဖို့လည်းလိုပါတယ်။ ဟိုတစ်ခါက ကျွန်တော်ငွေကျပ်၃သိန်းထုတ်ရန် wave money ဆိုင်းဘုတ်ကပ်ထားသည့်ကုန်စုံဆိုင်လေးကိုသွားပြီးထုတ်ကြည့်ရာ ထိုသို့သောငွေပမာဏမရှိဘဲ မထုတ်လာခဲ့ရချေ။ သင်ခန်းစာရရှိသည်မှာ မည့်သည့်နေရာမဆို ထုတ်နိုင်တယ်ဆိုတာဟုတ်ပေမဲ့ မိမိထုတ်ယူမည့်ငွေပမာဏပေါ်မူတည်ပြီးထုတ်ယူမည့်ဆိုင်ကိုလည်းရွေးချယ်သင့်ပါတယ်။
ငွေထုတ်ယူမည့်ပမာဏပေါ်မူတည်ပြီး ငွေလွှဲသည့်လူဘဲဖြစ်စေ၊ ငွေထုတ်ယူသူဖြစ်စေ တစ်စုံတစ်ဦးကတော့ ဆိုင်ကိုကျသင့်ငွေပေးဆောင်ရမှာပဲဖြစ်ပါတယ်။
11.6.2018 မှာတော့ ကျသင့်ငွေများသည် ငွေပမာဏပေါ်မူတည်အောက်ပါအတိုင်းပေးဆောင်ရပါမည်။

ထိုသို့ဖြစ်ပါသည်။
တစ်ခြားဝန်ဆောင်မှုများမှာ မိမိနေရာနဲ့နီးတဲ့ Wave money ဆိုင်ကို https://www.wavemoney.com.mm/closest-wave-shop/?lang=my
ဒီLink ကနေပြီးအလွယ်တကူရှာဖွေနိုင်တာဘဲဖြစ်ပါတယ်။


အထက်ပါ link ထဲသွားပြီး ပုံမှာ အနီရောင်နဲ့ကွင်းထားတဲ့နေရာလေးမှာ ကိုယ့်ဒေသကိုနှိပ်ပြီး ရှာလိုက်ရုံနဲ့ မိမိနေရာနဲ့နီးတဲ့ wave money ဆိုင်တွေကိုရှာဖွေလို့ရမှာဘဲဖြစ်ပါတယ်။

ထိုသို့သောဝန်ဆောင်မှုတွေပြု လုပ်ပေးထားတဲ့အတွက် သုံးရလွယ်ကူပြီးစိတ်ချမ်းသာမှုလည်း ရရှိနိုင်ပါလိမ့်မည်။
Wave Money account လုပ်ထားသည့်သူများလည်း ထိုaccountမှတစ်ဆင့် ငွေလွှဲနိုင်မှာဖြစ်ပြီး မရှိသည့်လူများလည်း Wave money ဆိုင်းဘုဒ်ထောင်ထားတဲ့ဆိုင် ကိုသွားပြီး မည်သည့်ဖုန်းနံပါတ်နဲ့မဆို ၊ မည်သည့်ဖုန်းနံပါတ်ကိုမဆို အလွယ်တကူလွှဲပြောင်းနိုင်မှာဖြစ်ပါတယ်။
သုံးစွဲသူတွေအဆင်ပြေမှုရှိအောင်လည်း Wave Money Facebook Page ကအချိန်နဲ့တပြေးညီဖြေရှင်းပေးနေတာကြောင့် လွယ်ကူ၊ လုံခြုံ၊ အဆင်ပြေတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှူ တစ်ခုလို့ထင်ပါတယ်။ WaveMoneyနဲ့ပက်သက်ပြီးအသေးစိတ်လေ့လာချင်ရင်တော့ https://www.wavemoney.com.mm/?lang=my မှတစ်ဆင့်သိရှိနိုင်ပါတယ်။
ထို့ကြောင့် Wave Money ဟာဆိုရင် သင့်ကို လုံခြုံစိတ်ချရပြီး အဆင်ပြေသော ငွေပို့ခြင်း၊ ငွေလက်ခံခြင်း ဝန်ဆောင်မှုတွေကို ပေးစွမ်းမှာ ဖြစ်လို့ အသုံးမပြုတတ်သည့်လူများလည်းအလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ကျွန်တော်လည်း Wave Money အကြောင်းကိုလေ့လာနေရင်း စိတ်ဝင်စားလာလို့ အခုဘဲ Wave account ကိုပြုလုပ်ပြီး မိတ်ဆွေဆီကို ငွေလွှဲကြည့်လိုက်ပါမယ်။