Facebook Marketing အတွက် အကောင်းဆုံးနှင့် အသုံးဝင်သော Tools များ အကြောင်း

Facebook Marketing လုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် အကောင်းဆုံးနဲ့အသုံးဝင်လွန်းတဲ့ Tools များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://drumup.io/

(၁) DrumUp
facebook page တစ်ခုမှာစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ ကြော်ငြာတွေကို ပုံမှန်တင်ဖို့အတွက် ပုံမှန်တင်နေ ကျအချိန်တွေကို အချိန်သတ်မှတ်ပြီးတင်ဖို့ရာတွင် Drumup tool ကအသုံးဝင်ပါလိမ့်မယ်။outsource တစ်ခုအနေနဲ့ စာရင်းပြုစုရာတွင်လည်း အသုံးပြုနိုင်ပါတယ်။ Drumup toolကိုသုံးခြင်းဖြင့်မှန်ကန်တဲ့ audience အဆင့်သတ်မှတ်ချက် ranks တွေအပြင် ဖော်ပြလိုတဲ့အကြောင်းအရာတွေကို တန်းစီပြီးသတ်မှတ်ထားနိုင်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://drumup.io/
(၂) Ads manager
မိမိတို့ရဲ့ Facebook Page တွေမှာများစွာသော Campaignsနဲ့ ads တွေကိုပြုလုပ်ရန်အတွက် အသုံးဝင်တဲ့ tool တစ်ခုပဲဖြစ် ပါတယ်။ ဒါပေမဲ့အရင်က Power Editor ကို ads manager နဲ့ပေါင်းစည်းခဲ့ပြီး ယခုတော့ facebook marketer တိုင်းလက်စွဲဖြစ်တဲ့ Ads manager လို့သာခေါ်ဆိုနေကြပြီဖြစ်ပါတယ်။ အကယ်၍ ads တွေကိုကန့်သတ်ထားချင် တယ်ဆိုရင် လည်းရပါသေးတယ်။ Ads manager tool ဟာcampaignsတွေကိုအလွယ်တကူတည်ဆောက်နိုင်ပြီး ထပ်ဆင့်ပွား Duplicateလုပ်ဆောင်ရာမှာလည်းအသုံးဝင်ပါတယ်။ တစ်ကြိမ်တည်းမှာ campaigns ပေါင်းများစွာကို တစ်ချိန်တည်းမှာ အလွယ်တကူဖန်တီးနိုင်တာကတော့ Ads manager ရဲ့အားသာချက်တစ်ခုလို့ပြောလို့ရပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/business/tools/ads-manager
(၃) Facebook Advertising Opportunity Calculator
Opportunity Calculator ကတော့ facebook business page တွေမှာ ကြော်ငြာထားတဲ့ ads တွေရဲ့လူရောက်နည်းတွေ paid social ads တွေကိုအလွယ်တကူပဲ အချိုးချတွက်ချက်ပြီးပြန်လည်ထုတ်ပြပေးတဲ့ tool တစ်ခုပဲဖြစ်ပါတယ်။ ဥပမာ မိမိတို့ရဲ့ facebook page မှာကြော်ငြာထားတဲ့postတစ်ခုမှာ Actual Audience ကဘယ်လောက်အတိုင်းအတာ အထိရှိနေပြီး Paid Auduience အရေအတွက်ကဘယ်လောက်ပမာဏတိုးတက်လာတယ်ဆိုတဲ့ အကြောင်းတွေကို အလွယ်တကူသိရှိနိုင်ပါတယ်။မိမိတို့ရဲ့လုပ်ငန်းအတွက်အထက်ပါ tools တွေဟာ တစ်ထောင့်တစ်နေရာကနေအသုံးဝင်ပါ လိမ့်မယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://www.wordstream.com/facebook-calculator
(၄) Agora Pulse
Agora Pulse ဆိုတဲ့ဘl tools လေးကတော့ မိမိတို့ရဲ့ facebook page ပေါ်မှာတင်ထားတဲ့ schedule posts တွေနဲ့ activity တွေအားလုံးကို တစ်စုတစ်စည်းတည်းdashboard ပေါ်မှာအလွယ်တကူမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ Campaigns တွေ အားလုံးကိုလည်း မိမိစိတ်ကြိုက်ရွေးချယ်သတ်မှတ်နိုင်ပြီး page ကို engagement ကောင်းအောင်လုပ်ဆောင်ဖို့အတွက် သင့်တော်တဲ့ tool တစ်ခုပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://www.agorapulse.com
(၅) EdgeRank Checker
EdgeRank Checker ဆိုတဲ့ tool လေးကတော့ social baker တွေအတွက်မရှိမဖြစ်အသုံးဝင်လှတဲ့ tool လေးတစ်မျိုုးပါပဲ။ Facebook page တစ်ခုလုံးရဲ့ Rank တွေ research sites တွေကိုပြည့်ပြည့်စုံစုံနဲ့ ဇယားလေးတွေ graph ပုံလေးတွေနဲ့ အသေးစိတ်ပြသပေးမှပဲဖြစ်ပါတယ်။ Page ပေါ်မှာရှိနေတဲ့ fans တွေကို နေ့ရက်အလိုက် fans အရေအတွက် ဘယ်လောက်ရှိတယ် အတက်အကျတွေကို EdgeRank Checker ဆိုတဲ့ tool လေးကနေအလွယ်တကူ သိရှိနိုင်မှာပဲဖြစ်ပါ တယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://www.socialbakers.com/platform

Photo Source https://www.shortstack.com

(၆) ShortStack
ပြီးပြည့်စုံတဲ့ Facebook Compaign Tool တစ်ခုကိုပြပါဆိုလျှင်တော့ ShortStack ကိုပဲညွှန်းဆိုပြရပါလိမ့်မယ်။ ဘယ်လို Campaign မျိုးကိုအလွယ်တကူထည့်သွင်းအစီအစဉ်တကျ လုပ်ဆောင်နိုင်ပါတယ်။ ShortStack မှ intuitive visual editor ကိုအသုံးပြုပြီး ပြိုင်ဘက်ကင်းတဲ့ Compaign တွေကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင် ပါတယ်။
https://www.shortstack.com
(၇) Facebook Page Barometer
သင်တို့၏ Facebook Page အခြေနေဘယ်လောက်အတိုင်းအတာအထိရောက်နေပြီဆိုတာကို သိချင်တယ်ဆို ရင်တော့ Facebook Page Barometer လေးကအထောက်အကူပြုပေးပါလိမ့်မယ်။ သင့် Facebook Page ကို like လုပ်ထားသော Fans အရေအတွက်နဲ့ ရရှိလာတဲ့ Fans reached,Engagement,People talking about,Negative feedback, Viral reach, Organic reach, CTR(Click Through Rate) စတဲ့ results တွေကိုတစ်နေရာတည်းမှာ စုံလင်စွာကြည့် ရှုလို့ရမှာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://barometer.agorapulse.com/home
(၈)Pagemodo
Pagemodo ဆိုတဲ့ tool လေးကတော့ Canva ကဲ့သို့သော cover designs image တွေ visual post နှင့် custom facebook tabs တွေကိုပါ စိတ်တိုင်းကျဖန်တီးအသုံးပြုလို့ရမယ့် tool လေးတစ်ခုပဲဖြစ်ပါတယ်။ Pagemodo tool လေးမှာတော့ dimensions တွေကိုမိမိစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပြီး visual postsတွေကိုလည်း အကောင်းဆုံး ဖန်တီးနိုင်မယ့် tool လေးတစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://www.pagemodo.com
(၉) Hootsuite
Hootsuite ဆိုတာကတော့ Social Media Monitoringအတွက်အလွန်ကိုအသုံးဝင်တဲ့ Analytics Tools လေးတစ်ခုပဲဖြစ်ပါတယ်။ Online Business လုပ်နေသူတွေအနေနဲ့ကတော့ ကိုယ့်လုပ်ငန်းရဲ့ Marketing Strategy,Marketing Performance တွေကိုသေချာကောင်းမွန်စွာနားလည်နေဖို့အလွန်အရေးကြီးပါတယ်။ Social Media Management Tool တစ်ခုဖြစ်တဲ့Hoostuite ဟာဆိုရင် လူသုံးအများဆုံး Tool တစ်ခုဆိုလဲမမှားပါဘူး။ မိတ်ဆွေ လုပ်ငန်းအတွက် Post တင်ဖို့အတွက်သာမကAnalytics လုပ်ဖို့အတွက်ကိုပါ အဆိုပါ Hoostuite Toolလေးကကူညီပေးပါ လိမ့်မယ်။Hoostuite Tool လေးရဲ့လုပ်ဆောင်နိုင်စွမ်းတွေက Schedule လုပ်နိုင်ခြင်း၊ ၊Social Account ကိုချိတ်ဆက် အသုံးပြုနိုင်ခြင်း၊ Post တွေကိုတပြိုင်နက် Publish လုပ်နိုင်ခြင်း၊ Conversion Trackingလုပ်နိုင်ခြင်း၊၊ Audience Trackingလုပ်ဆောင်နိုင်ခြင်း၊ Organize လုပ်ဆောင်ဖို့လွယ်ကူခြင်း၊ Team တစ်ခုအနေနဲ့ လုပ်ဆောင်နိုင်ခြင်း စတဲ့အ ချက်တွေကြောင့်လူသုံးများနေရတဲ့ Tool တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://hootsuite.com/
(၁၀) SproutSocial
SproutSocial ဆိုတာကလည်း Management Tool တစ်ခုပဲဖြစ်ပါတယ်။သူဟာလဲ Facebook Post တင်တာတွေကို လုပ်ဆောင်ပေးနိုင်တဲ့ Publishing Toolတစ်မျိုးပဲဖြစ်ပါတယ်။ ကိုယ့် Business ကိုကောင်းကောင်း Dashboard မှ တစ်ဆင့် Manage လုပ်နိုင်တဲ့ Tool တစ်ခုပါ။ SproutSocial ရဲ့ UI ကလည်းအသုံးပြုသူတွေအဖို့ လူကြိုက်များစေတဲ့ အချက်တစ် ချက်ပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://sproutsocial.com/
(၁၁) Buffer
Buffer ဆိုတာကလည်း Social Media PublishingTool တစ်မျိုးပါပဲ။ Channels တွေအများကြီးပေါ်မှာPost တွေ အများကြီးကို တပြိုင်တည်းနက် Publish လုပ်လို့ရပါတယ်။ Bufferကိုတော့ Hoostuite လောက်အသုံးပြု သူမရှိပါဘူး။ ဒါပေမဲ့လဲ Buffer ဟာ Social Communitiesမှာ တော်တော်များများလုပ်ဆောင်နိုင်တာကိုတွေ့ရမှာပါ။Post Schedule တွေကအစအသေးစိတ်ရေးဆွဲနိုင်အောင်Buffer ဆိုတဲ့ Tool လေးကကူညီပေးပါလိမ့်မယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://buffer.com/

Letter Source – APN Contents Creation