OPPO F17 ကို မကြာမီ မြန်မာနိုင်ငံတွင် မိတ်ဆက်‌ပေးတော့မည်

OPPO သည်ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်နှင့် OPPO F17 Pro ကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ စတင် မိတ်ဆက်ပေးခဲ့ပြီး ယခုအခါ လူအများ ပိုမိုနှစ်သက်စေမည့် အကောင်းဆုံးသော အသွင်အပြင်၊ ပေါ့ပါးကျစ်လစ်သော ကိုယ်ထည်၊ အဆင့်မြင့်သားရေပုံစံဖြင့် ဖန်တီးပြုလုပ်ထားသည့် ပြောင်မြောက်သော စွမ်းဆောင်ရည်များ ပါဝင်ကာ ဈေးနှုန်းသက်သာသည့် ပေါးပါးကျစ်လစ် ခံစားမှုအသစ်နှင့် OPPO F17 ကိုလည်း မြန်မာနိုင်ငံဈေးကွက်တွင် မကြာခင် စတင်မိတ်ဆက်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
OPPO F17 သည် ပေါ့ပါးကျစ်လစ် ခံစားမှုအသစ် ဟူသည့် ဆောင်ပုဒ်အတိုင်း 7.45mm ဖုန်းအထူနှင့် အလေးချိန် 163g သာ ရှိကာ ခေတ်ရေစီးကြောင်း ဖက်ရှင်ကို လိုက်၍ အဆင့်မြင့် သားရေပုံစံ လက်မှုပညာနှင့် ပေါ့ပါးဖက်ရှင်ကျအောင် ဖန်တီးပြုလုပ်ပေးထားသည်။ OPPO F17 သည် ပထမဆုံး အဆင့်မြင့်သားရေပုံစံ လက်ဗွေရာမထင်သော ဒီဇိုင်းနှင့် အနောက်ဘက် ကာဗာကို Dynamic Orange အရောင် နှင့် Navy Blue အရောင် ဟူ၍ အရောင်နှစ်ရောင်ဖြင့် ထွက်ရှိလာမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1782203608604186

OPPO F17 ၏ လိမ္မော်ရောင်သည် ယခုနောက်ပိုင်း ၂၀၁၉ -၂၀၂၀ ခေတ်ကာလများ၏ ရေပန်းစားသည့် အရောင်များထဲမှ တစ်ခုဖြစ်သည်။ လိမ္မော်ရောင်သည် အနီရောင်၏ စိတ်အားထက်သန် တက်ကြွမှုနှင့် အဝါရောင်၏ ပျော်ရွှင်မှုကို ပေါင်းစပ် ထားခြင်းဖြစ်ပြီး လူငယ်များ၏ စွမ်းအားကို ဖော်ကျူးသည့် လတ်ဆတ်နုပျိုမှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကောင်းမှုတို့ကို ပြသသည့် အရောင်ဖြစ်သည့်အတွက် ဖန်တီး ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို့ပြင် လိမ္မော်ရောင်သည် Trendy ဖြစ်သော အရောင်ဖြစ်သည့်အလျောက် ဖက်ရှင်ဖန်တီးမှုများအတွက်သာမက အိမ်တွင်းဒီဇိုင်း အလှဆင်ရာများတွင်လည်း ထည့်သွင်းအသုံးပြုလာကြပြီး ယခုအခါ OPPO မှ ခေတ်နှင့်အမီလိုက်၍ လိမ္မော်ရောင်ကို သားရေပုံစံ အဆင့်မြင့်ဒီဇိုင်းနှင့် ပေါင်းစပ်ကာ OPPO F17 တွင် ပထမဆုံး မိတ်ဆက်လာခြင်းဖြစ်သည်။ ယနေ့ခေတ်များတွင် Millennials နှင့် Generation Z လူငယ်များသည်လည်း ပစ္စည်းများဝယ်ယူရာတွင် ၎င်းတို့၏ အသွင်အပြင်ကို အကောင်းဆုံးဖော်ပြနိုင်သည့် ပေါ်လွင်သည့် အရောင်များကိုသာ ဦးစားပေး ဝယ်ယူလာကြသည့်အတိုင်း လိမ္မော်ရောင်သည်လည်း လူငယ်များ နှစ်သက် သဘောကျသော အရောင်တစ်ခု ဖြစ်လာပြီး OPPO F17 ၏ Dynamic Orange အရောင်သည် လူငယ်များအတွက် ရွေးချယ်သင့်သော စမတ်ဖုန်းဖြစ်လာမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1782203608604186

OPPO F17 သည် သုံးစွဲသူများ တောင့်တတတ်ကြသော အဆင့်မြင့် ဒီဇိုင်းအသွင်အပြင်ကို ပေးစွမ်းနိုင်မည် သာမက ပြောင်မြောက်သော စွမ်းဆောင်ရည်များဖြင့် သုံးစွဲသူများကို အကောင်းမွန်ဆုံးသော ဖုန်းသုံးစွဲမှုအတွေ့အကြုံများကို ယူဆောင်ပေးနိုင်မည်ဖြစ်သည်။ OPPO F17 သည် ကြီးမားသော Storage ဖြစ်သည့် 8GB RAM+128GB ROM ပါရှိပြီး အခြားမည်သည့်ဖုန်းများတွင် မရှိသေးသော RAM+ လုပ်ဆောင်ချက် ထည့်သွင်းပါဝင်လာမည်ဖြစ်၍ ROM ၏ ပိုသော နေရာများကို နောက်ခံရှိ App များ လည်ပတ်ရန် RAM အဖြစ် ပြောင်းလဲပေးသောကြောင့် System ၏ မှတ်ဉာဏ် နေရာများကို တိုးချဲ့နိုင်ကာ ဖုန်းအသုံးပြုခြင်းကို ပိုမိုချောမွေ့စေနိုင်မည်ဖြစ်သည်။
ထို့ပြင် OPPO F17 တွင် 4000mAh ဘက်ထရီနှင့် 30W VOOC 4.0 နည်းပညာကို ထည့်သွင်းတပ်ဆင်လာမည် ဖြစ်သော ကြောင့် ၃၀ မိနစ် အားသွင်းရုံဖြင့် ၇၂ ရာခိုင်နှုန်းအထိ လျင်မြန်စွာ အားဖြည့်သွင်းနိုင်မည်ဖြစ်သည်။ သုံးစွဲသူများ၏ နေ့စဉ်ဘဝကို အဆင်ပြေလွယ်ကူစေနိုင်သည့် အခြား ဘက်ထရီ စွမ်းဆောင်ရည်များဖြစ်သော Super Power Saving Mode နှင့် Super Nighttime Standby စနစ်တို့လည်း ပါဝင်လာမည်ဖြစ်သည်။ Flagship ဖုန်းများတွင်သာ ပါဝင်လေ့ ရှိသော In-display Fingerprint Scanner သည်လည်း OPPO F17 တွင် ပါဝင်လာမည်ဖြစ်ပြီး 6.44-inch AMOLED Display ကို All-day Eye Caring စနစ် ထည့်သွင်းပြုလုပ်ထားသောကြောင့် သုံးစွဲသူများ၏ မျက်လုံးထိခိုက်မှုမှ ကာကွယ် ပေးနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1782203608604186

ပေါပါးကျစ်လစ် ခံစားမှုအသစ်နှင့် OPPO F17 တွင် 16MP Front Camera နှင့် 16MP Main Camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono Lens နှင့် 2MP Mono Lens ဟူ၍ Rear Camera ၄ လုံးပါရှိသည်။ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးမှုကို အကောင်းမွန်ဆုံး ရရှိစေရန် ဖန်တီးပေးမည့် AI Dazzle Color၊ Ultra Wide Angle၊ Ultra Clear 108MP Image၊ နှင့် AI Beautification 2.0 စသည့် လုပ်ဆောင်ချက်များလည်း ပါဝင်လာသည့်အတွက် မိမိစိတ်ကြိုက် ပုံရိပ်များကို ရိုက်ကူး ပုံဖော်စေနိုင်မည်ဖြစ်သည်။ AI Dazzle Color မှ ရိုက်ကူးထားသော ဓာတ်ပုံများကို အကောင်းဆုံး Color များဖြင့် အလိုအလျောက် အလှဆင်ပေး‌သောကြောင့် Edit လုပ်စရာ မလိုဘဲ လှပပေါ်လွင်နေမည်ဖြစ်သည်။ Ultra Wide Angle နှင့် Ultra Clear 108MP Image တို့ဖြင့် မိသားစုဓာတ်ပုံများ၊ သူငယ်ချင်းများနှင့် Outdoor မြင်ကွင်းများကို အံ့ဩဖွယ် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။ OPPO F17 Pro တွင် ပါဝင်သော AI Beautification 2.0 လုပ်ဆောင်ချက်သည်လည်း ယခု OPPO F17 တွင် ပါဝင်လာမည်ဖြစ်သည့်အတွက် လှပပြေပြစ်သော Selfie ပုံရိပ်များကို စိတ်တိုင်းကျ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ OPPO F17 ကိုလည်း မကြာမီ Shop.com.mm တွင် ပို့ဆောင်ခအခမဲ့ဖြင့် ဝယ်ယူနိုင်တော့မည်ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/oppomyanmar/posts/1782203608604186