6000 mAh Mega battery ပါရှိတဲ့ realme C15

realme C Series စမတ်ဖုန်းသစ်ဖြစ်သော realme C15 ကို ယခုအခါတွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး ကြီးမားသည့် 6000 mAh Mega battery နှင့်အတူ 18W Quick Charge တို့အသုံးပြုပေးထားခြင်းကြောင့် battery အားကုန်မှုအပိုင်းကိုများစွာသက်သာစေသည့်အပြင် ၂၆ မိနစ်အတွင်းမှာပင် battery 50 ရာခိုင်နှုန်း အထိအားဝင်စေမည်ဖြစ်သည်။ realme C15 စမတ်ဖုန်းသစ်အတွက် သုံးစွဲသူအများစုသဘောကျနှစ်သက်သည့် RAM 4GB + ROM 64GB version ကို ဈေးနှုန်း ၂၁၉,၉ဝဝ ကျပ်ဖြင့်ရောင်းချပေးနေခြင်းလည်းဖြစ်သည်။
realme 7 နှင့် realme 7 Pro ထုတ်ကုန်များကို အောက်တိုဘာ ၂၆ ရက်နေ့တွင် အွန်လိုင်းမှ မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး New C Series ထုတ်ကုန်သစ်ဖြစ်သော realme C15 ကိုထည့်သွင်းမိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
Seagull Silver နှင့် Marine Blue ၂ ရောင်ကိုမိမိစိတ်တိုင်းကျ ရွေးချယ်နိုင်စေမည်ဖြစ်သည်။ ထို့အပြင် realme C15 စမတ်ဖုန်းသစ်ဝယ်ယူသူတိုင်းအတွက် Mytel Data Package နှင့် realme ကပေးအပ်မည့် မေတ္တာလက်ဆောင်တို့ကိုပါ ထပ်ဆောင်းရရှိစေမည်ဖြစ်သည်။ Mytel Data Package အတွက် 6GB Data နှင့် On-Net Call ( 60 Minutes) တို့ကိုရယူခံစားနိုင်မည်ဖြစ်သည်။ အဆိုပါ Mytel Data Package မှာ ရက်ပေါင်း ၆ဝ အတွင်းအသုံးပြုနိုင်ပြီး Myteal SIM card အသစ်ကို SIM Slot -1 နေရာတွင် ထည့်သွင်းအသုံးပြုရန်လိုအပ်မည်ဖြစ်ပြီး အကယ်၍ လက်ရှိအသုံးပြုနေသည့် Mytel SIM card အဟောင်းကိုထည့်သွင်းအသုံးပြုပါက စုစုပေါင်းအကျိုးခံစားခွင့်၏ ၅ဝ ရာခိုင်နှုန်းကိုသာ ရရှိစေ မည်ဖြစ် သည်။

Photo Source https://www.facebook.com/realmeMyanmar

realme C15 စမတ်ဖုန်းသစ်တွင် နောက်ဘက်ကင်မရာပိုင်းအတွက် Quad Camera Set-up အဖြစ် ကင်မရာ ၄လုံးအထိ တပ်ဆင်ပေးထားပြီး ပင်မကင်မရာမှာ 13MP အရည်အသွေးရုပ်ပုံများကိုရိုက်ယူနိုင်စေ မည်ဖြစ်သည်။ အခြားကင်မရာ ၃သုံးအတွက် 8MP Ultra Wide-angle lens၊ 2MP Depth Sensor နှင့် 2MP Marco Lens တို့ကိုတပ်ဆင်ပေးထားသည်။ ရှေ့ဘက် Selfie ကင်မရာအတွက် 8MP ကိုအသုံးပြုပေးထားပြီး FullHD Video များကိုလည်း 30fps ဖြင့်ရိုက်ယူနိုင်စေဦး မည်ဖြစ်သည်။
realme C15 တွင် ကြီးမားကျယ်ပြန့်သည့် 6.5-inch Mini-Drop HD Display ကိုအသုံးပြုပေးထားခြင်းကြောင့် Multimedia ပိုင်းအတွက် ကောင်းမွန်သည့်အတွေ့အကြုံကိုခံစားရစေမည်ဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းအတွက် Octa-core 2.3 GHz အထိအလုပ်လုပ်ပေးမည့် Snapdragon 460 Chipset ကိုအသုံးပြုပေးထားသည်။ Android 10 ကိုအခြေခံထားသည့် realme UI ကိုထိတွေ့ရစေမည်ဖြစ်ပြီး Software ပိုင်းတွင် ကောင်းမွန်သည့် Optimization အဆင့်မြှင့်တင် မှုများကိုပြုလုပ်ပေးထားသည်။ realme C15 ၏ 6000 mAh Mega battery ကို အခြား device များအား အားပြန်သွင်းပေးနိုင်စေမည့် Reverse Charging စနစ်ကိုထည့်သွင်းပေးထားခြင်းကြောင့် Power Bank အဖြစ်ပါ အသုံးပြုနိုင်စေမည်ဖြစ်သည်။

Photo Source https://www.facebook.com/realmeMyanmar

realme 7 တွင် 6.5-inch FullHD Screen အမျိုးအစားကိုသုံးပေးထားပြီး မျက်နှာပြင်ထိတွေ့မြန်ဆန်မှုအပိုင်း ပိုမိုမြန်ဆန်စေမည့် 90Hz Screen Refresh Rate ကိုပါထည့်သွင်းပေးထားသည်။ ပိုမိုဆန်းသစ်သော နောက်ကျော်ဘက်ဒီဇိုင်းနှင့်အတူ ထင်ရှားသည့် Quad Camera စနစ်တပ်ဆင်ပေးထားသော Camera Set-up ဒီဇိုင်းပုံစံအသစ်ကိုပါ မြင်တွေ့ရမည်ဖြစ်သည်။ အဆင့်မြှင့်တင်ပေးထားသော ဒုတိယမျိုးဆက် Sony IMX682 64MP sensor ကို အသုံးပြုပေးထားပြီး ဓာတ်ပုံရိုက်ကူးမှုအပိုင်းနှင့် video ရိုက်ကူးမှုအပိုင်းတွင် ယခင်ထက်ပိုမိုထူးခြားသော feature များကိုထိတွေ့အသုံးပြုရမည်ဖြစ်သည်။ Nightscape စနစ်ကို နောက်ဘက်ကင်မရာတွင်သာမက ရှေ့ဘက် In-Display 16MP Selfie Camera နှင့်ပါ တွဲဖက်အသုံးပြုနိုင်ဦးမည်ဖြစ်သည်။ နောက်ဘက်ဒုတိယကင်မရာအတွက် ၁၁၉ ဒီဂရီအထိ မြင်ကွင်းကျယ်ပုံများရိုက်နိုင်စေမည့် 8MP Ultra Wide-angle lens၊ အနီးကပ်အနုစိပ်ပုံများအတွက် 2MP Macro Lens နှင့် အဖြူအမဲ Bokeh ပုံများအတွက် B&W Portrait lens တို့ကိုတပ်ဆင်အသုံးပြုပေးထားသည်။ Performance အတွက် MTK Helio G95 Chipset ကိုတိုးမြှင့်အသုံးပြုပေးထားကာ Octa-core 2.05GHz အထိအလုပ်လုပ်ပေးနိုင်မည်ဖြစ်သည်။ ပိုကောင်းသည့် 5000mAh battery ကို တစ်နာရီကျော်လောက်ဖြင့် အားအပြည့်သွင်းပေးနိုင်မည့် Type-C အမျိုးအစား 30W Dart Charge အားသွင်းစနစ်ဖြင့်ပံ့ပိုးပေးထားခြင်းဖြစ်သည်။ Android 10 ကိုအခြေခံထားသည့် realme UI တွင် မြန်ဆန်သွက်လက်သည့်အတွေ့အကြုံများ ကိုထိတွေ့နိုင်စေမည်ဖြစ်သည်။ Fingerprint Security စနစ်ကို ဖုန်းဘေးဘက်တွင် Power Button နှင့်အတူ ထည့်သွင်းပေးထားသည်။
realme 7 Pro တွင် ပိုမိုမြန်ဆန်သွက်လက်သည့် အားအမြန်သွင်းစနစ်ဖြစ်သော 65W SuperDart Charge စနစ်ကိုစတင်အသုံးပြုပေးထားပြီး မြန်မာနိုင်ငံ၏လက်ရှိ Consumer Level တွင် အမြန်ဆုံးအားသွင်းစနစ်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်ကာ 4500mAh battery ကို ၃၄ မိနစ်အတွင်းမှာပင် အားအပြည့်သွင်းပေးနိုင်စေမည် ဖြစ်သည်။ ထို့အပြင် 6.4-inch FullHD မျက်နှာပြင်အတွက် Super AMOLED Screen ကိုတိုးမြှင့်အသုံးပြုပေးထားပြီး ပိုမိုကောင်းမွန်သော Dolby Atoms အသံနည်းပညာပေါင်းစပ်ထားသည့် Stereo Speakers စနစ်ကို မြှင့်တင်အသုံးပြုပေးထားခြင်းကြောင့် Multimedia ပိုင်းအသုံးပြုခြင်းအတွက် ရုပ်ထွက်ပိုင်းနှင့် အသံပိုင်းတို့တွင် အမိုက်စားအဖြစ်ခံစားရရှိနိုင်စေမည်ဖြစ်သည်။ Security ပိုင်းအတွက် Under-Display Fingerprint စနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး Always-on စနစ်ကိုပါ ထောက်ပံ့ပေးထားသည်။

Photo Source https://www.facebook.com/realmeMyanmar

နောက်ဘက်ကင်မရာပိုင်းအတွက် Quad Camera စနစ်ကိုတပ်ဆင်ပေးထားပြီး ဒုတိယမျိုးဆက် 64MP (Sony IMX682) sensor က ရုပ်ထွက်ကြည်လင်ပြတ်သားမှုအပိုင်းနှင့် ယခင် 64MP ထက်ပိုမိုတိုးတက် ကောင်းမွန်လာခဲ့သလို အလင်းရောင်နည်းပါးသည့်အခြေအနေများတွင် ရိုက်ကူးမှု များအတွက်ပါ အထူးကောင်းမွန်လာခဲ့ပြီဖြစ်သည်။ Starry Mode စနစ်ကိုလည်း ပထမဆုံးအဖြစ်ထည့်သွင်း ပေးထားသလို AI Colour Portrait စနစ်တို့ကိုပါ မိမိနှစ်သက်သလို ရိုက်ယူနိုင်စေမည်ဖြစ်သည်။ Nightscape စနစ်များကိုလည်း နောက်ဘက်ကင်မရာတွင်သာမကဘဲ ရှေ့ In-Display 32MP Selfie ကင်မရာနှင့်လည်း အလန်းဆုံးရိုက်ယူနိုင်စေမည်ဖြစ်ကာ မြန်မာပြည်ဈေးကွက်အတွက် realme ၏ ပထမဆုံး 32MP Selfie ကင်မရာစနစ်လည်းဖြစ်လာခဲ့သည်။ ပိုမိုစုံလင်ပြီး Pro ဆန်းသောကင်မရာလုပ်ဆောင်ချက်များကို realme 7 Pro တွင် အထူးခြားဆုံးအဖြစ်ပါ ထိတွေ့စမ်းသပ်အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။ နောက်ဘက် Quad Camera ဒီဇိုင်းမှာလည်း Number Series များတွင် အထူးခြားဆုံး ပုံစံအဖြစ်ဖန်တီးပေးထားခြင်းဖြစ်သည်။ 8MP Ultra Wide-angle lens၊ 2MP Macro lens နှင့် 2MP B&W Portrait lens တို့ကိုပါ မိမိနှစ်သက်သလို ရိုက်ကူးအသုံးပြုနိုင်စေမည်ဖြစ်သည်။
realme 7 Pro တွင် စွမ်းဆောင်မှုအပိုင်းတည်ငြိမ်ကောင်းမွန်သည့် Qualcomm ၏ Snapdragon 720G Chipset ကိုအသုံးပြုထားကာ Octa-core 2.3GHz အထိ အလုပ်လုပ်ပေးနိုင်မည်ဖြစ်သည်။ စွမ်းဆောင်ရည်အပိုင်းတွင် Optimization များ ပိုမိုကောင်းမွန်လာစေမည်လည်းဖြစ်ကြောင်းသိရှိရသည်။ realme 7 Pro ၏ နောက်ကျောဘက်ဒီဇိုင်းကို Anti-glare Split Design ကိုအခြေပြုဖန်တီးထားခြင်းကြောင့် မတူညီသည့် အပိုင်း၂ခု၏ ရောင်ပြန်ရောင်ပြေးပုံစံသစ်ကို Fashion ကျကျကိုင်တွယ်အသုံးပြုနိုင်စေမည်ဖြစ်သည်။ ယခုကဲ့သို့ ထူးခြားသည့် ဒီဇိုင်းကြောင့် အလေးချိန်ပိုင်းတွင် ယခင် realme 6 Pro ထက်ပိုမိုပေါ့ပါး,ပါးလွှာသော 182g နှင့် 8.7mm သာရှိစေမည်ဖြစ်သည်။